မြန်မာကွန်ပျူတာ ဖိုရမ်
မြန်မာကွန်ပျူတာဖိုရမ်မှ လှိုက်လှဲစွာကြိုဆိုပါ၏
ဖိုရမ်စာမျက်နှာ
Our poll
Rate my site
Total of answers: 170


Main » 2009 » December » 28
အွန်လိုင်း scammer များဟာ လူအများစိတ်ဝင်တစားအသုံးပြုနေတဲ့ Google Doodle မှတဆင့် malware များပျံ့နှံ့အောင်ပြုလုပ်နေကြကြောင်း လုံခြုံရေးကုမ္ပဏီတွေကပြောကြားလိုက်ပါတယ်။
Scammer တွေဟာ SEO poisoning လို့ခေါ်တဲ့ search engine ကိုအသုံးပြု၍ malware များကိုဖြန့်ဝေခြင်းဖြစ်ပါတယ်။ ၎င်းတို့ဟာ အထူးပြုလုပ်ထားတဲ့ malware များကို ၀က်ဘ်ဆိုက်များအတွင်းထည့်သွင်းခြင်း ဒါမှမဟုတ် ၀က်ဘ်ဆိုက်များအတွင်း ပုံးကွယ်ထားခြင်း စသည်ဖြင့် နာမည်ကျော်ရှာဖွေရေးရလဒ်များနှင့်ချိတ်ဆက်ကာ ဖြန့်ဝေခြင်းဖြစ်ပါတယ်။
ယေဘုယျအားဖြင့် scammer တွေဟာ လူတုပ်ကွေး၊ မိုက်ကယ်ဂျက်ဆင်သေဆုံးခြင်း စတဲ့ ရှာဖွေရေးရလဒ်များကို ပစ်မှတ်ထားတိုက်ခိုက်ကြခြင်းဖြစ်ပေမယ့် ယခုအခါမှာတော့ Google Doddle တို့လို လူအများစိတ်ဝင်စားတဲ့နေရာများတွင် တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။
Barracuda Networks မှ သုတေသီတစ်ဦးရဲ့အဆိုအရ ရလဒ် ၁၀၀ တွင် အန္တရာယ်ရှိတဲ့ဝက်ဘ်ဆိုက် ၃၁ ခုဖော်ပြပေးတယ်လို့သိရပါတယ်။ ဒါပေမဲ့ Google အနေဖြင့် ရှာဖွေရေးရလဒ်များတွင် အန္တ ... Read more »
Views: 811 | Added by: yetwayhtet | Date: 12.28.2009 | Comments (0)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက Blu-ray Disc Association ဟာ PlayStation 3 မှာအသုံးပြုနိုင်မယ့် 3D Disc နဲ့ပတ်သက်တဲ့အချက်အလက်များကို အပြီးသတ်လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အဆိုပါ format ဟာ LCD နဲ့ Plasma အပါအ၀င် မည်သည့် 3D တယ်လီဗေးရှင်းများတွင်မဆို အသုံးပြုနိုင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကလည်း LG Electronics Inc. ဟာလာမယ့်နှစ်အတွင်း 3D တယ်လီဗေးရှင်း ၄၀၀,၀၀၀ ကိုတင်ပို့ရောင်းချမှာဖြစ်ပြီး ၂၀၁၁ မှာတော့ ၃.၄ သန်းအထိ တင်ပို့ရောင်းချမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် 3D တယ်လီဗေးရှင်းဈေးကွက်ဟာ လာမယ့် ၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံအထိရှိလာနိုင်ပြီး ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံအထိရှိလာနိုင်ကြောင်း ဈေးကွက်သုတေသနအဖွဲ့ဖြစ်တဲ့ Display Search မှပြောကြားခဲ့ပါတယ်။
3D Blu-ray player တွေဟာ ၁၀၈၀p ပုံရိပ်များကိုဖော်ပြပေးနိုင်ပြီး အဆိုပါ 3D ကိုကြည့်ရှုဖို့အတွက် အထူးပြုလုပ်ထားတဲ့ မျက်မှန်လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Blu-ray 3D ဟာ PS3 ဂိမ်းစက်များတွင်လည်း အသုံးပြုနိုင်မှာဖြစ်သလို 2D disc များကိုအသုံးပြုနိုင်တဲ့ 3D player များနှင် ... Read more »
Views: 781 | Added by: yetwayhtet | Date: 12.28.2009 | Comments (0)

ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ ကြီးမှူးကျင်းပသော The 8th MYANMAR ICT WEEK 2009 အိုင်စီတီပြပွဲတွင် ပြည်တွင်းပြည်ပနည်းပညာကုမ္ပဏီပေါင်း ၅၀ ကျော်မှ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲအား ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ရတနာပုံဆိုက်ဘာဟောတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ The 8th MYANMAR ICT WEEK 2009 တွင် Dota ဂိမ်းပြိုင်ပွဲများ၊ ICT Gadget Show များ၊ Stage Show များပါဝင်မည်ဖြစ်သည်။
ရတနာပုံဆိုက်ဘာစီးတီး၌ စတင်ကျင်းပသော ICT ပြပွဲကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရတနာပုံတယ်လီပို့ဖွင့်ပွဲနှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။ ယခုအခါတွင် ရတနာပုံဆိုက်ဘာစီးတီး၌ ပြည်တွင်းအိုင်တီကုမ္ပဏီတစ်ချို့နှင့် ပညာရေးဝန်ဆောင်မှုများမှလုပ်ငန်းများ စတင်လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ရတနာပုံဆိုက်ဘာစီးတီးမှာ မန္တလေးမြို့နှင့် ၂၇ မိုင်အကွာတွင်ရှိသော ရတနာပုံမြို့သစ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

copy from internet journal
Views: 711 | Added by: yetwayhtet | Date: 12.28.2009 | Comments (0)



ဖိုရမ်သို့ ၀င်ရန်
ပြက္ခဒိန်
«  December 2009  »
SuMoTuWeThFrSa
  12345
6789101112
13141516171819
20212223242526
2728293031
ရှာဖွေရန်
ကြိုဆိုပါတယ်

Statistics

Total online: 1
Guests: 1
Users: 0


Copyright မြန်မာကွန်ပျူတာ © 2024Make a free website with uCoz