Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » October » 20 » အွန်လိုင်းမှ VOIP ဖုန်း အသုံးပြုနိုင်သည့် တစ်ခါသုံးကတ် နိုဝင်ဘာတွင် ဖြန့်ချိမည်
အွန်လိုင်းမှ VOIP ဖုန်း အသုံးပြုနိုင်သည့် တစ်ခါသုံးကတ် နိုဝင်ဘာတွင် ဖြန့်ချိမည်
2:28 PM
အွန်လိုင်းမှ တရားဝင် ဖုန်းခေါ်ဆိုနိုင်မည့် VOIP စနစ်သုံး ကြိုတင် ငွေဖြည့်ကတ်များ နိုဝင်ဘာလအတွင်း စတင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း  ဝန်ဆောင်မှု ပေးသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ငွေဖြည့်ကတ်တွေကို အင်တာနက်ဆိုင် တွေမှာ အဓိက ရောင်းချပေးသွားမှာပါ။ ဒီစနစ်က နိုင်ငံတကာသုံး VOIP စနစ်ကို အသုံးပြုထားတဲ့အတွက် သာမန် ဖုန်းပြောတာ တွေထက် အသံပိုကြည်လင် ပြတ်သားမှာပါ။ ကတ်တွေကိုလည်း သာမန်လူတန်းစားတွေ အသုံးပြုနိုင်အောင် ထုတ်လုပ်သွားမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ စနစ်မှာ လက်ရှိ အသုံးပြုနေသော Pfingo, Skype စနစ်များကဲ့သို့ ဖုန်းအလွယ်တကူ ပြောဆိုနိုင်မည် ဖြစ်ပြီး တရားဝင် ငွေဖြည့်ကတ် စနစ်ဖြင့် သုံးနိုင်သည့် စနစ်တစ်ခု ဖြစ်သည်။ ၎င်းစနစ်အတွက် FEC တန်ဖိုး ၅၊ ၁၀၊ ၃၀ နှင့် ၅၀ တန်ကတ်များ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ "ကတ်တွေကို အသုံးပြုမယ် ဆိုရင်တော့ Pfingo နဲ့ဖုန်းခေါ်သလိုပဲ အသုံးပြုရမှာပါ။ ဖုန်းလိုင်းကို အသုံပြုဖို့ အတွက်လည်း အင်တာနက် မြန်နှုန်းတွေ တိုးမြှင့်ပေးသွားဖို့ ဆောင်ရွက်သွားမှာပါ။ မြန်မာကျပ်ငွေနဲ့ ဝယ်ယူဖို့အတွက်တော့ ညှိနှိုင်းနေဆဲပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ ဖုန်းခေါ်ဆိုနိုင်သည့် စနစ်အား ရတနာပုံဝက်ဘ်ပေါ်တယ်ရှိ  Y-talk  စနစ်တွင် ဆောင်ရွက်ထားခြင်း ဖြစ်ပြီး ဖုန်းခေါ်ဆိုရာတွင် ပြည်တွင်းသာမက ပြည်ပနိုင်ငံများကိုပါ ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ "လက်ရှိအသုံးပြုနေတဲ့ G-talk စနစ်တောင် အင်တာနက် ကွန်နက်ရှင်ကျနေရင် သုံးလို့မရဘူး။ ဝက်ဘ်ဆိုက်ကနေ တစ်ဆင့် ပြန်သုံးရတဲ့ Y-talk စနစ်မှာ ဘယ်လို သုံးရမယ်ဆိုတာတော့ ဒီစနစ် ပေါ်လာမှပဲ သိရမှာပါ။ လက်ရှိတော့ ဖုန်းဆက်တာတောင် လိုင်းက ပြတ်တောက်မှုအမြဲ ဖြစ်နေပါတယ်” ဟု အင်တာနက် အသုံးပြုသူတစ်ဦးက ပြောသည်။  
Views: 787 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  October 2011  »
SuMoTuWeThFrSa
      1
2345678
9101112131415
16171819202122
23242526272829
3031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz