Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » April » 23 » Microsoft မှ Free Voucher ရရှိနိုင်မည့်အခွင့်အရေး
Microsoft မှ Free Voucher ရရှိနိုင်မည့်အခွင့်အရေး
8:50 AM


Microsoft မှ Free Voucher ရရှိနိုင်မည့်အခွင့်အရေး

မိုက္ကရိုဆော့ဖ်မှစစ်ဆေးသော စာမေးပွဲတစ်ခုဖြစ်သည့် Microsoft Technology Specialist Exam စာမေးပွဲကို ပထမဦးဆုံးဖြေဆိုသူ အယောက်တစ်သိန်းအား မိုက္ကရိုဆော့ဖ်မှ အခမဲ့ဖြေဆိုခွင့် Free Voucher ပေးသွားမည်ဖြစ်ကြောင်း Global-Net မှသိရသည်။

အဆိုပါအစီအစဉ်မှာ 2009 ခုနှစ်အတွက် မိုက္ကရိုဆော့ဖ်မှ ပရိုမိုးရှင်းအနေဖြင့် အခမဲ့ Free voucher ပေးခြင်းဖြစ်ကြောင်းသိရသည်။ အခမဲ့ဖြေဆိုခွင့် Free Voucher ၏ပရိုမိုးရှင်းကာလမှာ ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်အထိဖြစ်ပြီး စာမေးပွဲဖြေဆိုသူအနေဖြင့် Registration နှင့် စာမေးပွဲဖြေဆိုမှုကို ဇွန်လ 30  ရက်နေ့ နောက်ဆုံးထား၍ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

“၂၀၀၉ ခုနှစ်အတွက် မိုက္ကရိုဆော့ဖ်ရဲ့ ပရိုမိုးရှင်းအနေနဲ့ ပထမဆုံးစာမေးပွဲဖြေဆိုတဲ့သူအယောက်တစ်သိန်းကို Free Voucher ပေးမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကတော့ Second Shot ပရိုမိုးရှင်းလို Voucher ပရိုမိုးရှင်းပါပဲ။ ဒါပေမယ့် Second Shot တုန်းကလို ဒီ Voucher Code ကို မည်သူမဆိုဖြေဆိုရမှာမဟုတ်ပါဘူး။ လွှဲပြောင်းဖြေဆိုတာတို့ဘာတို့လည်း လုပ်လို့မရပါဘူး။ ဒီ Voucher Code နဲ့ Registration လုပ်ထားတဲ့သူတစ်ဦးသာ ဖြေဆိုလို့ရမှာဖြစ်ပါတယ်” ဟု GlobalNet မှ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။

မိုက္ကရိုဆော့ဖ်မှ ၂၀၀၉ ခုနှစ်အတွက် ပရိုမိုးရှင်းပေးသော အခမဲ့ဖြေဆိုခွင့် Free Voucher မှာ Microsoft Technology Specialist Exam အတွက် သီးသန့်ဖြစ်သောကြောင့် စာမေးပွဲဖြေဆိုသူများအတွက် လက်လွတ်မခံသင့်သည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း သိရသည်။ Free Voucher နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များနှင့် Promotion Voucher Code များကို www.dreamspark.com တွင် ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Microsoft Technology Specialist Exam နှင့်ပတ်သက်၍ တခြားသိရှိလိုသည်များရှိပါက GlobalNet အဆောင် (၇)၊ အခန်း (၂)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်မြို့ နယ်၊ ဖုန်း-652324, 652232, 507054- သို့ဆက်သွယ်စုံစမ်းမေး မြန်းနိုင်ကြောင်းသိရသည်။


Written By - စိုးမြင့်ထွန်း

Views: 788 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  April 2009  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
2627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz