Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2012 » January » 25 » Myanmar Online Business Hub Website
Myanmar Online Business Hub Website
10:58 AM


BizSys Solution
အား ၂၀၀၈ ခုနှစ်မှစတင်၍ ပြည်ပနိုင်ငံများရှိ ကုမ္ပဏီကြီးများတွင် သွားရောက် အမှုထမ်း ဆောင်ခဲ့ကြသော အတွေ့အကြုံရင့် နည်းပညာရှင်များဖြင့် ပေါင်းစည်းတည်ထောင်ထားခြင်း ဖြစ်ပါသည်။ အရည် အသွေး ပြည့်မှီသော ကွန်ပြူတာနည်းပညာဆိုင်ရာ ထုတ်ကုန်များအား လျှင်လျှင်မြန်မြန် ထုတ်လုပ်သွားနိုင်ရန် နှင့် မြန်မာ့နိုင်ငံတွင်း ကွန်ပြူတာနည်းပညာများအား ဝါသနာရှင်မျိုးဆက်သစ်တို့အား ဖြန့်ဝေပေးနိုင်ရန် ရည်မှန်းချက်ထား၍ ကြိုးစား လုပ်ကိုင် လျှက်ရှိပါသည်။


မြန်မာနိုင်ငံ၏ ဖြစ်ထွန်းအောင်မြင်စပြုလာပြီဖြစ်သော သတင်းအချက်လက်ဆိုင်ရာ ဖလှယ်မှုလိုအပ်ချက်များအရ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် နှင့် သိုမှီသိမ်းဆည်းထားရန်မှာ အလွန်ပင် အရေးကြီးပါသည်။ သို့ဖြစ်ပါ၍ ဖြစ်ပေါ်ပြောင်းလည်းနေသော စည်းပွားရေး ပုံသဏ္ဌန်နှင့်ကိုက်ညီစေမည့် ကွန်ပြူတာအသုံးပြု စွမ်းရည် ပြည့်ဝသော ပရိုဂရမ်များအား အချိန်တိုအတွင်း အရည်အသွေးမြင့်မားစွာ ထုတ်လုပ် ပေးသွားနိုင်ရန် ရည်သန်လျှက် ရှိပါသည်။

ပထမဆုံးအနေဖြင့် အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေမည့် အိမ်ခြံမြေ အင်တာနက် စာမျက်နှာအား စတင်၍ တင်ဆက်လိုက်ပါသည်။ ဤအင်တာနက်စာမျက်နှာအား ခြားခံအဖြစ် အသုံးပြု၍ အိမ်ခြံမြေဆိုင်ရာများအား အရောင်းအဝယ် လုပ်ရာတွင် ရောင်းသူဝယ်သူ တိုက်ရိုက် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်း လုပ်ဆောင်နိုင်ကြမည် ဖြစ်ပါသည်။ အဖိုးနှုန်းအလွန်ချိုသာသော ကြေငြာဝန်ဆောင်မှုစရိတ်မှလွဲ၍ အခြားမည်သည့် အဖိုးအခမှ ပေးရန်မလိုအပ်ပါ။

သိုဖြစ်ပါ၍ ကျွန်ုပ်တို့ BizSys Solution မှ အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းများအား ဈေးကွက်လိုအပ်ချက် နှင့်အညီ လျှင်လျှင်မြန်မြန် လုပ်ဆောင်နိုင်ရန် စီစဉ်တင်ဆက်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် အခြားသော စီးပွားရေး လုပ်ငန်း များကိုလည်း ဈေးကွက် လိုအပ်ချက်နှင့် ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်များအပေါ် မူတည်၍ ဆက်လက်တီထွင် တင်ဆက် ပေးသွားမည် ဖြစ်ကြောင်း ၄င်းဝဒ်ဆိုဒ်တွင်ဖော်ပြထားသည်။

အိမ်ခြမြေဈေးကွက်ကို သွားရောက်စုံစမ်းချင်ရင်တော့ www.myanmarbizportal.com
Views: 1045 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  January 2012  »
SuMoTuWeThFrSa
1234567
891011121314
15161718192021
22232425262728
293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz