မြန်မာကွန်ပျူတာ ဖိုရမ်
မြန်မာကွန်ပျူတာဖိုရမ်မှ လှိုက်လှဲစွာကြိုဆိုပါ၏
ဖိုရမ်စာမျက်နှာ
Our poll
Rate my site
Total of answers: 170


Main » 2009 » June » 04
Sun Java စာမေးပွဲဖြေဆိုသူများအနေဖြင့် Sun Microsystem Java Exam များကို ၂၀၀၉ ခုနှစ် မေလမှစတင်ကာ ပြန်လည်ဖြေဆိုနိုင်ပြီဖြစ်ကြောင်း အွန်လိုင်းစာဖြေဌာနတစ်ခုဖြစ်သော GlobalNet မှသိရသည်။
စာမေးပွဲဖြေဆိုမည့်သူများသည် မိမိတို့ကိုယ်တိုင် mysun.sun.com တွင်မိမိဖြေဆိုမည့် Sun Exam အတွက် My Sun ID ကို ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
၎င်း ID ရရှိပြီဆိုပါက မိမိဖြေဆိုမည့် Exam Center တွင် စာမေးပွဲကြေးပေးသွင်းကာဖြေဆိုနိုင်ပြီး Exam Fees မှာ USD-300 ဖြစ်ကြောင်းသိရသည်။
Sun Microsystems Java Exam များကို ၂၀၀၈ ခုနှစ်စတင်၍ ဖြေဆိုခွင့်ရပ်ဆိုင်းထားခဲ့ရာမှ ယခု ၂၀၀၉ ခုနှစ် မေလမှစတင်ကာ ပြန်လည်ဖြေဆိုခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။ Sun Microsystems Java Exam  များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက GlobalNet အဆောင်(၇)၊ အခန်း (၃)၊ မြန်မာအင်ဖိုတက်၊ ဖုန်း-၆၅၂၃၂၄၊ ၆၅၂၂၃၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။
Views: 752 | Added by: yetwayhtet | Date: 06.04.2009 | Comments (0)



ဖိုရမ်သို့ ၀င်ရန်
ပြက္ခဒိန်
«  June 2009  »
SuMoTuWeThFrSa
 123456
78910111213
14151617181920
21222324252627
282930
ရှာဖွေရန်
ကြိုဆိုပါတယ်

Statistics

Total online: 1
Guests: 1
Users: 0


Copyright မြန်မာကွန်ပျူတာ © 2024Make a free website with uCoz