Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » October » 20 » ZTE G500 ဝယ်သင့်တဲ့ အကြောင်းအချက် (၈)ချက်
ZTE G500 ဝယ်သင့်တဲ့ အကြောင်းအချက် (၈)ချက်
3:30 PM

Photo

1 Design
ဖုန်းကိုယ်ထည်ကိုက အကြမ်းခံသုံးစွဲနိုင်အောင် ပြုလုပ်ပေးထားခြင်း ဖြစ်သည့် 2.0 လက်မ မျက်နှာပြင်နှင့်အတူ ရေစိုခံ၊ ရုတ်တရက် လွတ်ကျမှုများကို တော်ရုံခံနိုင်ရည် ရှိအောင် ပြုလုပ်ပေးထားသည်။



2 Weight
ဘက်ထရီပါ ထည့်သွင်းစဉ်းစားမည်ဆိုရင်တော့ အလေးချိန် 248 ဂရမ်ဆိုတာ လေးလွန်းတယ်လို့ မဆိုနိုင်ပါဘူး။ CDMA ဖုန်းတွေအတွက် ဆန်းသစ်ထားတာ ဖြစ်ပြီး ဝေါ်ကီတော်ကီနဲ့ အနည်းငယ်ပုံစံဆင်ပါတယ်။

3 Storage
ဖုန်းအတွင်းပိုင်း အချက်အလက် သိမ်းယူနိုင်မှုအတွက်တော့ SD Card ကနေတစ်ဆင့် 16GB လောက်ထိ အမြင့်ဆုံး သိမ်းဆည်းနိုင်မှာ ဖြစ်တဲ့အတွက် လုပ်ငန်းကိစ္စအတွက် အကြမ်းပတမ်း အသုံးပြုလိုသူတွေအတွက် အံဝင်မှာပါ။

4 Battery
ဘက်ထရီပိုင်းအတွက်လည်း စိတ်ချယုံကြည်စရာကောင်းတဲ့ အရည်အသွေးကို အသုံးပြုထားပြီး ဖုန်းကို standby အနေနဲ့ (၇) ရက်တိတိ အသုံးပြုနိုင်ပြီး talk time အနေနဲ့ (၆) နာရီကြာ အသုံးပြုနိုင်မှာပါ။

5 Network
လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ နယ်ဝေးခရီးသွားသူတွေအတွက်တော့ အဆင်ပြေစေပါလိမ့်မယ့်။ ဘာကြောင့်လဲဆိုရင် 450 နဲ့ 800 ကို အလိုအလျောက် ချိန်းပေးတဲ့အတွက်ကြောင့်ပါပဲ။

6 Software
Java နည်းပညာကို အသုံးပြုထားတဲ့အပြင်၊ သီချင်းလေးတွေ နားဆင်နိုင်ဖို့ပါ အဆင်ပြေစေမှာပါ။ GPS, Midi Audio, Voice recorder ပါဝင်တဲ့ အတွက်ကြောင့် အသံဖမ်းယူထားနိုင်မှုတွေကို ထောက်ပံ့ပေးပါလိမ့်မယ်။
 

7 Antenna
450 MHz, 800 Mhz နှစ်မျိုးလုံးအတွက် အဆင်ပြေစေနိုင်မယ့် သီးသန့် အင်တာနာတိုင်ကို အသုံးပြုထားတဲ့အတွက် လိုင်းဆွဲအား အတွက်တော့ စိတ်အားငယ်စရာ မလိုတော့ပါဘူး။

8 Feature
လိုင်းဆွဲအားကောင်း ဖုန်းတစ်လုံးကို မျှော်လင့်နေတဲ့သူတွေ အတွက်တော့ ရေစို အကြမ်းခ့တဲ့ လိုင်းနှစ်လိုင်းသုံး ဖုန်းတစ်လုံးကို ရလိုက်သလိုပါပဲ။

Display    - 2.0 inches
Software    - Java
Antenna    - 2 (external)
Talk Time - 6hr
Network   - CDMA 800/450 Mhz
Price     - 650,000 Ks

Views: 3934 | Added by: yetwayhtet | Rating: 4.5/4 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  October 2011  »
SuMoTuWeThFrSa
      1
2345678
9101112131415
16171819202122
23242526272829
3031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz