ဘာသာရေး ထိခိုက်စေသည့် အွန်လိုင်းဂိမ်း ဖယ်ရှားခံရ - 30 April 2009 - Personal site
Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 169
Main » 2009 » April » 30 » ဘာသာရေး ထိခိုက်စေသည့် အွန်လိုင်းဂိမ်း ဖယ်ရှားခံရ
ဘာသာရေး ထိခိုက်စေသည့် အွန်လိုင်းဂိမ်း ဖယ်ရှားခံရ
4:30 PM


တမန်တော် မိုဟာမက်နှင့် ဂျီးဆက်ခရိုက် တို့ 'Faith Fighter.' ဂိမ်းတွင် တိုက်ခိုက်နေစဉ် © - foxnews

အရှိန်အ၀ါ ကြီးမားသော မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်း တခု၏ ဖိအားပေး တောင်းဆိုမှုကြောင့် Online Game တခုအား အင်တာနက်မှ ဖယ်ရှားပစ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

မောလီဒက် စာဒြီးယား အမည်ရှိ ဂိမ်းပညာရှင်တဦး ရေးဆွဲခဲ့သည့် ဂိမ်းသည် Keyboard ဖြင့် ကစားရသည့် Fighting Game အမျိုးအစား တမျိုးဖြစ်ပြီး Faith Fighter ဟု အမည် ပေးထားသည်။

ထို Game အတွင်းတွင် ပါဝင်သော တိုက်ခိုက်ရေး ပညာရှင်များမှာ - ခရစ်တော်၊ ထာဝရ ဘုရားသခင်၊ အန်းကုန်း ဘိုးတော်၊ မိုဟာမက်၊ မဟာပိန်းနဲ နတ်ဘုရား နှင့် ဗုဒ္ဓ တို့ဖြစ်ပြီး အားလုံးမှာ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ကိုးကွယ် ယုံကြည်မှု ဘာသာကြီးများ၏ အထွတ်အမြတ် ကိုးကွယ်ရာများ ဖြစ်သည်။

ထို Game သည် မွတ်ဆလင်ဘာသာ အပါအ၀င် ကမ္ဘာ့ ဘာသာတရားများကို စော်ကားခဲ့ကြောင်း ဆော်ဒီ အာရေးဘီးယား အခြေစိုက် ကမ္ဘာ့ မွတ်ဆလင် အစည်းအရုံးက အပြင်းအထန် ရှုတ်ချပြီး အင်တာနက်မှ ပိတ်ပင်ရန် အကြီးအကျယ် တောင်းဆို ခဲ့ပြီးနောက် ဧပြီလ (၂၈) ရက်နေ့က Faith Figter အား Online မှ ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။

Views: 704 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  April 2009  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
2627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2016Make a free website with uCoz