Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » December » 28 » Google Doodle မှတဆင့် malware များပျံ့နှံ့
Google Doodle မှတဆင့် malware များပျံ့နှံ့
8:47 AM
အွန်လိုင်း scammer များဟာ လူအများစိတ်ဝင်တစားအသုံးပြုနေတဲ့ Google Doodle မှတဆင့် malware များပျံ့နှံ့အောင်ပြုလုပ်နေကြကြောင်း လုံခြုံရေးကုမ္ပဏီတွေကပြောကြားလိုက်ပါတယ်။
Scammer တွေဟာ SEO poisoning လို့ခေါ်တဲ့ search engine ကိုအသုံးပြု၍ malware များကိုဖြန့်ဝေခြင်းဖြစ်ပါတယ်။ ၎င်းတို့ဟာ အထူးပြုလုပ်ထားတဲ့ malware များကို ၀က်ဘ်ဆိုက်များအတွင်းထည့်သွင်းခြင်း ဒါမှမဟုတ် ၀က်ဘ်ဆိုက်များအတွင်း ပုံးကွယ်ထားခြင်း စသည်ဖြင့် နာမည်ကျော်ရှာဖွေရေးရလဒ်များနှင့်ချိတ်ဆက်ကာ ဖြန့်ဝေခြင်းဖြစ်ပါတယ်။
ယေဘုယျအားဖြင့် scammer တွေဟာ လူတုပ်ကွေး၊ မိုက်ကယ်ဂျက်ဆင်သေဆုံးခြင်း စတဲ့ ရှာဖွေရေးရလဒ်များကို ပစ်မှတ်ထားတိုက်ခိုက်ကြခြင်းဖြစ်ပေမယ့် ယခုအခါမှာတော့ Google Doddle တို့လို လူအများစိတ်ဝင်စားတဲ့နေရာများတွင် တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။
Barracuda Networks မှ သုတေသီတစ်ဦးရဲ့အဆိုအရ ရလဒ် ၁၀၀ တွင် အန္တရာယ်ရှိတဲ့ဝက်ဘ်ဆိုက် ၃၁ ခုဖော်ပြပေးတယ်လို့သိရပါတယ်။ ဒါပေမဲ့ Google အနေဖြင့် ရှာဖွေရေးရလဒ်များတွင် အန္တရာယ်ရှိတဲ့ဝက်ဘ်ဆိုက် အမြောက် အမြားကိုဖယ်ရှားပေးပြီးဖြစ်ကြောင်း Google မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။


copy from internet journal
Views: 813 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  December 2009  »
SuMoTuWeThFrSa
  12345
6789101112
13141516171819
20212223242526
2728293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz