Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » December » 5 » Windows 7 ကို လျင်မြန်စွာအသုံးပြုနိုင်မည့်အချက်များ
Windows 7 ကို လျင်မြန်စွာအသုံးပြုနိုင်မည့်အချက်များ
6:09 PM

Window တွေကို လျင်မြန်စွာပြောင်းလဲအသုံးပြုခြင်း။

Window တွေကိုလျင်မြန်စွာ ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် minimize-maximize animation  တွေကို disable  လုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
Disable လုပ်နည်းကတော့ Start  ကနေ SystemPropertiesPerformance  လို့ရိုက်ပြီး Visual Effects Tab  တွင် Animate windows when minimizing and maximizing  ကို uncheck  လုပ် ပြီး OK  ကိုနှိပ်ရမှာဖြစ်ပါတယ်။

Windows 7 boot time ကိုမြှင့်တင်ခြင်း။
Windows 7 ဟာစတင်အလုပ်လုပ်စဉ်က core  တစ်လုံး တည်းကိုသာ အသုံးပြုပါတယ်။ ဒါကြောင့် boot time  ကိုမြှင့်တင်ဖို့အတွက် အသုံးပြုမယ့် core  တွေကို တိုးမြှင့်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start  မှ Run  ကိုနှိပ်ပြီး Run Box  တွင်ျာခသည်ငါ လို့ရိုက်ထည့်ပါ။ ထို့နောက် boot tab  ရှိ Advanced options...  ကို click  လုပ် ပါ။ ထို့နောက် Number of processors  တွင် မိမိ ကွန်ပျူတာရှိ processor  ရဲ့ core  အရေအတွက်ကို ရိုက်ထည့်ပါ။ ဥပမာ။ ။ 2,4, ၈
ထို့နောက် OK  လုပ်ပြီး Apply  ကိုနှိပ်ပါ။ (ပုံ-၁)
မလိုအပ်တဲ့ Font တွေကို ဖယ်ရှားပါ။
Application တွေအတွက်လိုအပ်တဲ့ font  တွေကိုသာအသုံးပြုပြီး မလိုအပ်တဲ့ font တွေကိုဖယ်ရှားခြင်းဖြင့် system ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်းကတော့ control panel ရဲ့ Fonts folder ရှိ အသုံးမပြုတဲ့ font များကိုဖယ်ရှားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။

Windows 7 shutdown time ကိုမြှင့်တင်ခြင်း
Windows 7 ကို shutdown ပြုလုပ်ခြင်းဟာ Windows XP, Windows Vista တို့ထက်ပိုမြန်ပါတယ်။ ဒါပေမဲ့ registry အတွင်းအနည်းငယ် အပြောင်းအလဲပြုလုပ်ဖို့လိုပါတယ်။
ပြောင်းလဲပုံကတော့ Start တွင် regedit လို့ရိုက်နှိပ်ပြီး Enter လုပ်ပါ။ ထို့နောက် HKEY_ LOCA L_MACHINE\SYSTEM\CurrentControlSetControl  တွင် right-click  လုပ်ပြီး WaitToKil lServiceTimeOut  ကိုရိုက်ထည့်ကာ value 12000 (12 seconds) ကို default အဖြစ်ထားရမှာဖြစ်ပါတယ်။ ထို့နောက် OK လုပ်ပြီး PC ကို restart လုပ်ပါ။

Search Indexing feature ကို disable လုပ်ပါ။
မိမိသိမ်းဆည်းထားတဲ့ဖိုင်များဟာ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်တယ်ဆိုရင်တော့ Search Indexing feature  ကိုပိတ်ထားသင့်ပါတယ်။
ပြုလုပ်နည်းကတော့ Start  တွင် services.msc  လို့ရိုက် ထည့်ပြီး Windows Search  ကို right-click  လုပ်ကာ disable  ပြုလုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။

Taskbar thumbnail ရဲ့ဖော်ပြချိန်ကိုလျှော့ ချခြင်း။
Taskbar တွေကို thumbnail  အဖြစ်ဖော်ပြခြင်း ဟာ Windows 7  ရဲ့အကောင်းဆုံး feature  ဖြစ် ပါတယ်။ ဒါပေမဲ့ System  ကိုနှေးကွေးစေတာကြောင့် ၎င်းင်း thumbnail  တွေရဲ့ဖော်ပြချိန်ကို လျှော့ချပေး ခြင်းဖြင့် system  ရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start  မှာ regedit  လို့ရိုက်ပြီး HKEY_ CURRENT_USER \Software\ Microsoft\Windows\Current Version\Explorer\ Advanced  တွင် right-click  လုပ်ပြီး New DWORD  ကိုရွေးကာ ThumbnailLivePreview HoverTime  လို့ရိုက်ထည့်ရပါမယ်။ ထို့နောက် ရိုက် ထည့်လိုက်တဲ့စာသား ပေါ်တွင် right-click  လုပ်ပြီး modify  လုပ်ရပါမယ်။ ထို့နောက် Decimal Base  တွင် 200 (0.2 seconds)  လို့ထည့်ရပါမယ်။ ထို့ နောက် OK  လုပ်ပြီး ကွန်ပျူတာကို restart  လုပ်ရပါ မယ်။ ပုံ(၂)
System Sounds ကို မလို အပ်လျှင်ပိတ်ပစ်ပါ။
Windows 7 ရဲ့ system sound  ကိုမလိုအပ် လျှင် ပိတ်ထားသင့်ပါတယ်။
ပိတ်ထားလိုသူများအနေဖြင့် Start  တွင် mmsys.cpl  လို့ရိုက်ထည့်ပြီး Sounds tab  တွင် No Sounds  ကိုရွေးကာပြုလုပ်နိုင်ပါတယ်။
မလိုအပ်တဲ့ Startup  ပရိုဂရမ်တွေကိုပိတ်ပါ။
အချို့ပရိုဂရမ်များဟာ Windows  စတင်အလုပ် လုပ်ချိန်မှာ အလိုအလျောက်အလုပ်လုပ်ပါတယ်။ အလိုအလျောက် အလုပ်လုပ်တဲ့ ပရိုဂရမ်များတွင် Acrobat, Quick Time, iTunes, Java  စသည်တို့ပါဝင်ပြီး ၎င်းတို့ကို ပိတ်ထားခြင်းဖြင့် system  ကို လျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့ Start တွင် msconfig လို့ရိုက်ထည့်ပြီး startup tab တွင် မလိုအပ်တဲ့ပရိုဂရမ်များကို uncheck  လုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါ တယ်။

Aero Theme ကို disable  လုပ်ပါ။
Windows 7 ရဲ့ Aero Theme  ဟာနှစ်သက် ဖွယ်ကောင်းပေမယ့် system  ရဲ့လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ Aero Theme  ကို disable  လုပ်လိုသူတွေအတွက် desktop  တွင် right-click  လုပ်ပြီး Personalise  ကို ရွေးကာ Windows Color tab  ကိုကလစ်လုပ်ပြီး Enable Transparency box  ကို ကညခ့နခု လုပ်ရပါမယ်။ ထို့နောက် Open classic appearance properties for more color options  တွင် standard  (သို့) Basic theme  ကို ရွေးချယ်ကာပြုလုပ်နိုင်ပါတယ်။

မလိုအပ်တဲ့ Service တွေကိုပိတ်ပါ။
အချို့ Windows 7 service  တွေဟာ RAM  ကို အလဟဿဖြစ်စေပါတယ်။ အောက်ဖော်ပြပါ ဇယားကတော့ Windows 7  ရဲ့ service  တွေကို ရပ်တန့်ထားနိုင်မယ့် အချက်များကိုဖော်ပြပေးထားခြင်း ဖြစ်ပါတယ်။ Service  တွေကို disable  လုပ်လို ရင်တော့ အောက်ဖော်ပြပါ link ကိုနှိပ်ပြီး ဆက်လက်ဖတ်​ရှုပါ။

Read More

Views: 868 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 1
1 evergreen  
0
windows 7 စာအုပ်လေးတွေရှိရင် တင်ပေးပါဦးလားဗျာ..

Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  December 2009  »
SuMoTuWeThFrSa
  12345
6789101112
13141516171819
20212223242526
2728293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz