Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » December » 29 » အိမ်အရောက် ဖိုက်ဘာ ၀န်ဆောင်မှု စနစ်ဖြင့် ရုပ်သံ၊ ဗီဒီယိုဖိုင်များ အင်တာနက်မှ ကြည့်နိုင်တော့မည်
အိမ်အရောက် ဖိုက်ဘာ ၀န်ဆောင်မှု စနစ်ဖြင့် ရုပ်သံ၊ ဗီဒီယိုဖိုင်များ အင်တာနက်မှ ကြည့်နိုင်တော့မည်
6:47 AM
  ရတနာပုံ တယ်လီပို့ ကော်ပိုရေးရှင်း လီမိတက်မှ ပြည်တွင်း၌ မကြာမီ ၀န်ဆောင်မှုစတင်ပေးတော့မည့် အင်တာနက်ချိတ်ဆက်မှုစနစ်သစ်တစ်ခုဖြစ်သော

Fiber to the Home စနစ်ဖြင့် အင်တာနက်ပေါ်တွင် ရုပ်သံ၊ ဗီဒီယိုဖိုင်များအားကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါကော်ပိုရေးရှင်းလီမိတက်မှ အင်ဂျင်နီ

ယာချုပ် ဦးဇော်မင်းဦးက ပြောကြားသည်။ဖိုင်ဘာဆက်ကြောင်းများဖြင့်အင်တာနက်အသုံးပြုနိုင်မည့် အဆိုပါစနစ်သည် ADSLနှင့် Wi-Maxအစရှိသောအင်တာ

နက်ချိတ်ဆက်မှုစနစ်တို့ထက် မြန်နှုန်း ပိုမြင့်လာမည်ဖြစ်သောကြောင့် ယင်းဝန်ဆောင်မှုနှစ်ခုပေါ်တွင်အရရှိနိုင်သည့် Fiber to the Homeစနစ်ပေါ်တွင်ရုပ်သံ၊

ဗီဒီယိုဖိုင် ကြည့်ရှုခြင်းများအား ပြုလုပ်လာနိုင်မည်ဖြစ်ကြောင်းအထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။ ဖိုက်ဘာဆက်ကြောင်းစနစ်ဖြင့် အင်တာနက် ချိတ်ဆက်မှု

များပြုလုပ်နိုင်တော့မည့် Fiber to the Home စနစ်အား လာမည့် ၂၀၁၀ ခုနှစ်ဖေဖော်ဝါရီလအတွင်းစတင်အသုံးပြုနိုင်မည်ဖြစ်ပြီး၊ဖိုက်ဘာဆက်ကြောင်းတည်

ရှိရာမြို့များ (ဖိုက်ဘာ ဆက်ကြောင်းဖြင့် အသုံးပြုရန် အသင့်ဖြစ်သော မြို့များ)တွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်ကို လာမည့်

ဖေဖော်ဝါရီလမှ  စတင်ဝန်ဆောင်မှု ပေးမည် ဖြစ်သည်ဟု သိရသည်။ အဆိုပါစနစ်အား ချိတ်ဆက်အသုံးပြုလိုသောကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် ရတနာ

ပုံတယ်လီပို့ ကော်ပိုရေးရှင်းလီမိတက်နှင့် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ပြည်တွင်းမှ  တိုင်းရင်းသားပိုင် ကုမ္ပဏီများအနေဖြင့်  ၀န်ဆောင်ခအား မြန်မာ

ကျပ်ငွေဖြင့် ပေးသွင်းနိုင်၍ နိုင်ငံခြားကုမ္ပဏီများ၊သံရုံးများမှာမူဝန်ဆောင်ခအားအမေရိကန်ဒေါ်လာဖြင့် ပေးသွင်းရမည်ဖြစ်သည်။ ထိုအပြင် ယင်းစနစ်အားအ

သုံးပြုလိုသူများအနေဖြင့် ရက်အကန့်အသတ်မရှိ ၀န်ဆောင်ခပေးသွင်းပြီးတပ်ဆင်ထားနိုင်ကြောင်း ၂၀၀၉ခုနှစ် ဒီဇင်ဘာ ၂၄ရက်နေ့ထုတ် 7Day News ဂျာ

နယ်တွင် ဖော်ပြထားပါသည်။

copy from khitlunge

Views: 1003 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  December 2009  »
SuMoTuWeThFrSa
  12345
6789101112
13141516171819
20212223242526
2728293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz