Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » December » 28 » Blu-ray 3D Disc ထွက်ပေါ်လာတော့မည်
Blu-ray 3D Disc ထွက်ပေါ်လာတော့မည်
8:45 AM
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက Blu-ray Disc Association ဟာ PlayStation 3 မှာအသုံးပြုနိုင်မယ့် 3D Disc နဲ့ပတ်သက်တဲ့အချက်အလက်များကို အပြီးသတ်လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အဆိုပါ format ဟာ LCD နဲ့ Plasma အပါအ၀င် မည်သည့် 3D တယ်လီဗေးရှင်းများတွင်မဆို အသုံးပြုနိုင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကလည်း LG Electronics Inc. ဟာလာမယ့်နှစ်အတွင်း 3D တယ်လီဗေးရှင်း ၄၀၀,၀၀၀ ကိုတင်ပို့ရောင်းချမှာဖြစ်ပြီး ၂၀၁၁ မှာတော့ ၃.၄ သန်းအထိ တင်ပို့ရောင်းချမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် 3D တယ်လီဗေးရှင်းဈေးကွက်ဟာ လာမယ့် ၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံအထိရှိလာနိုင်ပြီး ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံအထိရှိလာနိုင်ကြောင်း ဈေးကွက်သုတေသနအဖွဲ့ဖြစ်တဲ့ Display Search မှပြောကြားခဲ့ပါတယ်။
3D Blu-ray player တွေဟာ ၁၀၈၀p ပုံရိပ်များကိုဖော်ပြပေးနိုင်ပြီး အဆိုပါ 3D ကိုကြည့်ရှုဖို့အတွက် အထူးပြုလုပ်ထားတဲ့ မျက်မှန်လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Blu-ray 3D ဟာ PS3 ဂိမ်းစက်များတွင်လည်း အသုံးပြုနိုင်မှာဖြစ်သလို 2D disc များကိုအသုံးပြုနိုင်တဲ့ 3D player များနှင့်လည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
Blu-ray 3D ဟာ Multi-view Video Coding (MVC) codec ကိုအသုံးပြုပြီး 3D ဗီဒီယိုကိုပြောင်းလဲထားခြင်းဖြစ်ကာ လက်ရှိ Blu-ray Disc player တွေမှာအသုံးပြုနိုင်တဲ့ ITU-T H.264 Advanced Video Coding (AVC) codec ကို တိုး ချဲ့ထားခြင်းဖြစ်ကြောင်းသိရပါတယ်။


copy from internet journal
Views: 783 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  December 2009  »
SuMoTuWeThFrSa
  12345
6789101112
13141516171819
20212223242526
2728293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz