Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » April » 30 » YouTube ကို တရုတ်နိုင်ငံတွင် ပိတ်ပင်လိုက်
YouTube ကို တရုတ်နိုင်ငံတွင် ပိတ်ပင်လိုက်
3:45 PM


ပိတ်ပစ် ခံလိုက်ရသည့် Google ပိုင် နာမည်ကြီး Video Sharing ၀က်ဘ်ဆိုက် YouTube© allroadsleadtochina.com

တရုတ်နိုင်ငံသည် YouTube ဗီဒီယိုများ ပြည်တွင်းတွင် ကြည့်ရှုရန် ခွင့်မပြု တော့ကြောင်း သိရှိရသည်။ Google က တရုတ် အာဏာပိုင်များ သည် Google ပိုင် နာမည်ကြီး Video Sharing ၀က်ဘ်ဆိုက် အား ပိတ်ပစ် လိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။

ထို့အပြင် တရုတ် အစိုးရ အနေနှင့် မည်သည့် အကြောင်းပြချက်ဖြင့် ယခုလို ပိတ်ဆို့ခြင်း ဆိုသည်ကို သဘောမပေါက် ကြောင်းလည်း Google ၏ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် စကော့ရူဘင် က ၀န်ခံခဲ့သည်။ မတ်လ(၂၄)ရက်နေ့ မနက်ပိုင်းမှစပြီး YouTube ကို တရုတ်အာဏာပိုင်များက ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့ မတိုင်မီကတည်းက YouTube ကို တရုတ်နိုင်ငံမှ ၀င်ရောက် ကြည့်ရှုသူများအနေနှင့် နှေးကွေးလာမှုများ ကြုံခဲ့ရသည်။

တရုတ်နိုင်ငံရေး အကဲခတ်များကမူ မတ်လအတွင်း ကျရောက်မည့် တိဘက်ဒေသ လူ့အခွင့်အရေး ဆန္ဒပြသူများကို တရုတ် အစိုးရ က နှိမ်နင်းခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ တွင် ထိုအချိန်က ရိုက်ကူးခဲ့သည့် ဗီဒီယို File များကို YouTube တွင် ပြန်တင်မည်ကို စိုးရိမ်သဖြင့် ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။ Google ကမူ ၎င်းတို့၏ Service ကို တရုတ်ပြည်သူများ ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်နေကြောင်း ကြေညာထားသည်။

Views: 916 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  April 2009  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
2627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz