မြန်မာကွန်ပျူတာ ဖိုရမ်
မြန်မာကွန်ပျူတာဖိုရမ်မှ လှိုက်လှဲစွာကြိုဆိုပါ၏
ဖိုရမ်စာမျက်နှာ
Our poll
Rate my site
Total of answers: 170


Main » 2009 » April » 30


တမန်တော် မိုဟာမက်နှင့် ဂျီးဆက်ခရိုက် တို့ 'Faith Fighter.' ဂိမ်းတွင် တိုက်ခိုက်နေစဉ် © - foxnews

အရှိန်အ၀ါ ကြီးမားသော မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်း တခု၏ ဖိအားပေး တောင်းဆိုမှုကြောင့် Online Game တခုအား အင်တာနက်မှ ဖယ်ရှားပစ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

မောလီဒက် စာဒြီးယား အမည်ရှိ ဂိမ်းပညာရှင်တဦး ရေးဆွဲခဲ့သည့် ဂိမ်းသည် Keyboard ဖြင့် ကစားရသည့် Fighting Game အမျိုးအစား တမျိုးဖြစ်ပြီး Faith Fighter ဟု အမည် ပေးထားသည်။

ထို Game အတွင်းတွင် ပါဝင်သော တိုက်ခိုက်ရေး ပညာရှင်များမှာ - ခရစ်တော်၊ ထာဝရ ဘုရားသခင်၊ အန်းကုန်း ဘိုးတော်၊ မိုဟာမက်၊ မဟာပိန်းနဲ နတ်ဘုရား နှင့် ဗုဒ္ဓ တို့ဖြစ်ပြီး အားလုံးမှာ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ကိုးကွယ် ယုံကြည်မှု ဘာသာကြီးများ၏ အထွတ်အမြတ် ကိုးကွယ်ရာများ ဖြစ်သည်။

ထို Game သည် မွတ်ဆလင်ဘာသာ အပါအ၀င် ကမ္ဘာ့ ဘာသာတရားများကို စော်ကားခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယား အခြေစိုက် ကမ္ဘာ့ မ ... Read more »

Views: 1154 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)


onficker Virus သတိပေးနေသည့် တီဗီအစီအစဉ် တခု © fergdawg

Conficker Virus သည် တကျော့ပြန် ထိုးနှက်မှုများ ပြန်လည်ပြုလုပ် လာနေပြီဟု ကျွမ်းကျင်သူများ ကဆိုသည်။

မကြာသေးမီက Symantec အင်တာနက် လုံခြုံရေး ကုမ္ပဏီက Conficker အနေနှင့် PC များကို နှောင့်ယှက် ဖျက်ဆီးမှုများ ပြုလုပ် လာနိုင်ကြောင်း သတိပေးခဲ့ပြီး မကြာမီမှာပင် Cisco Systems Inc. က PC ကွန်ပျူတာ ပေါင်း (၁၂) သန်းခန့် ထိ Conficker ၏ ဒါဏ်ကို ခံရဖွယ်ရှိပြီး ကွန်ပျူတာ တလုံး သည် တနေ့လျှင် Spam Mail (၁၀၀၀၀) မှ (၂၀၀၀၀) အထိ ပေးပို့ခြင်း ခံရနိုင်ကြောင်း ပြောကြားလိုက်သည်။

ယခုလ အစောပိုင်းက Conficker ၏ တိုက်ခိုက်မှုကို ခံထားရသည့် ကွန်ပျူတာများတွင် အတုအယောင် Antivirus Software များ ကြော်ငြာရောင်းချမှုကို တွေ့ရှိခဲ့ကြရပြီး ထို့ထက်ပိုပြီး အန္တရာယ် ရှိလာမည့် အလားအလာများ ရှိနေကြောင်း Cisco ၏ လုံခြုံရေး သုတေသီအဖွဲ့ ခေါင်းဆောင် ပက်ထရစ် ပီတာဆန်က ပြောကြားခဲ့သည်။

... Read more »

Views: 885 | Added by: yetwayhtet | Date: 04.30.2009 | Comments (2)

ဟိုတစ်နေ့က GTalk မှာ တရုတ်က သူငယ်ချင်းနဲ့ စကားပြောဖြစ်တယ်။ သူပြောတဲ့ အချိန်မှာ ကိုယ်က အလုပ်တစ်ခု လက်စမပြတ်တော့ ချက်ခြင်း ပြန်မပြောနိုင်ဘူး၊ ကိုယ်ပြန်ပြောမယ်လုပ်တော့ သူရဲ့ GTalk Account က Idle ဖြစ်နေတယ်။ အံအားသင့်သွားတယ်၊ အခုနကပဲ ပြောနေတယ်၊ အခု ဘာမှ မကြာသေးဘူး သူက Idle ဖြစ်သွားတယ်။ ဘယ်များ ထွက်သွား ပါလိမ့်ပေါ့။ ကဲ Message တော့ ပို့ထားလိုက်မယ် ဆိုပြီး သူ့ဆီကို အကြောင်းပြန်လိုက်တယ်၊ သူက ချက်ခြင်းပဲ အကြောင်းပြန်လာတယ်၊ သူ့ Account Active ဖြစ်နေတဲ့ သဘောပေါ့။ ဒါပေမယ့် ကျွန်တော့်ဆီမှာတော့ သူ့ Account က Idle ပြနေတုန်းပဲ။ သေခြာပြီ ဒီကောင် ကူလီကူမာတော့ လုပ်ထားပြီပေါ့။ ထင်တဲ့ အတိုင်းပဲ သူကစပြောတယ် “GTalk မှာ အမြဲတမ်း Idle လုပ်ထားပြီး ညာလို့ရတယ် သိလားတဲ့။ ဒါပေမယ့် မင်းကို မပြောဘူးတဲ့၊ ဖွ’မှာစိုးလို့တဲ့၊ ဒါလေးနဲ့ လုပ်စားနေတာတဲ့၊ မပြောချင်တဲ့ သူဆိုရင် ကွန်ပျူတာရှေ့မှာ မရှိချင်ယောင် ဆောင်လို့ရတယ်တဲ့။”  ကဲ… ရဲသွေးထက်ကို ဒါမျိုးလာစမ်းတော့ ဘယ်ရ ... Read more »

Views: 1188 | Added by: yetwayhtet | Date: 04.30.2009 | Comments (1)


ပိတ်ပစ် ခံလိုက်ရသည့် Google ပိုင် နာမည်ကြီး Video Sharing ၀က်ဘ်ဆိုက် YouTube© allroadsleadtochina.com

တရုတ်နိုင်ငံသည် YouTube ဗီဒီယိုများ ပြည်တွင်းတွင် ကြည့်ရှုရန် ခွင့်မပြု တော့ကြောင်း သိရှိရသည်။ Google က တရုတ် အာဏာပိုင်များ သည် Google ပိုင် နာမည်ကြီး Video Sharing ၀က်ဘ်ဆိုက် အား ပိတ်ပစ် လိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။

ထို့အပြင် တရုတ် အစိုးရ အနေနှင့် မည်သည့် အကြောင်းပြချက်ဖြင့် ယခုလို ပိတ်ဆို့ခြင်း ဆိုသည်ကို သဘောမပေါက် ကြောင်းလည်း Google ၏ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် စကော့ရူဘင် က ၀န်ခံခဲ့သည်။ မတ်လ(၂၄)ရက်နေ့ မနက်ပိုင်းမှစပြီး YouTube ကို တရုတ်အာဏာပိုင်များက ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့ မတိုင်မီကတည်းက YouTube ကို တရုတ်နိုင်ငံမှ ၀င်ရောက် ကြည့်ရှုသူများအနေနှင့် နှေးကွေးလာမှုများ ကြုံခဲ့ရသည်။

တရုတ်နိုင်ငံရေး အကဲခတ်များကမူ မတ်လအတွင်း ကျရောက်မည့် တိဘက်ဒေသ လူ့အခွင့်အရေး ဆန္ဒပြသူများကို တရုတ် အစိုးရ က နှိမ်နင်းခဲ့သည ... Read more »

Views: 914 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)


မိုက္ကရိုဆော့(ဖ်) ကော်ပိုရေးရှင်း မှ ထုတ်လုပ်တော့မည့် ဝင်းဒိုးလ် ဆဲဗင်း  သည် ဝင်းဒိုးလ် ဗစ်စတာ တွင် ပေါ်ပေါက်ခဲ့သော ပြဿနာများ ကို အမှန်တကယ် ပြုပြင် နိုင်မည်လားဟု သုံးစွဲသူများ က သံသယ ရှိနေကြသည်။

ဝင်းဒိုးလ် ဗစ်စတာ ၏ လုံခြုံရေး အားနည်းချက်များသည် ဝင်းဒိုးလ် စနစ် ကွန်ပြူတာ သုံးစွဲသူများ အတွက် ခြောက်လှန့် နေဆဲဖြစ်ပြီး မိုက္ကရိုဆော့(ဖ်) အပေါ် ယုံကြည်မှုမှာလည်း ကျဆင်းလာခဲ့သည်။

မိုက္ကရိုဆော့(ဖ်) အနေနှင့် ဝင်းဒိုးလ် ဆဲဗင်း သည် အပြည့်ဝဆုံး လုံခြုံမှုကို ပေးစွမ်းနိုင်မည်ဟု အာမခံထားသည့်တိုင် သုံးစွဲသူအများစုက အော်ပရေးရှင်း စနစ်အသစ် အပေါ် အပြည့်အ၀ မယုံရဲဟု ဆိုသည်။

Microsoft ၏ အဆိုအရ Windows 7 သည် Vista ထက် လုံခြုံမှုပိုင်း ပိုမိုမြင့်မားရုံ မျှမက အသုံးပြုသူ အတွက် ကိုက်ညီမှုရှိအောင် အထူး စီမံထားသည့် အော်ပရေးရှင်း စနစ် ဖြစ်ကြောင်း အာမခံထားသည်။

Views: 813 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)

မေလ ၁ ရက်မှ ၃ ရက်အထိကျင်းပပြုလုပ်မည့် မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ မေ ၂၀၀၉ အား ကုမ္ပဏီပေါင်း ၇၁ ခုမှပြခန်းပေါင်း ၁၆၇ ခန်းဖြင့် စုံလင်စွာပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ပြပွဲအတွင်း ပြသမည့်ပြခန်းများအား ယခင်က A,B,C,D,E,F ဟူ၍ အခန်းပေါင်း (၁၅၀) ခန့်စီစဉ်ထားခဲ့ပြီး ယခုအခါတွင် G အဆင့်ပြခန်းများပါ ပါဝင်လာသဖြင့် ပြခန်းစုစုပေါင်းမှာ ၁၆၇ ခန်းဖြစ်သွားကြောင်းသိရှိရသည်။ ပြခန်းများအား အဆင့်လိုက် ဈေးနှုန်းသတ်မှတ်ပြီး မဲစနစ်ဖြင့်ရောင်းချပေးခဲ့သည့်ပွဲကို ဧပြီလ ၂၄ ရက် နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြပွဲအား နံနက် (၉)နာရီမှ (၅) နာရီအထိ ရန်ကုန်မြို့ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ၂၀၀၉ ခုနှစ်မေ Myanmar ICT Exhibition (May 2009) တွင် နောက်ဆုံးပေါ်ကွန်ပျူတာများ၊ Laptop များ၊ မော်နီတာများ၊ ကွန်ပျူတာနှင့် ဆက်စပ်အပိုပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ စီဒီများ၊ အိမ်သုံးလုပ်ငန်းသုံးဆော့ဖ်ဝဲများနှင့် နည်းပညာစာအုပ် ... Read more »
Views: 844 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)

Microsoft Office 2007နှင့် Microsoft Office 2003 (၂) မျိုးလုံးကို Windows တစ်ခုတည်းတွင်အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင်ပေးသည့် Office Mixer ဆော့ဖ်ဝဲထွက်ရှိလာကြောင်းသိရသည်။
Office Mixer ဆော့ဖ်ဝဲအသုံးပြုမည့်သူများအနေဖြင့် မိမိကွန်ပျူတာတွင် Office 2007 အား Install လုပ်ထားရန်လိုကြောင်း သိရသည်။
“Office Mixer“ ဆော့ဖ်ဝဲ အသုံးပြုတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ office 2007 ကို Install လုပ်ထားဖို့လိုပါတယ်။ Office 2007 Install လုပ်ပြီးသွားပြီဆိုတာနဲ့ Office Mixer ဆော့ဖ်ဝဲကို Install လုပ်ဖို့လိုအပ်ပါတယ်။ Office Mixer ကို Install လုပ်ပြီးသွားပြီဆိုရင်တော့ office 2007 မှာ Menu ဆိုတဲ့ဟာ အသစ်တစ်ခုပေါ်ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီ Menu Bar ကနေ office 2003 နဲ့ပတ်သက်တဲ့ function တွေအကုန်လုံးကို အသုံး ပြုနိုင်မှာဖြစ်ပါတယ်” ဟု Nice မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
“Office Mixer“ ဆော့ဖ်ဝဲ Install လုပ်ထားတဲ့ကွန်ပျူတာတစ်လုံးထဲမှာ office 2003 အသုံးပြုချင်တဲ့သူကလည်း အသုံးပြုလို့ရသလို office 2007 အသုံးပြုချင်တဲ့သူကလည်း အသုံးပြုလို့ရပါတယ်။ File တွေကိုအသုံးပြုပြီးသွားလို့ save  ... Read more »
Views: 776 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)


  

လွန် ခဲ့တဲ့ ၂ လကျော်လောက် ကနေ ကမ္ဘာ တလွှား မှာ ရှိတဲ့ မြန်မာ အင်တာနက် စာမျက်နှာများ ရဲ့ လုံခြုံရေး ကို ထိပါး နှောက်ယှက် လာတာ အကြိမ်ကြိမ်ရှိခဲ့ပြီ ဖြစ်ပါသည်။ သူငယ်ချင်းတို့လည်းလေ့လာချင်ရင်တော့ ပုံလေးကိုနှိပ်ပြီးဒေါင်းလိုက်ပါ။

Views: 864 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)


(ဈေးကွက်ဂျာနယ်မှကူးယူဖော်ပြသည်)


 


Views: 822 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)

ကီးလော့ဂျာ ဆိုတဲ့ ဆော့ဝဲက ကိုယ်ကွန်ပြူတာမှာ ဘယ်သူဘာတွေ ၀င်နှိပ်သွားလဲဆိုတာက အစ၊ စခရင်ရှော့ အနေနဲ.ကော ၊ ဘာ Password တွေနဲ. ၀င်သွားတာက အဆုံး အကုန်လုံးကို ပြန်ကြည့်လို.ရတယ်ဗျ။ အင်တာနတ်က ရှာပြီးဒေါင်းလော့ဆွဲရင် Full Version မရဘူးဗျ။ ကျွန်တော်က ခရပ်ဖိုင်ပါထည့်ပေးလိုက်တယ်။ အဲဒီဟာကိုသုံးပြီး သူများ အီးမေးလ် Password တွေတော့မခိုးနဲ.ပေါ့ဗျာ။ နို.မိုဆိုရင်ကို ” ဆော့ဝဲကြောင့် ကျွန်တော်တို. Cyber Cafe မှာ Password အခိုးခံရမှဆိုးလို. ဘယ်သူမှလာမသုံးကြတော့ဘူး” Cyber Cafe တွေက ကျွန်တော်ကိုလာပြောနေကြပါဦးမယ်ဗျာ။
ဒါပေမယ့် ကီးလော့ဂျာ ဆိုတဲ.အတိုင်းပဲ သူက Spy ware တမျိုးပဲလေ။ ဒါကြောင့်မို. Antivirus ကို သူကိုဒေါင်းလော့ဆွဲတာနဲ. Delete လုပ်ပြစ်တယ်။ ဒါကြောင့်မို. ကီးလော့ဂျာကို သုံးချင်ရင် Anitvirus ကို ခဏလောက် Exit လုပ်ထားပေးဖို.လိုပါလိမ့်မယ်။ Antivirus ကိုအရင် Exit လုပ်၊ ပြီးရင် ကီးလော့ဂျာကို ဒေါင်းလော့ဆွဲ ... Read more »

Views: 970 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)

မြန်မာလို sms ပို့နိုင်တဲ့ စနစ်ကို တီထွင်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ sm3 ကနေ အခု ထပ်မံပြီး ၂၀၀၉ ခုနှစ် အတွက် sm3 မြန်မာပြက္ခဒိန် Mobile Edition ကို ထုတ်ဝေ ဖြန့်ချီလိုက်ပါတယ်… အခမဲ့ ဖြန့်ဝေတဲ့ version မှာ အင်္ဂလိပ် ရက်စွဲ၊ မြန်မာရက်စွဲ၊ လပြည့်၊ လဆန်း၊ လဆုတ်၊ လကွယ်၊ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးခေါင်းလှည့်တဲ့ အရပ်မျက်နှာတို့ကို ဖော်ပြပေးထား ပါတယ်… ၂၀၀၈ ခုနှစ်အတွက်လည်း sm3 ကနေ ဒီလို ပြက္ခဒိန် software ကို ထုတ်ဝေခဲ့ဖူးပါတယ်… ဒီ software ကို Java application run လို့ရတဲ့ ဖုန်းတိုင်းမှာ အသုံးပြုနိုင်တယ်လို့ သိရကြောင်းပါ…

Views: 1554 | Added by: yetwayhtet | Date: 04.30.2009 | Comments (5)

အသင်းဝင်ပြီးသူများအနေဖြင့် ဖိုရမ်တွင်စာများရေးသားသောအခါ
ဖိုရမ်ဝင်ပြီးသည်နှင့် စာများရေးသားထားသောစာမျက်နှာပေါ်ရှိ Add New Entry ကိုနှိပ်လိုက်ပါ
နောက်တွင် စာများရေးသားနိုင်သော Adding entry Box ၀င်လာပါမည်။
စာရေးသားမည့် ခေါင်းစဉ်နှင့် ကိုယ်ရေးသားချင်သောစာသားများရေးသားပြီးသောအခါ
အောက်ဆုံးတွင်ရှိသော Add Button ကိုနှိပ်လိုက်ပါ။ သူငယ်ချင်းတို့ရဲ့ စာရေးသားခြင်းဟာဖိုရမ်သို့ရောက်ရှိပြီ
ဖြစ်ကြောင်း ပြန်လည်သတင်းပေးပါလိမ့်မယ်
ကဲ ခုပဲစမ်းသပ်ကြည့်ကြရအောင်

အားလုံးအဆင်ပြေကြပါစေဗျာ
ရဲသွေးထက်(Admin)
မြန်မာကွန်ပျူတာဖိုရမ်
Views: 837 | Added by: yetwayhtet | Date: 04.30.2009 | Comments (0)



ဖိုရမ်သို့ ၀င်ရန်
ပြက္ခဒိန်
«  April 2009  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
2627282930
ရှာဖွေရန်
ကြိုဆိုပါတယ်

Statistics

Total online: 1
Guests: 1
Users: 0


Copyright မြန်မာကွန်ပျူတာ © 2024Make a free website with uCoz