Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » June » 6 » File Flyer ကိုအားကိုးရတော့မယ်။
File Flyer ကိုအားကိုးရတော့မယ်။
8:15 AM


ရေးမယ်လုပ်တိုင်း လိုင်းကမကောင်း တခါတလေဆို google page တောင်မတက်ပါ၊gtalk ဆိုရင် ၀င်လိုက် ထွက်လိုက်တစ်ချို့ဆိုက်တွေဆိုရင်တစ်ခါဝင်ဖို့ အရေးထမင်းစားပြန်လာတာတောင် မတက်ဘူးဖြစ်နေတယ် ကျွန်တော်ပိုပြောတယ်လို့စာဖတ်သူထင်ကောင်းထင်လိမ့်မယ်၊ ပြီးခဲ့တဲ့လက ကျွန်တော်သားမွေးနေ့မှာ အမှတ်တရရိုက်ထားတဲ့ ပုံတွေကို ပို့ပေးမယ်လို့ ပြည်ပရောက်နေတဲ့ ဦးလေးကို gtalkကနေတစ်ဆင့် ရေးသားအသိ ပေးလိုက်တယ်။အခုပို့မယ်ပေါ့ မရ မနက်ဖြန်ပို့မယ်မရညသန်းခေါင်လောက်မှပို့ကြည့်အုံးမယ်မရ ကျွန်တော် ဦးလေးကလည်း တူရဲ့သားသူ့မြေးပုံတွေကိုကြည့်ချင်နေတာ gtalk မှာတွေ့တိုင်း ပုံတွေပို့ပြီးပြီလား ပိုတော့လေကွာ ဘာလုပ်နေတာလဲ မေးခွန်းထုတ်နေပြီ ကျွန်တော်ကတော့ လိုင်းမကောင်းလို့ပါ ဘာညာအကြောင်းပြရတာပေါ့။ဦလေးကကျွန်တော်နဲ့ စကားပြောချင်တယ် သူခေါ်ခေါ်ကျွန်တော်ခေါ်ခေါ် လိုင်းတစ် တိုင်တောင်မတက်ဘူးဖြစ် နေတယ် စိတ်ပျက်တယ်ဗျာ ပြင်တဲ့ရက်ကနေစလို့ ယနေ့ထိကို စိတ်ချမ်းသာကိုယ်ချမ်းသာ မသုံးရသေးဘူး ဘလော့(ဂ်)မရေးဖြစ်တာလိုင်းနှေးတာကြောင့်နဲ့လည်းဆိုင်တယ်။ ကိုယ့်ရဲ့အင်တာနက်လိုင်းကိုကမကောင်းတာလည်းပါတယ် ရင်ထဲမှာတင်းကျပ်လာလို့ ထွက်လာတဲ့စကားလုံးလေးတွေပါ Technology is everything Possible ပါ။ ဒီတွင်းမရရင် နောက်တစ်ကျွင်းပေါ့ ကျွန်တော်လို အမှတ်တရပုံပို့ဖို့ အခက်အခဲကြုံနေသူတွေအတွက်ဆိုက်ကောင်း လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ်။ ဘာမှ Register လုပ်စရာမလိုပါ ရှုးဒိုင်းပဲ။ လိပ်စာက www.FileFlyer.com ပါ
လွယ်တယ်မြန်တယ် ကျွန်တော်သုံးကြည့်တာ တော်တော်အဆင်ပြေပါတယ်။ ကဲ စမ်းသုံးမနေနဲ့ တခါတည်းသာ အတည်ရွေးချယ်အသုံးပြုလိုက်ပါ။

(ကိုကျော်စိုးနည်းပညာမှ ရပါသည်။)
Views: 1123 | Added by: yetwayhtet | Rating: 4.0/1 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  June 2009  »
SuMoTuWeThFrSa
 123456
78910111213
14151617181920
21222324252627
282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz