Oracle နဲ့ Sun က မကြာခင်ရက်ပိုင်းအတွင်းက ၎င်းတို့ရဲ့သဘောတူညီမှုအကြောင်းကို
ပြောဆိုခဲ့ကြပါတယ်။ Oracle က Sun ရဲ့ရှယ်ယာတစ်ခုကို ၉.၅၀
ဒေါ်လာနဲ့ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံ
တန်ဖိုးလောက်အထိ ပေးချေရမှာဖြစ်ပါတယ်။
Oracle ရဲ့ဥက္ကဋ္ဌဖြစ်သူ Safra Catz က ၎င်းတို့အပေးအယူဟာ တော်သင့်မျှတပါတယ်လို့
ပြောဆိုခဲ့ပါတယ်။ ၀ယ်ယူဖို့အတွက် အစောပိုင်းတည်းကကမ်းလှမ်းခဲ့တာဖြစ်ပြီး
IBM ကလည်းဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့ပါသေးတယ်။
Sun
ဟာ ကမ္ဘာကျော်ကုမ္ပဏီတစ်ခုဖြစ်ပြီး Java ပရိုဂရမ်းမင်းဘာသာရပ်ဖြင့်
ကျော်ကြားခဲ့တာဖြစ်ပါတယ်။ အခုလိုဝယ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တာကတော့
Oracle ဟာ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဝယ်ယူပြီးနောက်ပိုင်း Oracle ရဲ့ database လုပ်ငန်းနဲ့ Sun ရဲ့ Java
ပရိုဂရမ်းမင်းဘာသာရပ်တို့ပေါင်းစပ်မှုကို တွေ့မြင်ကြရဦးမှာပါ။
နည်းပညာလောကရဲ့ ကြီးမားတဲ့အချိုးအကွေ့လည်း ဖြစ်လာနိုင်ပါတယ်။
Oracle
ရဲ့ CEO ဖြစ်သူ Larry ကတော့ Oracle ရဲ့ Exadata machine စက်တွေမှာ
hardware နဲ့ software တို့ရဲ့ ကြီးမားတဲ့ပေါင်းစပ်မှုကို
တွေ့မြင်လာနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအပေးအယူကတော့
ဒီနှစ်
...
Read more »