မြန်မာကွန်ပျူတာ ဖိုရမ်
မြန်မာကွန်ပျူတာဖိုရမ်မှ လှိုက်လှဲစွာကြိုဆိုပါ၏
ဖိုရမ်စာမျက်နှာ
Our poll
Rate my site
Total of answers: 170


Main » Entries archive
Photoမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ Post Paid စနစ်ဖြင့် အသုံးပြုခွင့် ပေးထားသော ဖုန်းများကို အကြောင်းတစ်ခုခုကြောင့်  ဖုန်းအခွန်ငွေ မဆောင်ဖြစ်၍ ယာယီဖုန်းလိုင်း ပြတ်တောက်မှုများ မဖြစ်ပေါ် စေရန်အတွက် ကြိုတင်ငွေ ပေးသွင်း ကတ်စနစ်ဖြင့် ဖုန်း အသုံးပြုနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Post Paid စနစ်သုံး ဖုန်းများမှာ အသုံးပြုသည့် ပြောဆိုခ ကျသင့်ငွေကို ဆက်သွယ်ရေး လုပ်ငန်း၏ တောင်းခံလွှာ ရောက်ရှိမှ သက်ဆိုင်ရာ ဌာနများတွင် သွားရောက် ပေးသွင်းရခြင်း ဖြစ်ရာ ပေးသွင်းရာတွင် အချိန် စောင့်ဆိုင်းရမှုများ ဖြစ်ပေါ်လျက် ရှိသောကြောင့် ယခုကဲ့သို့ Prepaid စနစ်ဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ "ဘေလ်စနစ်နဲ့ အသုံးပြုနေတဲ့ ဖုန်းတွေကို အခွန်ငွေ မဆောင်ဖြစ်လို့ လိုင်းပြတ်တောက်မှု မရှိအောင် ကြိုတင် ငွေပေးကတ်စနစ်နဲ့ အသုံးပြုနိုင်အောင် ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ည ... Read more »
Views: 611 | Added by: yetwayhtet | Date: 09.27.2011 | Comments (0)

PhotoWindows 7 ကို အသုံးပြုနေသူများအတွက် Windows 7 ကို လျင်မြန်သော လုပ်ဆောင်ချက်များ ရရှိနိုင်စေရန်အတွက် အွန်လိုင်း တွင် ဝေမျှထားသည့် အချက် ခုနစ်ချက်ကို ဖော်ပြ ပေးလိုက်ပါသည်။

 


Window 7 ကို လျင်မြန်စွာ ပြောင်းလဲအသုံးပြုခြင်း

Window 7 ကိုလျင်မြန်စွာ ပြောင်းလဲ အသုံးပြုနိုင်ရန်အတွက် minimize-maximize Animation  များကို disable လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ Disable ပြုလုပ်နည်းမှာ Run Box ကနေ System Properties Performance ဟုရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ်ကာ OK နှိပ်ရမည် ဖြစ်ပါသည်။

Windows 7 boot time ကို မြှင့်တင်ခြင်း

Window ... Read more »

Views: 629 | Added by: yetwayhtet | Date: 09.27.2011 | Comments (0)

မြန်မာနိုင်ငံတွင် လူအများစု သုံးစွဲလာနိုင်စေရန် အလို့ငှာ တန်ဖိုးနည်းအနေဖြင့် ပထမဆုံးအကြိမ် ဈေးလျှော့ သတ်မှတ်ထားသည့် ကျပ်သုံးသိန်းဝန်းကျင် GSM ဖုန်းများကို ယခုနှစ် နိုဝင်ဘာလကုန်တွင် ချထားပေးနိုင်မည်ဟု ခန့်မှန်းကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM ဖုန်းဆိုင်ရာ အင်ဂျင်နီယာချုပ် ဦးစိုးအောင်က စက်တင်ဘာ (၁) ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။


အဆိုပါ သုံးသိန်းဝန်းကျင် တန်ဖိုးရှိ GSM ဖုန်းများသည် ယခင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည့် အတိုင်း အင်တာနက် ဝန်ဆောင်မှုပါ တပြိုင်နက် အသုံးပြုနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

" ခန့်မှန်းခြေ နိုဝင်ဘာလကုန်မှာ ရဖို့ ဖြစ်သွားမှာပါ " ဟုလည်း အင်ဂျင်နီယာချုပ် ဦးစိုးအောင်ကThe Voice Weekly ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မည့် ကုမ္ပဏီများမှာ ဩဂုတ်လ၂၆ရက်နေ့က တရားဝင် စာချုပ်ချုပ်ဆို ခဲ့ကြပြီး ခြောက်လအကြာတွင် ယင်းဖုန်းများ ချထားပေးမည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့ကြပြီး ယခုမူ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက ... Read more »
Views: 730 | Added by: yetwayhtet | Date: 09.27.2011 | Comments (0)

မြန်မာ့စီးပွားရေးဘဏ်နှင့် AGD ဘဏ်တို့မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အွန်လိုင်း တယ်လီဖုန်းဘီလ် ပေးဆောင်ခြင်းသည် လပိုင်းအတွင်း အသုံးပြုသူဦးရေ ၄၀၀၀ ခန့်ရှိလာခဲ့ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး၏ ခွင့်ပြုချက်ဖြင့် အမျိုးသားအဆင့် ရတနာပုံဝက်ဘ်ပေါ်တယ်ပေါ်၌ အွန်လိုင်းမှတစ်ဆင့် တယ်လီဖုန်းဘီလ်များကို ပေးဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူဦးရေမှာ လပိုင်းအတွင်း ၄၀၀၀ ခန့် ရှိလာခဲ့သည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ကွန်ပျူတာအသင်းချုပ်နှင့် အသင်းများ၏ နှစ်ပတ်လည်အခမ်းအနား၌ ပြောကြားခဲ့သည်။ အွန်လိုင်း တယ်လီဖုန်းဘီလ်အတွက် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် မြန်မာစီးပွားရေးဘဏ်တွင် အသုံးပြုသူဦးရေမှာ ရာဂဏန်း ခန့်ရှိပြီး ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သော AGD ဘဏ်၌ အသုံးပြုသူဦးရေ ထောင်ဂဏန်းခန့် ရှိကြောင်း ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Views: 602 | Added by: yetwayhtet | Date: 09.27.2011 | Comments (0)

ပြည်တွင်းရှိ အင်တာနက် အသုံးပြုသူများ ကြုံတွေ့နေရသည့် အင်တာနက် အမြန်နှုန်း နှေးကွေးခြင်း ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ထိုင်းနိုင်ငံမှ နည်းပညာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုင်းနိုင်ငံမှ နည်းပညာကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ကြုံတွေ့နေသည့် အင်တာနက် အမြန်နှုန်း နှေးကွေးခြင်း ပြဿနာကို စစ်ဆေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ပုံမှန်အတိုင်း ဆက်လက်နှေးကွေးနေသည့် ပြည်တွင်းအင်တာနက် အမြန်နှုန်းကို ပြန်လည် မြှင့်တင်နိုင်ရန် ဆောင်ရွက်ရာတွင် ထိုင်းကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အင်တာနက် အမြန်နှုန်း နှေးကွေးနေခြင်းက အင်တာနက်ကွန်ရက်ကို မှီခိုလုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်များအတွက် များစွာ ထိခိုက်နစ်နာစေခဲ့ကြောင်း ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Views: 608 | Added by: yetwayhtet | Date: 09.27.2011 | Comments (0)

မကြာမီဖြန့်ချိတော့မည့် Microsoft Windows 8 ၌ ယူနီကုတ်စံနှုန်းအား အတိအကျလိုက်နာထားသော မြန်မာဖောင့်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ Myanmar Text Regular အမည်ရှိ အဆိုပါဖောင့်အား ဖောင့်အမျိုးအမည်နှင့် စာစီစာရိုက်စနစ် (Input Method) ကို Microsoft Windows 8 ၌ တရားဝင်ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။ ယူနီကုတ်စံသတ်မှတ်ချက်သည် နိုင်ငံတကာ စံသတ်မှတ်ချက်တစ်ခုဖြစ်၍ နိုင်ငံတကာတွင်ရှိသည့် အိုင်စီတီဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ယူနီကုတ်စံနှုန်းကိုသာ လိုက်နာအသုံးပြုကြမည်ဖြစ်ကြောင်း၊ ၎င်းစံသတ်မှတ်ချက်ကြောင့် မြန်မာဘာသာစကားအား ကွန်ပျူတာမှ နားလည်လာခြင်း၊ သတင်းအချက်အလက်များကို စုစည်းထားနိုင်ခြင်း၊ အချက်အလက်ရှာဖွေခြင်းအတွက် လွယ်ကူခြင်း အစရှိသည့် အခြေအနေများကို အထောက်အကူပြုကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းလုပ်ငန်းအဖွဲ့မှ သိရသည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအတွင်းက ထုတ်ဝေခဲ့သည့် Mac OS Lion ၌ ယူနီကုတ်စံနှုန်းအား အတိအကျလိုက်နာထားသော မြန်မာယူနီကုတ် ဖောင့်ပုံစံနှစ်မျိုးနှင့် စာစီစာရိုက်စနစ်ကို တရားဝင်ထည့်သွင်းပြီးခဲ့သည် ... Read more »
Views: 683 | Added by: yetwayhtet | Date: 09.27.2011 | Comments (0)

Photo

ပြုလုပ်ရတဲ့ ပုံစံလေးက အတော်ရိုးရှင်းပါတယ်။ အရင်ဦးဆုံး start>> run, ပြီးရင် run box ထဲမှာ notepad လို့ရိုက်၊  Enter ခေါက်၊ Notepad ကျလာရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ရေးပါ။
rd%temp%/s/q
md%temp%
လို့ရိုက်ပြီးရင် save လုပ်၊ သိမ်းတဲ့အခါမှာ extension က .bat ဖြစ်ပြီဆိုမှ save လုပ်၊ ပြီးရင် ရလာတဲ့ .bat file ကို  Windows xp, Vista ရဲ့ C:\Documents and Settings\ rdrd\ login username\ Start Menu\ Programs\ Startup အောက်မှာ Paste သွားလုပ်၊ ပြီးရင် Restart ချ၊ ပြန်တက်လာရင် start>>run ကိုသွား၊ run box ထဲမှာ %temp% လို့ရိုက်၊  Enter ခေါက်ကြည့်လိုက်။  Temp File တွေ auto  ရှင်းပြီးသား ဖြစ်နေရော....။


Net Guide Journal မှ ကူးယူဖော်ပြပါသည်

Views: 746 | Added by: yetwayhtet | Date: 08.31.2011 | Comments (0)

ကျွန်တော်တို့ဖိုရမ်တွင် ရေးသားချက်များအား အချိန်အတော်ကြာရပ်နားထားခဲ့ရာမှ အသင်းဝင်များ၏ပန်ကြားချက်ချက်အရ
မကြာမီ.......ကာလအတွင်းဆက်လက်ရေးသားတော့မည်ဖြစ်ပါကြောင်းနှင့် ရေးသားမည့် အသင်းဝင်များအားလည်း
ဖိုရမ်တွင် ၀င်ရောက်ရေးသားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်
                                                                                  အားလုံးကိုကျေးဇူးတင်လျက်
                                       ... Read more »
Views: 493 | Added by: yetwayhtet | Date: 08.20.2011 | Comments (0)


ကျွန်တော်တို့ရဲ့ကွန်ပျူတာတွေမှာ ဗိုင်းရပ်ဝင်လို့ပဲဖြစ်ဖြစ် Error တခုခုကြောင့်ပဲဖြစ်ဖြစ်
Task Manager,Regedit, System Restore, Contex Menu, Cmd Console, Control Pannel, My Computer,
Ms-Config, Run, Folder Option, Search, Tesk Schedular စသဖြင့် ဖွင့်လို့မရတော့ရင်
အခုဖော်ပြပေးထားတဲ့ Re-Enable V2.exe လေးက အဆင်ပြေအောင်ဖြေရှင်းပေးနိုင်မှာ
အသေချာပါ။ သူကို Run လိုက်ပြီးက အထက်မှာဖော်ပြထားတဲ့ပုံအတိုင်း ပေါ်လာမှာဖြစ်ပါတယ်
ထို့နောက် Re-Enable Button လေးကိုနှိပ်လိုက်ပြီး ကွန်ပျူတာကို Restart ပြန်လုပ်ပေးလိုက်ပါက
ကျွန်တော်တို့ပျောက်နေတဲ့ အရာတွေပြန်ရသွားမှာပါ။

Views: 1151 | Added by: yetwayhtet | Date: 06.25.2010 | Comments (2)

သိပြီးသားသူတွေအတွက်တော့မဟုတ်ပါဘူး လောလောဆယ်မိမိစက်မှာ mgy.exe ကိုက်နေတယ်လို့ထင်ရင်
လိုအပ်မယ့်သူတွေအတွက်မျှဝေခြင်းပါ www.myanmaritman.com ကပါ စေတနာနဲ့ကူးပြီးပြန်ဖြန့်ဝေပေးပါတယ်ခင်ဗျာ

Mgy.exe ကို စတွေ့ရတာကတော့ 2009 ဒီဇင်ဘာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် 15.6 MB ရှိပါတယ်။ မကွေးဖက်ဖ်စီကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကနေ ဖြန့်တာလို့ ယူဆရပါတယ်။ မကွေးဖက်ဖ်စီ လိုဂိုနဲ့ taskbar အပေါ်နားမှာ ပေါ်လာတတ်လို့ပါ။

mgy.exe တွေ့ရတဲ့နေရာတွေကတော့ C:\ , C:\Windows\ , C:\Windows\system32 နဲ့ အခြားသော partation တွေမှာ hidden file အနေနဲ့ တွေ့ရပါတယ်။

သူရဲ့ Action ကတော့ Task Manager, ... Read more »

Views: 1378 | Added by: yetwayhtet | Date: 06.25.2010 | Comments (2)

« 1 2 ... 5 6 7 8 9 ... 16 17 »


ဖိုရမ်သို့ ၀င်ရန်
ပြက္ခဒိန်
«  May 2024  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
262728293031
ရှာဖွေရန်
ကြိုဆိုပါတယ်

Statistics

Total online: 1
Guests: 1
Users: 0


Copyright မြန်မာကွန်ပျူတာ © 2024Make a free website with uCoz