Myanmar Computer Org
Sunday, 04.28.2024, 6:44 AM
Welcome
Guest
|
RSS
Main
|
Registration
|
Login
Site menu
မူလစာမျက်နှာ
မှတ်ဖွယ်မှတ်ရာ
ဖိုင်ကဒ်တလောက်
အွန်လိုင်းChattihg
ဘလော့
ဖိုရမ်
ဓါတ်ပုံမှတ်တမ်း
ဧည့်မှတ်တမ်း
ဆက်သွယ်လိုလျှင်
Site Catalog
Our poll
Rate my site
Excellent
Good
Not bad
Bad
Awful
Results
|
Polls archive
Total of answers:
170
Main
»
2009
»
May
»
5
» Sun Microsystems အား Oracle မှ ၀ယ်ယူတော့မည်
Sun Microsystems အား Oracle မှ ၀ယ်ယူတော့မည်
7:57 AM
Oracle နဲ့ Sun က မကြာခင်ရက်ပိုင်းအတွင်းက ၎င်းတို့ရဲ့သဘောတူညီမှုအကြောင်းကို ပြောဆိုခဲ့ကြပါတယ်။ Oracle က Sun ရဲ့ရှယ်ယာတစ်ခုကို ၉.၅၀ ဒေါ်လာနဲ့ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံ တန်ဖိုးလောက်အထိ ပေးချေရမှာဖြစ်ပါတယ်။
Oracle ရဲ့ဥက္ကဋ္ဌဖြစ်သူ Safra Catz က ၎င်းတို့အပေးအယူဟာ တော်သင့်မျှတပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ၀ယ်ယူဖို့အတွက် အစောပိုင်းတည်းကကမ်းလှမ်းခဲ့တာဖြစ်ပြီး IBM ကလည်းဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပါသေးတယ်။
Sun ဟာ ကမ္ဘာကျော်ကုမ္ပဏီတစ်ခုဖြစ်ပြီး Java ပရိုဂရမ်းမင်းဘာသာရပ်ဖြင့် ကျော်ကြားခဲ့တာဖြစ်ပါတယ်။ အခုလိုဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တာကတော့ Oracle ဟာ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၀ယ်ယူပြီးနောက်ပိုင်း Oracle ရဲ့ database လုပ်ငန်းနဲ့ Sun ရဲ့ Java ပရိုဂရမ်းမင်းဘာသာရပ်တို့ပေါင်းစပ်မှုကို တွေ့မြင်ကြရဦးမှာပါ။ နည်းပညာလောကရဲ့ ကြီးမားတဲ့အချိုးအကွေ့လည်း ဖြစ်လာနိုင်ပါတယ်။
Oracle ရဲ့ CEO ဖြစ်သူ Larry ကတော့ Oracle ရဲ့ Exadata machine စက်တွေမှာ hardware နဲ့ software တို့ရဲ့ ကြီးမားတဲ့ပေါင်းစပ်မှုကို တွေ့မြင်လာနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအပေးအယူကတော့ ဒီနှစ်နွေရာသီမှာပဲ အဆုံးသတ်သွားလိမ့်မယ်လို့ အများစုကယူဆနေကြပါတယ်။ Sun ရဲ့စတော့ပ်ဝေစုကို ပိုင်ဆိုင်နေသူတွေကရော၊ နည်းပညာလောကသားတွေကပါ စိတ်ဝင်စားနေတဲ့အကြောင်းအရာဖြစ်နေပါတယ်။ IBM ကလဲ Sun ကို ၀ယ်ယူချင်နေတုန်းပါပဲ။ ဒီအချိုးအကွေ့ကိုတော့ စောင့်ကြည့်နေရဦးမှာပါပဲ။
(အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။)
Views: 806 | Added by:
yetwayhtet
| Rating: 0.0/0 |
- Rate -
Excellent
Good
Not bad
Bad
Awful
Total comments:
0
Only registered users can add comments.
[
Registration
|
Login
]
Login form
News calendar
«
May 2009
»
Su
Mo
Tu
We
Th
Fr
Sa
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
Search
Site friends
Create your own site
Statistics
Total online:
1
Guests:
1
Users:
0
Copyright MyCorp © 2024
Make a
free website
with
uCoz