တမန်တော် မိုဟာမက်နှင့် ဂျီးဆက်ခရိုက် တို့ 'Faith Fighter.' ဂိမ်းတွင် တိုက်ခိုက်နေစဉ် © - foxnews
အရှိန်အ၀ါ ကြီးမားသော မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်း
တခု၏ ဖိအားပေး တောင်းဆိုမှုကြောင့် Online Game တခုအား အင်တာနက်မှ
ဖယ်ရှားပစ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
မောလီဒက် စာဒြီးယား အမည်ရှိ ဂိမ်းပညာရှင်တဦး
ရေးဆွဲခဲ့သည့် ဂိမ်းသည် Keyboard ဖြင့် ကစားရသည့် Fighting Game
အမျိုးအစား တမျိုးဖြစ်ပြီး Faith Fighter ဟု အမည် ပေးထားသည်။
ထို Game အတွင်းတွင် ပါဝင်သော တိုက်ခိုက်ရေး
ပညာရှင်များမှာ - ခရစ်တော်၊ ထာဝရ ဘုရားသခင်၊ အန်းကုန်း ဘိုးတော်၊
မိုဟာမက်၊ မဟာပိန်းနဲ နတ်ဘုရား နှင့် ဗုဒ္ဓ တို့ဖြစ်ပြီး အားလုံးမှာ
ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ကိုးကွယ် ယုံကြည်မှု ဘာသာကြီးများ၏ အထွတ်အမြတ်
ကိုးကွယ်ရာများ ဖြစ်သည်။
ထို Game သည် မွတ်ဆလင်ဘာသာ အပါအ၀င် ကမ္ဘာ့
ဘာသာတရားများကို စော်ကားခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယား အခြေစိုက် ကမ္ဘာ့
မွတ်ဆလင် အစည်းအရုံးက အပြင်းအထန် ရှုတ်ချပြီး အင်တာနက်မှ ပိတ်ပင်ရန်
အကြီးအကျယ် တောင်းဆို ခဲ့ပြီးနောက် ဧပြီလ (၂၈) ရက်နေ့က Faith Figter အား
Online မှ ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။
|