မြန်မာကွန်ပျူတာ ဖိုရမ်
မြန်မာကွန်ပျူတာဖိုရမ်မှ လှိုက်လှဲစွာကြိုဆိုပါ၏
ဖိုရမ်စာမျက်နှာ
Our poll
Rate my site
Total of answers: 170


Main » Entries archive

Web ပေါ်မှာ အပြိုင်အဆိုင် နေရာလု ဗိုလ်ကျနေတဲ့ Microsoft နဲ့ Google တို့ကို မသိမသာရော သိသိသာသာပါ ဈေးကွက် ၀င်လုနေတဲ့ Adobe က Share Beta ဆိုပြီး ဖိုင်တွေကို Online ပေါ်မှာတင် Share လုပ်ဖို့ စတင် မိတ်ဆက်လာပါတယ်။

Adobe Share

ဘယ်က နည်းပညာတွေကို ဘယ်လိုဝယ်ပြီး ယှဉ်ပြိုင်နေတာကို မသိရပေမယ့် အခု မိတ်ဆက်လာတဲ့ Adobe ရဲ့ Share Beta ဟာ File Uploading နဲ့ Downloading တွေမှာ အလွန် လျှင်မြန်တဲ့ Speed တွေနဲ့ အလုပ်လုပ်ပါတယ်။ အိုင်တီမောင်မောင် ကိုယ်တိုင် Upload လုပ်ကြည့်တဲ့ Speed အရတော့ 9 Mb ရှိတဲ့ ဖိုင်တစ်ဖိုင်ကို တစ်မိနစ်ကျော်ကျော်နဲ့ Upload လုပ်သွားပါတယ်။

Web Application တစ်ခု ဖြစ်ပေမယ့် သုံးစွဲရတဲ့ ခလုပ်တွေ button တွေဟာ အလွန်ပဲ User Friendly ဖြစ်သလို Click တစ်ချက်နှိပ်လိုက်ရင်လည်း အဆင်ပြေပြေ အလုပ်တွေ လုပ်သွားပါတယ်။ ပြောချင်တာက Web ပေါ်မှာဆိုတော့ ဘာမှန်းမသိ Session Time Out ဖြစ်သွားတာတွေ ဘာတွေ မဖြစ်ပဲ Client Side Script တွေ Ser ... Read more »

Views: 842 | Added by: yetwayhtet | Date: 05.05.2009 | Comments (0)

အိုင်တီလောက စိတ်ဝင်စားစရာအဖြစ် ဘာရေးရမလဲ စဉ်းစားရခက်လို့ ကိုယ်ဟာကိုယ်ပဲ ဆော့ဖ်ဝဲလေးတစ်ခု ရေးပြီး သတင်းလုပ်လိုက်တော့တယ်။ နာမည်လေးကတော့ GTalk Boomber ပေါ့။ အဓိကက ကိုယ်မိတ်ဆွေ GTalk Friend တွေအားလုံးကို Message ပို့ချင်တဲ့အခါ အဆင်ပြေအောင်လို့ပါ။ သူငယ်ချင်း နည်းတဲ့သူ အတွက် သိပ်မလိုအပ်ပေမယ့် သူငယ်ချင်းတွေ ရာထောင်ချီနေရင်တော့ အတော် ဒုက္ခရောက်ပါတယ်။ အိုင်တီမောင်မောင်ဆို ဖိတ်ထားတဲ မိတ်ဆွေပေါင်း ၁၀၀၀ နီးပါးရှိတာဆိုတော့….။

ကဲ အဲဒီမိတ်ဆွေတွေ အများကြီးကို Gtalk နဲ့ message ပို့ချင်ရင် တော်တော် ဒုက္ခရောက်တယ်။ ကိုယ့်ရဲ့ Gtalk မှာ Caption Message ရေးထားတော့လည်း ကိုယ်လည်း Online, သူလည်း Online ဖြစ်မှ ဖတ်လို့ရမှာ။ နောက် Gmail နဲ့ Group ဖွဲ့ပို့မယ်ဆိုတော့လည်း မေးလ်ဆိုတာ သိတဲ့အတိုင်း Click တစ ... Read more »

Views: 1007 | Added by: yetwayhtet | Date: 05.05.2009 | Comments (1)

Oracle နဲ့ Sun က မကြာခင်ရက်ပိုင်းအတွင်းက ၎င်းတို့ရဲ့သဘောတူညီမှုအကြောင်းကို ပြောဆိုခဲ့ကြပါတယ်။ Oracle က Sun ရဲ့ရှယ်ယာတစ်ခုကို ၉.၅၀ ဒေါ်လာနဲ့ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံ တန်ဖိုးလောက်အထိ ပေးချေရမှာဖြစ်ပါတယ်။
Oracle ရဲ့ဥက္ကဋ္ဌဖြစ်သူ Safra Catz က ၎င်းတို့အပေးအယူဟာ တော်သင့်မျှတပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ၀ယ်ယူဖို့အတွက် အစောပိုင်းတည်းကကမ်းလှမ်းခဲ့တာဖြစ်ပြီး IBM ကလည်းဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပါသေးတယ်။
Sun ဟာ ကမ္ဘာကျော်ကုမ္ပဏီတစ်ခုဖြစ်ပြီး Java ပရိုဂရမ်းမင်းဘာသာရပ်ဖြင့် ကျော်ကြားခဲ့တာဖြစ်ပါတယ်။ အခုလိုဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တာကတော့ Oracle ဟာ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၀ယ်ယူပြီးနောက်ပိုင်း Oracle ရဲ့ database လုပ်ငန်းနဲ့ Sun ရဲ့ Java ပရိုဂရမ်းမင်းဘာသာရပ်တို့ပေါင်းစပ်မှုကို တွေ့မြင်ကြရဦးမှာပါ။ နည်းပညာလောကရဲ့ ကြီးမားတဲ့အချိုးအကွေ့လည်း ဖြစ်လာနိုင်ပါတယ်။
Oracle ရဲ့ CEO ဖြစ်သူ Larry ကတော့ Oracle ရဲ့ Exadata machine စက်တွေမှာ hardware နဲ့ software တို့ရဲ့ ကြီးမားတဲ့ပေါင်းစပ်မှုကို တွေ့မြင်လာနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအပေးအယူကတော့ ဒီနှစ် ... Read more »
Views: 808 | Added by: yetwayhtet | Date: 05.05.2009 | Comments (0)


တမန်တော် မိုဟာမက်နှင့် ဂျီးဆက်ခရိုက် တို့ 'Faith Fighter.' ဂိမ်းတွင် တိုက်ခိုက်နေစဉ် © - foxnews

အရှိန်အ၀ါ ကြီးမားသော မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်း တခု၏ ဖိအားပေး တောင်းဆိုမှုကြောင့် Online Game တခုအား အင်တာနက်မှ ဖယ်ရှားပစ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

မောလီဒက် စာဒြီးယား အမည်ရှိ ဂိမ်းပညာရှင်တဦး ရေးဆွဲခဲ့သည့် ဂိမ်းသည် Keyboard ဖြင့် ကစားရသည့် Fighting Game အမျိုးအစား တမျိုးဖြစ်ပြီး Faith Fighter ဟု အမည် ပေးထားသည်။

ထို Game အတွင်းတွင် ပါဝင်သော တိုက်ခိုက်ရေး ပညာရှင်များမှာ - ခရစ်တော်၊ ထာဝရ ဘုရားသခင်၊ အန်းကုန်း ဘိုးတော်၊ မိုဟာမက်၊ မဟာပိန်းနဲ နတ်ဘုရား နှင့် ဗုဒ္ဓ တို့ဖြစ်ပြီး အားလုံးမှာ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ကိုးကွယ် ယုံကြည်မှု ဘာသာကြီးများ၏ အထွတ်အမြတ် ကိုးကွယ်ရာများ ဖြစ်သည်။

ထို Game သည် မွတ်ဆလင်ဘာသာ အပါအ၀င် ကမ္ဘာ့ ဘာသာတရားများကို စော်ကားခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယား အခြေစိုက် ကမ္ဘာ့ မ ... Read more »

Views: 1155 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)


onficker Virus သတိပေးနေသည့် တီဗီအစီအစဉ် တခု © fergdawg

Conficker Virus သည် တကျော့ပြန် ထိုးနှက်မှုများ ပြန်လည်ပြုလုပ် လာနေပြီဟု ကျွမ်းကျင်သူများ ကဆိုသည်။

မကြာသေးမီက Symantec အင်တာနက် လုံခြုံရေး ကုမ္ပဏီက Conficker အနေနှင့် PC များကို နှောင့်ယှက် ဖျက်ဆီးမှုများ ပြုလုပ် လာနိုင်ကြောင်း သတိပေးခဲ့ပြီး မကြာမီမှာပင် Cisco Systems Inc. က PC ကွန်ပျူတာ ပေါင်း (၁၂) သန်းခန့် ထိ Conficker ၏ ဒါဏ်ကို ခံရဖွယ်ရှိပြီး ကွန်ပျူတာ တလုံး သည် တနေ့လျှင် Spam Mail (၁၀၀၀၀) မှ (၂၀၀၀၀) အထိ ပေးပို့ခြင်း ခံရနိုင်ကြောင်း ပြောကြားလိုက်သည်။

ယခုလ အစောပိုင်းက Conficker ၏ တိုက်ခိုက်မှုကို ခံထားရသည့် ကွန်ပျူတာများတွင် အတုအယောင် Antivirus Software များ ကြော်ငြာရောင်းချမှုကို တွေ့ရှိခဲ့ကြရပြီး ထို့ထက်ပိုပြီး အန္တရာယ် ရှိလာမည့် အလားအလာများ ရှိနေကြောင်း Cisco ၏ လုံခြုံရေး သုတေသီအဖွဲ့ ခေါင်းဆောင် ပက်ထရစ် ပီတာဆန်က ပြောကြားခဲ့သည်။

... Read more »

Views: 887 | Added by: yetwayhtet | Date: 04.30.2009 | Comments (2)

ဟိုတစ်နေ့က GTalk မှာ တရုတ်က သူငယ်ချင်းနဲ့ စကားပြောဖြစ်တယ်။ သူပြောတဲ့ အချိန်မှာ ကိုယ်က အလုပ်တစ်ခု လက်စမပြတ်တော့ ချက်ခြင်း ပြန်မပြောနိုင်ဘူး၊ ကိုယ်ပြန်ပြောမယ်လုပ်တော့ သူရဲ့ GTalk Account က Idle ဖြစ်နေတယ်။ အံအားသင့်သွားတယ်၊ အခုနကပဲ ပြောနေတယ်၊ အခု ဘာမှ မကြာသေးဘူး သူက Idle ဖြစ်သွားတယ်။ ဘယ်များ ထွက်သွား ပါလိမ့်ပေါ့။ ကဲ Message တော့ ပို့ထားလိုက်မယ် ဆိုပြီး သူ့ဆီကို အကြောင်းပြန်လိုက်တယ်၊ သူက ချက်ခြင်းပဲ အကြောင်းပြန်လာတယ်၊ သူ့ Account Active ဖြစ်နေတဲ့ သဘောပေါ့။ ဒါပေမယ့် ကျွန်တော့်ဆီမှာတော့ သူ့ Account က Idle ပြနေတုန်းပဲ။ သေခြာပြီ ဒီကောင် ကူလီကူမာတော့ လုပ်ထားပြီပေါ့။ ထင်တဲ့ အတိုင်းပဲ သူကစပြောတယ် “GTalk မှာ အမြဲတမ်း Idle လုပ်ထားပြီး ညာလို့ရတယ် သိလားတဲ့။ ဒါပေမယ့် မင်းကို မပြောဘူးတဲ့၊ ဖွ’မှာစိုးလို့တဲ့၊ ဒါလေးနဲ့ လုပ်စားနေတာတဲ့၊ မပြောချင်တဲ့ သူဆိုရင် ကွန်ပျူတာရှေ့မှာ မရှိချင်ယောင် ဆောင်လို့ရတယ်တဲ့။”  ကဲ… ရဲသွေးထက်ကို ဒါမျိုးလာစမ်းတော့ ဘယ်ရ ... Read more »

Views: 1190 | Added by: yetwayhtet | Date: 04.30.2009 | Comments (1)


ပိတ်ပစ် ခံလိုက်ရသည့် Google ပိုင် နာမည်ကြီး Video Sharing ၀က်ဘ်ဆိုက် YouTube© allroadsleadtochina.com

တရုတ်နိုင်ငံသည် YouTube ဗီဒီယိုများ ပြည်တွင်းတွင် ကြည့်ရှုရန် ခွင့်မပြု တော့ကြောင်း သိရှိရသည်။ Google က တရုတ် အာဏာပိုင်များ သည် Google ပိုင် နာမည်ကြီး Video Sharing ၀က်ဘ်ဆိုက် အား ပိတ်ပစ် လိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။

ထို့အပြင် တရုတ် အစိုးရ အနေနှင့် မည်သည့် အကြောင်းပြချက်ဖြင့် ယခုလို ပိတ်ဆို့ခြင်း ဆိုသည်ကို သဘောမပေါက် ကြောင်းလည်း Google ၏ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် စကော့ရူဘင် က ၀န်ခံခဲ့သည်။ မတ်လ(၂၄)ရက်နေ့ မနက်ပိုင်းမှစပြီး YouTube ကို တရုတ်အာဏာပိုင်များက ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့ မတိုင်မီကတည်းက YouTube ကို တရုတ်နိုင်ငံမှ ၀င်ရောက် ကြည့်ရှုသူများအနေနှင့် နှေးကွေးလာမှုများ ကြုံခဲ့ရသည်။

တရုတ်နိုင်ငံရေး အကဲခတ်များကမူ မတ်လအတွင်း ကျရောက်မည့် တိဘက်ဒေသ လူ့အခွင့်အရေး ဆန္ဒပြသူများကို တရုတ် အစိုးရ က နှိမ်နင်းခဲ့သည ... Read more »

Views: 915 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)


မိုက္ကရိုဆော့(ဖ်) ကော်ပိုရေးရှင်း မှ ထုတ်လုပ်တော့မည့် ဝင်းဒိုးလ် ဆဲဗင်း  သည် ဝင်းဒိုးလ် ဗစ်စတာ တွင် ပေါ်ပေါက်ခဲ့သော ပြဿနာများ ကို အမှန်တကယ် ပြုပြင် နိုင်မည်လားဟု သုံးစွဲသူများ က သံသယ ရှိနေကြသည်။

ဝင်းဒိုးလ် ဗစ်စတာ ၏ လုံခြုံရေး အားနည်းချက်များသည် ဝင်းဒိုးလ် စနစ် ကွန်ပြူတာ သုံးစွဲသူများ အတွက် ခြောက်လှန့် နေဆဲဖြစ်ပြီး မိုက္ကရိုဆော့(ဖ်) အပေါ် ယုံကြည်မှုမှာလည်း ကျဆင်းလာခဲ့သည်။

မိုက္ကရိုဆော့(ဖ်) အနေနှင့် ဝင်းဒိုးလ် ဆဲဗင်း သည် အပြည့်ဝဆုံး လုံခြုံမှုကို ပေးစွမ်းနိုင်မည်ဟု အာမခံထားသည့်တိုင် သုံးစွဲသူအများစုက အော်ပရေးရှင်း စနစ်အသစ် အပေါ် အပြည့်အ၀ မယုံရဲဟု ဆိုသည်။

Microsoft ၏ အဆိုအရ Windows 7 သည် Vista ထက် လုံခြုံမှုပိုင်း ပိုမိုမြင့်မားရုံ မျှမက အသုံးပြုသူ အတွက် ကိုက်ညီမှုရှိအောင် အထူး စီမံထားသည့် အော်ပရေးရှင်း စနစ် ဖြစ်ကြောင်း အာမခံထားသည်။

Views: 814 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)

မေလ ၁ ရက်မှ ၃ ရက်အထိကျင်းပပြုလုပ်မည့် မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ မေ ၂၀၀၉ အား ကုမ္ပဏီပေါင်း ၇၁ ခုမှပြခန်းပေါင်း ၁၆၇ ခန်းဖြင့် စုံလင်စွာပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ပြပွဲအတွင်း ပြသမည့်ပြခန်းများအား ယခင်က A,B,C,D,E,F ဟူ၍ အခန်းပေါင်း (၁၅၀) ခန့်စီစဉ်ထားခဲ့ပြီး ယခုအခါတွင် G အဆင့်ပြခန်းများပါ ပါဝင်လာသဖြင့် ပြခန်းစုစုပေါင်းမှာ ၁၆၇ ခန်းဖြစ်သွားကြောင်းသိရှိရသည်။ ပြခန်းများအား အဆင့်လိုက် ဈေးနှုန်းသတ်မှတ်ပြီး မဲစနစ်ဖြင့်ရောင်းချပေးခဲ့သည့်ပွဲကို ဧပြီလ ၂၄ ရက် နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြပွဲအား နံနက် (၉)နာရီမှ (၅) နာရီအထိ ရန်ကုန်မြို့ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ၂၀၀၉ ခုနှစ်မေ Myanmar ICT Exhibition (May 2009) တွင် နောက်ဆုံးပေါ်ကွန်ပျူတာများ၊ Laptop များ၊ မော်နီတာများ၊ ကွန်ပျူတာနှင့် ဆက်စပ်အပိုပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ စီဒီများ၊ အိမ်သုံးလုပ်ငန်းသုံးဆော့ဖ်ဝဲများနှင့် နည်းပညာစာအုပ် ... Read more »
Views: 845 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)

Microsoft Office 2007နှင့် Microsoft Office 2003 (၂) မျိုးလုံးကို Windows တစ်ခုတည်းတွင်အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင်ပေးသည့် Office Mixer ဆော့ဖ်ဝဲထွက်ရှိလာကြောင်းသိရသည်။
Office Mixer ဆော့ဖ်ဝဲအသုံးပြုမည့်သူများအနေဖြင့် မိမိကွန်ပျူတာတွင် Office 2007 အား Install လုပ်ထားရန်လိုကြောင်း သိရသည်။
“Office Mixer“ ဆော့ဖ်ဝဲ အသုံးပြုတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ office 2007 ကို Install လုပ်ထားဖို့လိုပါတယ်။ Office 2007 Install လုပ်ပြီးသွားပြီဆိုတာနဲ့ Office Mixer ဆော့ဖ်ဝဲကို Install လုပ်ဖို့လိုအပ်ပါတယ်။ Office Mixer ကို Install လုပ်ပြီးသွားပြီဆိုရင်တော့ office 2007 မှာ Menu ဆိုတဲ့ဟာ အသစ်တစ်ခုပေါ်ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီ Menu Bar ကနေ office 2003 နဲ့ပတ်သက်တဲ့ function တွေအကုန်လုံးကို အသုံး ပြုနိုင်မှာဖြစ်ပါတယ်” ဟု Nice မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
“Office Mixer“ ဆော့ဖ်ဝဲ Install လုပ်ထားတဲ့ကွန်ပျူတာတစ်လုံးထဲမှာ office 2003 အသုံးပြုချင်တဲ့သူကလည်း အသုံးပြုလို့ရသလို office 2007 အသုံးပြုချင်တဲ့သူကလည်း အသုံးပြုလို့ရပါတယ်။ File တွေကိုအသုံးပြုပြီးသွားလို့ save  ... Read more »
Views: 777 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)

« 1 2 ... 10 11 12 13 14 ... 16 17 »


ဖိုရမ်သို့ ၀င်ရန်
ပြက္ခဒိန်
«  May 2024  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
262728293031
ရှာဖွေရန်
ကြိုဆိုပါတယ်

Statistics

Total online: 1
Guests: 1
Users: 0


Copyright မြန်မာကွန်ပျူတာ © 2024Make a free website with uCoz