Web ပေါ်မှာ အပြိုင်အဆိုင် နေရာလု ဗိုလ်ကျနေတဲ့
Microsoft နဲ့ Google တို့ကို မသိမသာရော သိသိသာသာပါ ဈေးကွက် ၀င်လုနေတဲ့
Adobe က Share Beta ဆိုပြီး ဖိုင်တွေကို Online ပေါ်မှာတင် Share လုပ်ဖို့
စတင် မိတ်ဆက်လာပါတယ်။
ဘယ်က
နည်းပညာတွေကို ဘယ်လိုဝယ်ပြီး ယှဉ်ပြိုင်နေတာကို မသိရပေမယ့် အခု
မိတ်ဆက်လာတဲ့ Adobe ရဲ့ Share Beta ဟာ File Uploading နဲ့ Downloading
တွေမှာ အလွန် လျှင်မြန်တဲ့ Speed တွေနဲ့ အလုပ်လုပ်ပါတယ်။
အိုင်တီမောင်မောင် ကိုယ်တိုင် Upload လုပ်ကြည့်တဲ့ Speed အရတော့ 9 Mb
ရှိတဲ့ ဖိုင်တစ်ဖိုင်ကို တစ်မိနစ်ကျော်ကျော်နဲ့ Upload လုပ်သွားပါတယ်။
Web
Application တစ်ခု ဖြစ်ပေမယ့် သုံးစွဲရတဲ့ ခလုပ်တွေ button တွေဟာ အလွန်ပဲ
User Friendly ဖြစ်သလို Click တစ်ချက်နှိပ်လိုက်ရင်လည်း အဆင်ပြေပြေ
အလုပ်တွေ လုပ်သွားပါတယ်။ ပြောချင်တာက Web ပေါ်မှာဆိုတော့ ဘာမှန်းမသိ
Session Time Out ဖြစ်သွားတာတွေ ဘာတွေ မဖြစ်ပဲ Client Side Script တွေ
Server Side Script တွေ အရမ်းကောင်းနေတဲ့ သဘောပေါ့။
ပထမဆုံး Adobe Share Beta ကို သုံးဖို့ http://share.adobe.com/
ကို ၀င်ပြီး Register လုပ်ဖို့ လိုပါတယ်။ ထုံးစံအတိုင်း ကိုယ်ရဲ့ email,
password, First Name, Last Name တွေ ပေးလိုက်ရင် Confirm mail တစ်စောင်
ကိုယ်ရဲ့ email ထဲကို Adobe က ပြန်ပို့ပေးလိမ့်မယ်။ အဲဒါကို ဖွင့်ပြီး
သူပေးထားတဲ့ Link အတိုင်း confirm လုပ်လိုက်တာနဲ့ စသုံးလို့ ရပါပြီ။
အခုအချိန်မှာတော့ Adobe က Share Beta လို့ ပြောထားပြီး 1G Free ပေးထားတော့ ဘယ်အချိန်မှာ ဘယ်လောက်အထိ တိုးပေးလာမလဲဆိုတာ မသိပါဘူး။
သုံးစွဲပုံ သုံးစွဲနည်းကတော့ Login ၀င်ပြီးတာနဲ့ ကိုယ်ရဲ့ ကွန်ပျူတာထဲက Upload လုပ်ချင်တဲ့ File တွေကို Browse My Computer... ဆိုတဲ့ ခလုပ်လေး နှိပ်ပြီး ရွေးခြယ် နိုင်ပါတယ်။ ပြီးရင် ညာဘက်မှာရှိတဲ့ Share ဆိုတဲ့
ခလုပ်လေး နှိပ်ပြီး Upload လုပ်လိုက်ရုံ ပါပဲ။ Upload မလုပ်ခင်မှာ Open
Access နဲ့ Limited Access ဆိုပြီး ကိုယ်ရဲ့ ဖိုင်ကို လူတိုင်းကို Share
လုပ်မလုပ် ရွေးခဲ့လို့ ရပါသေးတယ်။
Upload လုပ်ပြီးရင်တော့ ကိုယ် Share လုပ်ချင်တဲ့ သူဆီကို Share With ဆိုတဲ့ ခလုပ်လေး နှိပ်ပြီး ကိုယ် Share ပေးချင်တဲ့ သူရဲ့ eMail ဆီကို ပေးလို့ ရပြီပေါ့။
တော်တော်ကို
ကောင်းပါတယ်။ အိုင်တီမောင်မောင်တော့ ကိုယ်တိုင် သုံးကြည့်ပြီး သဘောကျ
လွန်းတာနဲ့ အားလုံးကို ပြန်ပြီး Share လုပ်လိုက်တာပါ။ Adobe Share နဲ့
ယှဉ်လိုက်တော့ အရင်တစ်ပတ်ကရေးတဲ့ ElephantDrive က မကောင်းတော့ပါဘူး။
|