မေလ ၁ ရက်မှ ၃ ရက်အထိကျင်းပပြုလုပ်မည့် မြန်မာ့သတင်းအချက်အလက်နှင့်
ဆက်သွယ်ရေးနည်းပညာပြပွဲ မေ ၂၀၀၉ အား ကုမ္ပဏီပေါင်း ၇၁ ခုမှပြခန်းပေါင်း ၁၆၇
ခန်းဖြင့် စုံလင်စွာပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ပြပွဲအတွင်း ပြသမည့်ပြခန်းများအား ယခင်က A,B,C,D,E,F ဟူ၍ အခန်းပေါင်း
(၁၅၀) ခန့်စီစဉ်ထားခဲ့ပြီး ယခုအခါတွင် G အဆင့်ပြခန်းများပါ ပါဝင်လာသဖြင့်
ပြခန်းစုစုပေါင်းမှာ ၁၆၇ ခန်းဖြစ်သွားကြောင်းသိရှိရသည်။ ပြခန်းများအား
အဆင့်လိုက် ဈေးနှုန်းသတ်မှတ်ပြီး မဲစနစ်ဖြင့်ရောင်းချပေးခဲ့သည့်ပွဲကို
ဧပြီလ ၂၄ ရက် နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြပွဲအား
နံနက် (၉)နာရီမှ (၅) နာရီအထိ ရန်ကုန်မြို့ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌
၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့သတင်းအချက်အလက်နှင့်
ဆက်သွယ်ရေးနည်းပညာပြပွဲ ၂၀၀၉ ခုနှစ်မေ Myanmar ICT Exhibition (May 2009)
တွင် နောက်ဆုံးပေါ်ကွန်ပျူတာများ၊ Laptop များ၊ မော်နီတာများ၊
ကွန်ပျူတာနှင့် ဆက်စပ်အပိုပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊
မိုဘိုင်းဖုန်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ စီဒီများ၊
အိမ်သုံးလုပ်ငန်းသုံးဆော့ဖ်ဝဲများနှင့် နည်းပညာစာအုပ်
...
Read more »