Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » April » 30 » Myanmar ICT Exhibition (May 2009) အား ပြခန်းစုံလင်စွာဖြင့် ကျင်းပမည်
Myanmar ICT Exhibition (May 2009) အား ပြခန်းစုံလင်စွာဖြင့် ကျင်းပမည်
3:36 PM
မေလ ၁ ရက်မှ ၃ ရက်အထိကျင်းပပြုလုပ်မည့် မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ မေ ၂၀၀၉ အား ကုမ္ပဏီပေါင်း ၇၁ ခုမှပြခန်းပေါင်း ၁၆၇ ခန်းဖြင့် စုံလင်စွာပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ပြပွဲအတွင်း ပြသမည့်ပြခန်းများအား ယခင်က A,B,C,D,E,F ဟူ၍ အခန်းပေါင်း (၁၅၀) ခန့်စီစဉ်ထားခဲ့ပြီး ယခုအခါတွင် G အဆင့်ပြခန်းများပါ ပါဝင်လာသဖြင့် ပြခန်းစုစုပေါင်းမှာ ၁၆၇ ခန်းဖြစ်သွားကြောင်းသိရှိရသည်။ ပြခန်းများအား အဆင့်လိုက် ဈေးနှုန်းသတ်မှတ်ပြီး မဲစနစ်ဖြင့်ရောင်းချပေးခဲ့သည့်ပွဲကို ဧပြီလ ၂၄ ရက် နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြပွဲအား နံနက် (၉)နာရီမှ (၅) နာရီအထိ ရန်ကုန်မြို့ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ၂၀၀၉ ခုနှစ်မေ Myanmar ICT Exhibition (May 2009) တွင် နောက်ဆုံးပေါ်ကွန်ပျူတာများ၊ Laptop များ၊ မော်နီတာများ၊ ကွန်ပျူတာနှင့် ဆက်စပ်အပိုပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ စီဒီများ၊ အိမ်သုံးလုပ်ငန်းသုံးဆော့ဖ်ဝဲများနှင့် နည်းပညာစာအုပ်များအား စုံလင်စွာပြသွားမည်ဖြစ်ကြောင်းသိရသည်။


Views: 846 | Added by: yetwayhtet | Rating: 5.0/1 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  April 2009  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
2627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz