Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » December » 5 » Social Networking အသုံးပြုနိုင်မည့် ရေဒီယို
Social Networking အသုံးပြုနိုင်မည့် ရေဒီယို
6:04 PM
ရက်ဂ်ဘီဘောလုံးပုံစံ ရေဒီယိုလေးတစ်လုံးနဲ့ သီချင်းတွေနားထောင်နိုင်သလို ကိုယ့်ရဲ့ Social Networking ၀က်ဘ်ဆိုက်တွေက update တွေကိုလည်း စောင့်ကြည့်နေနိုင်တော့မှာဖြစ်ပါတယ်။ အင်တာနက်ချိတ်ဆက်နိုင်တဲ့ Sensia အမည်ရှိရေဒီယိုအသစ်မှာ Twitter update တွေကို ကြည့်ရှုနိုင်အောင်စီစဉ်ထားပြီး မကြာခင်မှာ Facebook ကိုလည်းကြည့်ရှုနိုင်မယ်လို့ဆိုပါတယ်။ Wi-Fi စနစ်ပါဝင်တဲ့ရေဒီယိုမှတဆင့် ကိုယ့်ရဲ့ကွန်ပျူတာမှာသိမ်းဆည်းထားတဲ့ သီချင်းတွေကိုလည်းနားထောင်နိုင်မှာပါ။ ဒါ့အပြင် Picasa software ပါဝင်တာကြောင့် ရုပ်ပုံတွေကိုလည်းကြည့်ရှုပြင်ဆင်နိုင်ပါလိမ့်မယ်။ ကမ္ဘာ့ပထမဆုံးဖြစ်လာမယ့် Social Networking ပြုလုပ်နိုင်တဲ့ Sensia ဒစ်ဂျစ်တယ် ရေဒီယိုတစ်လုံးရဲ့ဈေးနှုန်းက ၇၄၉ ဒေါ်လာဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ ရေဒီယိုမှတဆင့် Twitter, Facebook တို့သုံးပြီး မိတ်ဆွေသူငယ်ချင်းတွေနဲ့ဆက်သွယ်နိုင်မှာပါ။ ဒါပေမယ့်မေးလ်စနစ်တွေတော့ အသုံးမပြုနိုင်ပါဘူး။ Sensia ရေဒီယိုကိုထုတ်လုပ်လိုက်တဲ့ Pure ကုမ္ပဏီက ရေဒီယိုတစ်လုံးကို သီချင်းနားဆင်ရုံမက သတင်းအချက်အလက်စောင့်ကြည့်မှုနဲ့ လုံခြုံရေးကိစ္စတွေအတွက်ပါအသုံးချနိုင်တဲ့ နေအိမ်သုံးအခြေစိုက်စခန်းလေး တစ်ခုဖြစ်လာအောင် ဆောင်ရွက်သွားမယ်လို့ပြောကြားထားပါတယ်။ Prue အနေနဲ့ digital music service ကုမ္ပဏီဖြစ်တဲ့ Spotify နဲ့လည်း ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ယခုကာလမှာ တီဗီအစီအစဉ်ထုတ်လွှင့်သူတွေ ဟာလည်း ၎င်းတို့ရဲ့အစီအစဉ်တွေကို Social Networking ၀က်ဘ်ဆိုက်ကဲ့သို့ အွန်လိုင်းကဏ္ဍတွေနဲ့ ပေါင်းစပ်သွားရေးကြိုးပမ်းလာကြပါတယ်။ Sensia ရေဒီယိုထုတ်လုပ်လိုက်တဲ့ Pure ဟာ ၎င်းတို့အနေနဲ့ Apple iPhone ကဲ့သို့ အောင်မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ Pure ဟာလက်ရှိအချိန်မှာ ဗြိတိန်နိုင်ငံ digital radios ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပါတယ်။ ဗြိတိန်နိုင်ငံတစ်ဝှမ်းရှိ analog စနစ်အသံလွှင့်အစီအစဉ်အများစုကို ၂၀၁၅ ခုနှစ်အရောက်မှာ ရပ်ဆိုင်းစေမှာဖြစ်ပြီး digital အသံလွှင့်စနစ်ကိုသာ အဓိကအသုံးပြုသွားတော့မယ်လို့ သိရပါတယ်။ အနာဂတ်ကာလမှာ တိုးတက်လာမယ့်နည်းပညာတွေကြောင့် လူအများစုဟာ တီဗီကြည့်တာနဲ့အင်တာနက်သုံး တာကို ပစ္စည်းတစ်မျိုးတည်းဖြင့်သာ အလွယ်တကူပြုလုပ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်နေကြပါတယ်။
Views: 795 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  December 2009  »
SuMoTuWeThFrSa
  12345
6789101112
13141516171819
20212223242526
2728293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz