Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » May » 6 » IT နည်းပညာဖြင့် အသက်မွေးမှု စတင်ရန်အတွက် အသုံးအ၀င်ဆုံး Certificate ၁၀မျိုး
IT နည်းပညာဖြင့် အသက်မွေးမှု စတင်ရန်အတွက် အသုံးအ၀င်ဆုံး Certificate ၁၀မျိုး
1:13 PM


သင်
Information Technology ဟုခေါ်ဆို သော IT လောကတွင် စတင်အခြေချတော့ မည်လား? (သို့မဟုတ်) IT နည်းပညာဖြင့် အသက်မွေးမှု အခွင့်အလမ်းကို ရှာဖွေနေပါသလား? ဖော်ပြထားသော Certificate များမှာ IT လောကတွင် အလုပ်ကောင်းများ ရှာဖွေရန် လိုအပ်သော အရည်အချင်းများ ကို ရရှိစေပါသည်။ ၎င်း Certificate များထဲမှ လက်မှတ်တစ်ခုခုကို ရရှိထားချိန်တွင် IT လောက၌ အောင်မြင် သော လုပ်သက်များနှင့်မြင့်မားသော အောင်လက်မှတ် ရရှိနိုင်ခြင်း၏ ခြေလှမ်း အစပင်ဖြစ်ပါသည်။

I.

CompTia A+ Certificate

Computer လုပ်ငန်းများတွင်လူအများကြား ရေပန်းစားသော Certificate များတွင် A+ Certificate သည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ A+ အောင်လက်မှတ်သည် Computer Hardware, OS နှင့် Networking ပိုင်းတွင် Computer ပညာရှင်တစ်ယောက်အဖြစ်သင့်အား သက်သေခံပေးပါလိမ့်မည်။ A+ Certificate ကိုရရှိရန် ပညာရှင်လုပ်သက် အနည်းဆုံး ၆ လနှင့် စာမေးပွဲ (၂) ခုလိုအပ်ပါသည်။ ၎င်း Exam (၂) ခုလုံးသည် မိမိကိုယ်တိုင် လေ့လာ၍ ဖြေဆိုရမည်ဖြစ်သည်။ ထိုကြောင့် စာအုပ်ကောင်းများဖတ်ရှု့ခြင်း ၊ လေ့လာခြင်းဖြင့် A+ Certificate ကို ရရှိနိုင်ပါသည်။
 

     

2.


Microsoft Certificate Professional

Microsoft မှပေးအပ်သော လက်မှတ်တစ်ခုခုကို ရရှိရန် ပထမအဆင့် အနေဖြင့် MCP (Microsoft Certificate Professional) exam အောင်မြင်ထားရမည်။ ၎င်းစာမေးပွဲဖြေဆိုပြီးပါက အခြား Certificate များဖြစ်သည့် (MCSD, MCSE) အစရှိသည်များကို ဆက်လက် ဖြေဆိုနိုင်မည်ဖြစ်သည်။

     

3.


Microsoft Certified Desktop Service Technician

Computer Troubleshoot များလုပ်ရန် Microsoft Certified Desktop Service Technician MCDST Certificate ကိုဖြေဆိုရမည်ဖြစ်သည်။ ထိုအပြင် Computer Desktop ပိုင်းကို နားလည်တက်ကျွမ်းပြီး အလုပ်လုပ်ကိုင်နိုင်ရန် အခြား စာမေးပွဲ (၂) ခုကိုလည်း ဖြေဆိုထားသင့်သည်။
 

     

4.


CompTia Security

CompTia Security certificate ရရှိရန် Network နှင့်ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံ (၂) နှစ်ရှိရန် လိုအပ်သည်။ Network နယ်ပယ်တွင် အခြေချမည့် IT သမားတယောက်အနေဖြင့် ၎င်း certificate ကိုရရှိ ရန် ကြိုးစားသင့်သည်။ MCSA နှင့် CNE exam များဖြေဆိုရန်အတွက် CompTia Security certificate သည် ကြိုတင်လိုအပ်သော certificate တစ်ခုပင်ဖြစ်သည်။
 

     

5.


CIW Associate

Computer Troubleshoot များလုပ်ရန် Microsoft Certified Desktop Service Technician MCDST Certificate ကိုဖြေဆိုရမည်ဖြစ်သည်။ ထိုအပြင် Computer Desktop ပိုင်းကို နားလည်တက်ကျွမ်းပြီး အလုပ်လုပ်ကိုင်နိုင်ရန် အခြား စာမေးပွဲ (၂) ခုကိုလည်း ဖြေဆိုထားသင့်သည်။
 

     

6.


Sun Certificated Java Programmer

အဆင့်မြင့် Java Certificate များကို ရရှိလိုသူများအတွက် Sun Certificated Java Programmer exam ဖြေဆိုခြင်းသည် သင်၏ ပထမဆုံး ခြေလှမ်းဖြစ်သည်။ Java Programmer ကောင်းတစ်ယောက်အဖြစ် ရပ်တည်ရန် ဒီ certificate ကသက်သေခံပေးနေပါလိမ့်မည်။ ၎င်း exam ကိုမဖြေဆိုမီ အခြေခံကျသော Programming Language များကို သေချာစွာနားလည်ထားသင့်သည်။ ထို့ကြောင့် စာအုပ်ကောင်းများကို လေ့လာခြင်း training သင်တန်းကောင်းများတက်ရောက်ခြင်းကို ပြုလုပ်သင့်ပေသည်။

     

7.


CCNA or CCDA

IT နယ်ပယ်သည် သင့်အတွက် အသစ်အဆန်းဖြစ်နေပါက CCNA နှင့် CCDA exam ၂ ခုလုံးကို ဖြေဆိုရန် လိုအပ်ပေလိမ့်မည်။ အသက်မွေးဝမ်းကျောင်းအရ ဒီ certificate သည်ခိုင်မာသော အလုပ်အကိုင် ကောင်း များကိုပေးနိုင်လိမ့်မည်ဖြစ်သည်။ ကြိုးစားအားထုတ်မှုရှိရန် လိုအပ်သည်။ Cisco certificate သည် လူအများကြားတွင် ရေပန်းစားသော certificate တစ်ခုပင်ဖြစ်သည်။ IT နယ်ပယ်တွင် လုံလောက်သော အတွေ့အကြုံရှိပါက Cisco Advanced exam များကို တိုက်ရိုက်ဖြေဆိုနိုင်မည် ဖြစ်သည်။
 

     

8.


Microsoft Office Specialist

အကယ်၍ သင်သည် Microsoft Office Product (Word, Excel) များနှင့် အကျွမ်းဝင်ပါက စာမေးပွဲ ၁ ခုဖြေဆိုရုံဖြင့် Microsoft Office Specialist certificate ကိုရရှိနိုင်မည်ဖြစ်သည်။ Microsoft Product များကို ကျယ်ပြန့်စွာ သိရှိထားသူများသည် exam များဆက်လက်ဖြေဆိုခြင်းဖြင့် Master Level အထိ ရောက်ရှိနိုင်ပါသည်။

     

9.


MySQL

MySQL certificate သည် Basic SQL နှင့် MySQL တို့ကို စစ်ဆေးပေးခြင်းဖြစ်သည်။ SQL နှင့် ပတ်သက်သည်များကို အဆင့်မြင့်လေ့လာပြီးပါက Professional Level certification များကို ရယူနိုင်ပေသည်။
 

     

10.


Graphic and Internet Certification

Graphic Designer နှင့် Web developer များအတွက် ၎င်းတို့နှင့်သက်ဆိုင်သော certificate အမျိုးအစား များစွာရှိပါသည်။ ၎င်း certificate များထဲမှ မိမိနှင့်ကိုက်ညီသော exam တစ်ခုကိုဖြေဆိုထားသင့်သည်။ Exam ရွေးချယ်ရာတွင် မိမိလုပ်ကိုင်သည့်အလုပ် (သို့) လုပ်လိုသောအလုပ်နှင့် ဆက်လျဉ်း၍ ရွေးချယ်သင့် သည်။ WebYoda နှင့် WOW ကဲ့သို့သော အဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်စုံစမ်းနိုင်သည်။

 

(မှတ်ချက်။  ။ မြန်မာထရိန်နီဒေါ့ ကွန်းမှ ကူးယူဖော်ပြပါသည်။)

 

Views: 1149 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  May 2009  »
SuMoTuWeThFrSa
     12
3456789
10111213141516
17181920212223
24252627282930
31
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz