မြန်မာကွန်ပျူတာ ဖိုရမ်
မြန်မာကွန်ပျူတာဖိုရမ်မှ လှိုက်လှဲစွာကြိုဆိုပါ၏
ဖိုရမ်စာမျက်နှာ
Our poll
Rate my site
Total of answers: 170


Main » 2009 » June » 06

MNL ပွဲစဉ်များစတင် နေသကဲ့ မြန်မာနေရှင်နယ်လိလ် Web Site ကို စတင်လိုက်ပါပြီ။
၎င်းတွင် နေ့စဉ် ပွဲများအားဖော်ပြထားပြီး Live ကြည့်နိုင်အောင်ကြိုးပမ်းနေကြောင်း ယခု
တွင် ဂိုးသွင်းကောင်းကွက်များသာ ကြည့်နိုင်အောင် စီစဉ်ထားပါသည်။
KBZအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း များမှလည်း ၄င်းတို့ အသင်းကိုယ်ပိုင်
Web Site များအား ဖွင့်လှစ်ထားရှိကြောင်း သိရပါသည်။
လိပ်စာကတော့ www.myanmarnationalleague.com

Views: 1308 | Added by: yetwayhtet | Date: 06.06.2009 | Comments (0)

Data Record တစ်ခုဟာ အမြဲတမ်း Leader နဲ့ စတယ်။ သူက စာလုံးပေါင်း ၂၄လုံး နေရာယူတယ်။ Leader ရဲ့နောက်က Directory ဆိုတာ တဆက်တည်း ပါလာမယ်။ Directory က နောက်ကပါလာမယ့် Variable Fields တွေရဲ့ နေရာကို ညွှန်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်တယ်။ Directory ဟာ သုညကနေ ၁၁အထိ စာလုံး ၁၂လုံး နေရာယူထားတယ်။ ပထမ သုံးလုံးက သက်ဆိုင်ရာ Tag ကို ကိုယ်စားပြုတယ်။ ဒုတိယ ၄လုံးက အဲဒီ Field မှာ ထည့်သွင်းမယ့် ဒေတာရဲ့ ပမာဏကို ဖော်ပြတယ်။ တတိယ ၅လုံးက အဲဒီ ဒေတာရဲ့ နေရာကို ဖော်ပြတယ်။ Directory ရဲ့နောက်မှာ Variable Fields တွေ ရှိတယ်။ သူ့မှာ Variable Control Fields နဲ့ Variable Data Fields ဆိုပြီး နှစ်ပိုင်း ရှိတယ်။ VCF က 001-008 အထိ ဂဏန်းသုံးလုံးနဲ့ အမျိုးအစား ခွဲခြားထားတယ်။ VCF မှာ Indicator တွေ Subfield Codes တွေ မရှိဘူး။ VDF မှာတော့ 010-08X အထိ Number and Code Fields နဲ့ Classification and Call No. Fields ဆိုပြီးတော့ သက်ဆိုင်ရာ အချက်အလက်တွေကို သိုမှီးတယ်။ VDF မှာတော့ Indicators တွေ Subfield Codes တွေ ရှိတယ်။ အဲဒီရဲ့ နောက်မှာတော့ အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ Heading Field ပါလာပါတယ်။ သူက 100 ကနေ 887 အထိ ပုံစံအမျိုးမျိုး ခွဲခြားထ ... Read more »
Views: 799 | Added by: yetwayhtet | Date: 06.06.2009 | Comments (0)



ရေးမယ်လုပ်တိုင်း လိုင်းကမကောင်း တခါတလေဆို google page တောင်မတက်ပါ၊gtalk ဆိုရင် ၀င်လိုက် ထွက်လိုက်တစ်ချို့ဆိုက်တွေဆိုရင်တစ်ခါဝင်ဖို့ အရေးထမင်းစားပြန်လာတာတောင် မတက်ဘူးဖြစ်နေတယ် ကျွန်တော်ပိုပြောတယ်လို့စာဖတ်သူထင်ကောင်းထင်လိမ့်မယ်၊ ပြီးခဲ့တဲ့လက ကျွန်တော်သားမွေးနေ့မှာ အမှတ်တရရိုက်ထားတဲ့ ပုံတွေကို ပို့ပေးမယ်လို့ ပြည်ပရောက်နေတဲ့ ဦးလေးကို gtalkကနေတစ်ဆင့် ရေးသားအသိ ပေးလိုက်တယ်။အခုပို့မယ်ပေါ့ မရ မနက်ဖြန်ပို့မယ်မရညသန်းခေါင်လောက်မှပို့ကြည့်အုံးမယ်မရ ကျွန်တော် ဦးလေးကလည်း တူရဲ့သားသူ့မြေးပုံတွေကိုကြည့်ချင်နေတာ gtalk မှာတွေ့တိုင်း ပုံတွေပို့ပြီးပြီလား ပိုတော့လေကွာ ဘာလုပ်နေတာလဲ မေးခွန်းထုတ်နေပြီ ကျွန်တော်ကတော့ လိုင်းမကောင်းလို့ပါ ဘာညာအကြောင်းပြရတာပေါ့။ဦလေးကကျွန်တော်နဲ့ စကားပြောချင်တယ် သူခေါ်ခေါ်ကျွန်တော်ခေါ်ခေါ် လိုင်းတစ် တိုင်တောင်မတက်ဘူးဖြစ် နေတယ် စိတ်ပျက်တယ်ဗျာ ပြင်တဲ့ရက်ကနေစလို့ ယနေ့ထိကို စိတ်ချမ်းသာကိုယ်ချမ်းသာ မသုံးရသေးဘူး ဘလော့(ဂ်)မရေးဖြစ်တာလိုင်းနှေးတာကြောင့်နဲ့လည်းဆိုင်တယ်။ ကိုယ့်ရဲ့အင်တာနက်လိုင်းကိုကမကောင်း ... Read more »
Views: 1120 | Added by: yetwayhtet | Date: 06.06.2009 | Comments (0)



ဖိုရမ်သို့ ၀င်ရန်
ပြက္ခဒိန်
«  June 2009  »
SuMoTuWeThFrSa
 123456
78910111213
14151617181920
21222324252627
282930
ရှာဖွေရန်
ကြိုဆိုပါတယ်

Statistics

Total online: 1
Guests: 1
Users: 0


Copyright မြန်မာကွန်ပျူတာ © 2024Make a free website with uCoz