မြန်မာကွန်ပျူတာ ဖိုရမ်
မြန်မာကွန်ပျူတာဖိုရမ်မှ လှိုက်လှဲစွာကြိုဆိုပါ၏
ဖိုရမ်စာမျက်နှာ
Our poll
Rate my site
Total of answers: 170


Main » Entries archive
Photo

ကမကျော် ဆော့ဖ်ဝဲကုမ္ပဏီ Microsoft ဟာ လက်ရှိ Operating System လောကမှာ လူကြိုက်အများဆုံး ဖြစ်နေတဲ့ Windows 7 OS ကို အကောင်းဆုံး ဖြစ်စေဖို့အတွက်  အချိန်အတော်ကြာ နစ်မြှုပ်ပြီး ဖန်တီးခဲ့တယ်ဆိုတာ နည်းပညာနဲ့ မစိမ်းသူတွေ အားလုံး သိကြပါတယ်။ ဒါပေမဲ့ Windows 7 ကို စောင့်စားရတဲ့ အချိန်ထက် Windows 8 ကို စောင့်ရတဲ့အချိန်က ပိုရှည်ကြာလွန်းနေပါတယ်။ ဟိုနေ့ထွက်မယ် ဒီနေ့ထွက်မယ်ရယ်လို့ သတင်းအမျိုးမျိုး ကြားနေရပေမယ့် အခုထိ အပြီးသတ် အသုံးပြုနိုင်တဲ့အဆင့်ကို မရောက်သေးပါဘူး။ Windows 8 မှာ ပါဝင်တဲ့ Feature တွေကိုတော့ Microsoft က စမ်းသပ် အသုံးပြုခွင့် ပေးထားပါတယ်။ ဒါကြောင့် အချို့ အသုံးပြုသူတွေဟာ အဲဒီ Feature တွေကို အွန်လိုင်းပေါ်က တစ်ဆင့် Download ရယူပြီး Windows 7 OS ပေါ်မှာ တင်သုံးနေကြတာလည်း တွေ့ရပါတယ်။ အခုလို Windows 8 ထွက်ရှိမယ့် ရက်ဟာ ကြန့်ကြာနေပေမယ့် ... Read more »

Views: 839 | Added by: yetwayhtet | Date: 10.04.2011 | Comments (0)

Photo

ဆဲလ်ဖုန်းက ဆဲလ်ဖုန်းလို မနေတာ ကြာလှပြီ။ နှစ်ပေါင်းများစွာပင် ဆဲလ်ဖုန်းက ဆဲလ်ဖုန်း တစ်လုံးထက် ပို၍ အစွမ်းတွေ ထက်ကာ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တာတွေ များနေသည်။  ယခုလည်း နေရာသစ်တစ်ခုကို ဝင်ကာ မဏ္ဍပ်တိုင် တက်ပြဦးမည်။ ၎င်းမှာ ဝေါ့လစ် wallet ဆိုသော ခေါက်ချိုး ပိုက်ဆံအိတ်ကလေး လိုသူက ဆောင်ရွက်ခြင်း ဖြစ်သည်။ ပြောရလျှင် ခေါက်ချိုး ပိုက်ဆံအိတ် ကလေးထဲသို့ ထိုးသိပ်ထည့်ထား တတ်ကြသော ကရက်ဒစ်ကတ် credit card (အကြွေးကတ်) နှင့် ဒဲဘစ်ကတ် debit card (ငွေထုတ်ကတ်) ကလေးများ၏ နေရာကို အစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။

 

ဆူပါမားကတ် ငွေချေ ကောင်တာကဲ့သို့ နေရာမျိုးတွင် ပလတ်စတစ်ကတ် တစ်ခု စက်ထဲသို့ ပြကာ၊ ဖြတ်သန်းကြရသည်။ ထိုနေရာတွင် အသုံးပြုသူများက သူတို့ဖုန်းကို တစ်ချက် ဝေ့ရမ်းလိုက်ရုံနှင့် ပလတ်စတစ် ကတ်ကဲ့သို့ ဆော ... Read more »

Views: 643 | Added by: yetwayhtet | Date: 10.04.2011 | Comments (0)

Photo

အခု ပြည်တွင်း ဈေးကွက်မှာ စားပွဲတင် ကွန်ပျူတာများထက် ခရီးဆောင် ကွန်ပျူတာများက လူကြိုက် ပိုများလာတဲ့အပြင် အရောင်းဆိုင်တွေ ဘက်ကလည်း ပေါ့ပေါ့ပါးပါး ကွန်ပျူတာလေးကိုသာ  ရှေ့တန်းတင် ရောင်းချလာကြတာကို တွေ့ရပါတယ်။ ဒီအခါမှာ Netbook လား၊ Notebook လားဆိုတဲ့ မေးခွန်းကို မကြာခဏ ကြားရပြီး သုံးစွဲသူ မိဘပြည်သူများ အနေနဲ့လည်း အထက်ပါ ခရီးဆောင် ကွန်ပျူတာ နှစ်မျိုးအကြား ကွဲကွဲပြားပြား မရှိလှတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ခရီးဆောင် ကွန်ပျူတာ ဝယ်မယ်ဆိုရင် Netbook လား၊ Notebook လား အရွေးမမှားစေဖို့ သိမှတ်ဖွယ် အချက်များကို ရေးသား တင်ပြလိုက်ရပါတယ်။

တည်ဆောက်ပုံ

Netbook ဆိုတဲ့ အယူအဆဟာ Notebook တွေ ပေါ်ထွက်လာပြီးမှ ပေါ်ပေါက်လာတာ ဆိုပေမယ့် သိပ်ပြီးတော့ ဆန်းသစ်တာတော့ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ဘက်ထရီအား ကြာကြာခံစေမယ့် ကွန်ပျူတာ အသေးစားတစ်မျိုးကို ... Read more »

Views: 693 | Added by: yetwayhtet | Date: 10.04.2011 | Comments (0)

Photo

Microsoft ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်တဲ့  Windows 7 ဟာ ၂၀၁၀ ပြည့်နှစ် အတွင်း အရောင်းရဆုံး Microsoft ထုတ်ကုန် တစ်ခုဖြစ်ခဲ့သလို လက်ရှိအနေအထားမှာလည်း တဖြည်းဖြည်းနဲ့  လူကြိုက်ပိုများလာခဲ့ပါပြီ။ ခုဆိုရင် Windows 7 ရဲ့ Service Pack 1 တောင် ထွက်လာပြီမို့ ရှိနှင့်ပြီးသား အားနည်းချက်တွေ အတော်အတန် ဖာထေးပြီးသား ဖြစ်သွားခဲ့ပါပြီ။ ဒါတောင်မှ Microsoft ထုတ်ကုန်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Windows 7 မှာ အားနည်းချက် (၁၀) ခုတောင် ရှိနေသေးတယ်လို့ ဆိုပါတယ်။ အဲဒါတွေက ဘာများပါလိမ့် . . .။



၁။ ဖောင်းဖွနေတုန်းပဲ
Windows  ထွက်ပေါ်လာခဲ့တာ (၂၅) နှစ် ကျော်သွားခဲ့ပါပြီ။ ပြိုင်ဘက်တွေကို အဆင့်ဆင့် ဖြတ်ကျော်ခဲ့ပြီးတာတောင်မှ Windows ဟာ သုံးစွဲသူတွေကို စိတ်ကျေ ... Read more »

Views: 767 | Added by: yetwayhtet | Date: 10.04.2011 | Comments (0)

 
Photoအဖြူအမည်း သီးသန့်မဟုတ်ဘဲ ရောင်စုံကာလာ စာမျက်နှာတွေကို ထုတ်ယူနိုင်တဲ့ Laser Jet အမျိုးအစား Printer  ဖြစ်ပါတယ်။ ရုံးလုပ်ငန်း လုပ်ကိုင်နေသူတွေ အကြိုက် တွေ့ကြတဲ့ HP Brand 105 NW မော်ဒယ်လ်ပါ။ လုပ်ငန်းတွင်း ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေကနေ Print ထုတ်ယူနိုင်တဲ့ Network Printer အမျိုးအစား ဖြစ်ပြီး ဈေးကွက်ထဲ အသစ်ဝင်လာတာပါ။ ကြိုးရှုပ်ထွေးမှုတွေကို လျှော့ချချင်သူတွေ အတွက်လည်း Wireless Print ပါထုတ်နိုင်တဲ့ Printer အမျိုးအစားမို့ အကြိုက်တွေ့ကြလိမ့်မယ် ထင်ပါတယ်။ အဖြူအမည်း စာမျက်နှာတွေကို ထုတ်မယ်ဆိုရင် တစ်မိနစ်ကို ၁၇ ရွက်အထိ ထုတ်ယူနိုင်မှာဖြစ်ပြီး ကာလာစာမျက်နှာတွေကိုတော့ တစ်မိနစ် လေးရွက်နှုန်းနဲ့ ထုတ်နိုင်ပါလိမ့်မယ်။ ဒီ Printer ကို KMD Sales & Service Centre တွေမှာ ကျပ်နှစ်သိန်းလေးသောင်း ဝန်းကျင်လောက်နဲ့ ဝယ်လို့ရပါတယ်။  
... Read more »
Views: 582 | Added by: yetwayhtet | Date: 10.04.2011 | Comments (0)

Photo

IE, Mozilla, Google Chrome, Safari စတဲ့ မြန်မယ်ထင်ရတဲ့ Browser တွေကလည်း နေ့စဉ်နဲ့အမျှ ထွက်ပေါ်လျက် ရှိပါတယ်။ အဓိကအားဖြင့်  ဝက်ဘ် စာမျက်နှာတွေကို မြန်မြန်ဆန်ဆန် ဖတ်ချင်ကြတာလည်း အင်တာနက် အသုံးပြုသူတွေရဲ့ သဘာဝပါပဲ။ အခုလက်ရှိမှာတော့ Avant ဆိုတဲ့ Browser  အသစ်တစ်မျိုး ထပ်မံ ဝင်ရောက်လာပါတယ်။ IE 9 နဲ့ တွဲဖက် သုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ မြန်နှုန်းမြင့်ရုံသာ မကဘဲ အရွယ်အစားကလည်း သေးငယ်တာ၊ CPU သုံးစွဲနှုန်း နည်းတာ၊ ဝက်ဘ် စာမျက်နှာပေါ်က ဗီဒီယိုဖိုင်တွေကို  Download ချနိုင်အောင် တီထွင်ထားတာ၊ ပြီးတော့ Download တွေကို သာမန်ထက် ပိုမြန်အောင် ဖန်တီးထားတာအပြင် ကွန်ပျူတာထဲမှာ သုံးနေတဲ့ တခြား ဆော့ဖ်ဝဲလ်များနဲ့လည်း ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ တွဲဖက် အသုံးပြု နိုင်ပါသေးတယ်။ ... Read more »

Views: 857 | Added by: yetwayhtet | Date: 10.04.2011 | Comments (0)

ဒါကတော့ စမ်းသုံးကြည့်တဲ့ သူတွေအတွက် တင်ပေးလိုက်တာပါ. preview version အဆင့်ပဲ ရှိပါသေးတယ် မပြီးသေးပါဘူး. ဒါပေမယ့် မေးလ်ထဲကနေ window 8 ကို သုံးချင်လို့ မေးလ်ပို့ မေးထားတဲ့ ၃ ယောက်တွေ့လို့ တင်ပေးလိုက်ပါတယ်. ဒီ OS ကတော့ tauch screen ကို ဦးစားပေး ထုတ်ထားတာလို့ သိရပါတယ်. Driver တွေ ပိုစုံလာပါတယ်. တစ်ချို့ဟာလေးတွေ ဒီဇိုင်းပုံစံပြောင်းသွားပါတယ်. myanmar font ပါလာတယ်လို့လဲ သိရပါတယ်. animation ကတော့ အလုပ် လုပ်တယ် မလုပ်ဖူးဆိုတာ မသိရသေးပါဘူး. window 7 မှာတော့ animation ပုံတွေ အလုပ်မလုပ်ပါဘူး. တစ်ခုဆိုးတာက anti virus program တွေထဲက Avast နဲ့ Kaspersky Internet Security 2012 တော့ အဆင်မပြေဘူးလို့ သိရပါတယ်. ကျွန်တော်တော့ မသုံးသေးပါဘူး ... Read more »
Views: 604 | Added by: yetwayhtet | Date: 10.04.2011 | Comments (0)

ကမာတစ်လွှားရှိ စီးပွားရေး ကော်ပိုရေးရှင်းများသည် ကွန်ပျူတာသိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရသော ကျောင်းသားများအား ဦးစားပေးကာ အလုပ်ခေါ်ယူလျက် ရှိသောကြောင့် ယခင်ကထက် ပို၍ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာပြီ ဖြစ်ကြောင်း  သိရသည်။
Photo


ဗြိတိန်တက္ကသိုလ် ပညာရေးကိန်းဂဏန်း ထုတ်ပြန်ရေး အေဂျင်စီ HESA က ထုတ်ပြန်ခဲ့သော စာတမ်းတစ်ရပ်တွင် ကွန်ပျူတာသိပ္ပံ ဘာသာရပ်ကို အလုပ်ရရန် ခက်ခဲသော အထူးပြု ဘာသာရပ်တစ်ခုအဖြစ် ဖော်ပြခဲ့ခြင်းအား ဗြိတိန် ထိပ်တန်း တက္ကသိုလ်ဖြစ်သည့် Cambridge တက္ကသိုလ်၏ ကွန်ပျူတာ လက်တွေ့ခန်း အကြီးအကဲ ပါမောက္ခ AndyHopper က အထက်ပါအတိုင်း တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဗြိတိန်အစိုးရ၏ ကိန်းဂဏန်းများမှာ အထင်အမြင် လွှဲမှားစေသော ကိန်းဂဏန်းများသာြ ... Read more »

Views: 790 | Added by: yetwayhtet | Date: 09.27.2011 | Comments (0)


စက်တင်ဘာလ (၂၅) ရက်။    ။ ယနေ့ နံနက် (၉) နာရီက ပြင်ဦးလွင် (ရတနာပုံမြို့သစ်) ရှိ ရတနာပုံ တယ်လီပို့တွင် ရတနာပုံ ဆက်သွယ်ရေး သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပရာ  ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း တက်ရောက်ပြီး သင်တန်းကျောင်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

Photoအဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှ၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်မှ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်း၊ Asia Mega Link ကုမ္ပဏီ လီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်နိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား သင်တန်းသူများ စုံညီစွာ တက်ရောက်ကြသည်။


... Read more »

Views: 957 | Added by: yetwayhtet | Date: 09.27.2011 | Comments (0)

နိုင်ငံတကာမှ နည်းပညာ ကုမ္ပဏီများ ပါဝင်ပြသမည့် Myanmar International ICT Exhibition ကို လာမည့် အောက်တိုဘာလအတွင်း ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း  သိရသည်။
Photo  Myanmar International ICT Exhibition 2011 ကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ပြည်တွင်း၏ အိုင်တီနှင့် မိုဘိုင်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဓိက ရည်ရွယ်ကာ ပြုလုပ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရှိ နည်းပညာ ကုမ္ပဏီများက သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများ အားလုံးကို ရောင်းချပေးသွားမည် ဖြစ်သည်ဟု သိရသည်။ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း လေးဆယ်ခန့်မှ ပြခန်းပေါင်း ၁၀၀ ကျော်ဖြင့် ပါဝင်ပြသမည ... Read more »
Views: 654 | Added by: yetwayhtet | Date: 09.27.2011 | Comments (0)

« 1 2 ... 4 5 6 7 8 ... 16 17 »


ဖိုရမ်သို့ ၀င်ရန်
ပြက္ခဒိန်
«  May 2024  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
262728293031
ရှာဖွေရန်
ကြိုဆိုပါတယ်

Statistics

Total online: 1
Guests: 1
Users: 0


Copyright မြန်မာကွန်ပျူတာ © 2024Make a free website with uCoz