Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » December » 10 » ကျပ်နှစ်သိန်းအောက် Tablet နှင့် Netbook နှစ်မျိုး ဈေးကွက်ဝင်
ကျပ်နှစ်သိန်းအောက် Tablet နှင့် Netbook နှစ်မျိုး ဈေးကွက်ဝင်
8:18 PM
PhotoLenovo နှင့် Prolink အမှတ်တံဆိပ် နည်းပညာ ပစ္စည်းများတွင် ကျပ်နှစ်သိန်းအောက် ဝယ်ယူ ရရှိနိုင်မည့် Tablet နှင့် Netbook နှစ်မျိုး ပြည်တွင်းဈေးကွက် အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။  ကျပ် ၁၉၉,၀၀၀ ဖြင့် ဝယ်ယူ ရရှိနိုင်မည့် Lenovo A1 Tablet နှင့် Prolink UW3 Netbook များက စင်ကာပူနိုင်ငံမှ တင်သွင်း လာခြင်း ဖြစ်သည်။ Lenovo A1 Tablet မှာ Android 2.3 စနစ်သုံး အမျိုးအစား ဖြစ်ပြီး ၎င်း၏ မျက်နှာပြင်အကျယ်မှာ ၇" ဖြစ်သည်။ TI3622  Processor ကို အသုံးပြုထားသည့် အဆိုပါ Lenovo Tablet တွင် Memory 512MB နှင့် အချက်အလက်များ သိမ်းဆည်းနိုင်ရန် 1GB flash chip ပါဝင်ထားသည်။ Prolink UW3  Netbook သည် Intel Atom Dual Core N550 Processor, 1GB DDR3 Memory နှင့် 250 GB HDD တို့ ပါဝင်ထားသည်။  နိုင်ငံတကာသို့ သယ်ဆောင် သွားလိုသူများ အတွက် အဆင်ပြေစေမည့် Windows 7 Stater လိုင်စင်ကို ထည့်သွင်း ပေးထားသည်။ အာမခံသက်တမ်း တစ်နှစ် ရရှိမည့် အဆိုပါ Lenovo နှင့် Prolink နည်းပညာ ပစ္စည်းများကို ရန်ကုန်နှင့် မန္တလေးမြို့များရှိ KMD ကွန်ပျူတာ အရောင်းဆိုင်ကြီးများတွင် ဝယ်ယူ ရရှိ နိုင်ကြောင်း သိရသည်။

ယုဇနကိုကို
Views: 722 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  December 2011  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
25262728293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz