Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » April » 30 » MS Office Mixer ဆော့ဖ်ဝဲထွက်ရှိ
MS Office Mixer ဆော့ဖ်ဝဲထွက်ရှိ
3:34 PM
Microsoft Office 2007နှင့် Microsoft Office 2003 (၂) မျိုးလုံးကို Windows တစ်ခုတည်းတွင်အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင်ပေးသည့် Office Mixer ဆော့ဖ်ဝဲထွက်ရှိလာကြောင်းသိရသည်။
Office Mixer ဆော့ဖ်ဝဲအသုံးပြုမည့်သူများအနေဖြင့် မိမိကွန်ပျူတာတွင် Office 2007 အား Install လုပ်ထားရန်လိုကြောင်း သိရသည်။
“Office Mixer“ ဆော့ဖ်ဝဲ အသုံးပြုတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ office 2007 ကို Install လုပ်ထားဖို့လိုပါတယ်။ Office 2007 Install လုပ်ပြီးသွားပြီဆိုတာနဲ့ Office Mixer ဆော့ဖ်ဝဲကို Install လုပ်ဖို့လိုအပ်ပါတယ်။ Office Mixer ကို Install လုပ်ပြီးသွားပြီဆိုရင်တော့ office 2007 မှာ Menu ဆိုတဲ့ဟာ အသစ်တစ်ခုပေါ်ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီ Menu Bar ကနေ office 2003 နဲ့ပတ်သက်တဲ့ function တွေအကုန်လုံးကို အသုံး ပြုနိုင်မှာဖြစ်ပါတယ်” ဟု Nice မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
“Office Mixer“ ဆော့ဖ်ဝဲ Install လုပ်ထားတဲ့ကွန်ပျူတာတစ်လုံးထဲမှာ office 2003 အသုံးပြုချင်တဲ့သူကလည်း အသုံးပြုလို့ရသလို office 2007 အသုံးပြုချင်တဲ့သူကလည်း အသုံးပြုလို့ရပါတယ်။ File တွေကိုအသုံးပြုပြီးသွားလို့ save  လုပ်တဲ့အခါမှာ တခြားသူတွေအသုံးပြုလို့မရအောင် Password တွေပေးပြီးသိမ်းဆည်းလို့ရပါတယ်။ လက်ရှိမှာဖြစ်ပေါ်နေတဲ့ပြဿနာက office 2007 နဲ့ပြုလုပ်ထားတဲ့ဖိုင်တွေကို office 2003 မှာ ပြန်ဖွင့်လို့မရတဲ့ပြဿနာပါ။ Office 2003 နဲ့ပြုလုပ်ထားတဲ့ file တွေကတော့ Office 2007 မှာ အလွယ်တကူအသုံးပြုလို့ရပါတယ်” ဟု ၎င်းမှထပ်မံပြောကြားခဲ့သည်။
Office Mixer ဆော့ဖ်ဝဲအား ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် ဆိပ်ကမ်းသာလမ်းရှိ Nice ကွန်ပျူတာအရောင်းဆိုင်တွင် (၃၀၀၀) ကျပ်ဖြင့်ဝယ်ယူအသုံးပြုနိုင်ကြောင်း  သိရသည်။


( ၂၉-၄-၀၉ ရက်နေ့ထုတ် အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြပါသည်)
Views: 778 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  April 2009  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
2627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz