Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » October » 20 » Apple iPhone 4S
Apple iPhone 4S
3:24 PM
Photo

Design အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ "Let's Talk iPhone" ပွဲမှာ Apple ဟာ လူအများ မျှော်လင့် ထားသလိုမျိုး iPhone 5 ကို မိတ်ဆက် ပေးခဲ့ခြင်း  မရှိပေမယ့် iPhone 4 ရဲ့ ဒီဇိုင်းနဲ့ တူညီပြီး ဖုန်းအတွင်းပိုင်း အစိတ်အပိုင်းတွေကို အဆင့်မြှင့် တင်ထားတဲ့ iPhone 4S ကို မိတ်ဆက် ပေးခဲ့ပါတယ်။ အထက်တွင် ဆိုခဲ့တဲ့အတိုင်း iPhone 4S ရဲ့ဒီဇိုင်းဟာ iPhone 4 ရဲ့ ဒီဇိုင်း အတိုင်း တူညီပြီး ယခင်ထက် ၀.၁ အောင်စ ပိုလေးလာပါတယ်။ Display ကလည်း မပြောင်းလဲဘဲ ၃.၅ လက်မအရွယ် 960x640 pixel Retina Display ကို တပ်ဆင်ပေးထားပြီး iPhone 4 မှာ ဖြစ်ပေါ်ခဲ့တဲ့ Antennagate ပြဿနာကိုလည်း ဖြေရှင်း ပေးထားပါတယ်။

Features iPhone 4S မှာ Apple ရဲ့နောက်ဆုံးပေါ် operating system ဖြစ်တဲ့ iOS 5 ကို အသုံးပြုထားတဲ့အတွက် iOS 5 ရဲ့ feature အားလုံးဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပြောင်းလဲမှု ကြီးကြီးမားမား မရှိပေမယ့် advanced notifications နဲ့ PC Free လိုမျိုး feature သစ်တွေ ပါဝင် လာတာကတော့ ဝမ်းသာစရာ ဖြစ်ပါတယ်။ Feature တွေထဲက အကောင်းဆုံးလို့ Apple က အမွှမ်းတင်ထားတဲ့ Siri လို့ခေါ်တဲ့ အသံနဲ့ ထိန်းချုပ် နိုင်တဲ့ စနစ်ဟာ လက်ရှိ Voice Control feature ကို လုံးဝ အစားထိုးထားရုံ သာမကဘဲ ပြောင်းလဲမှု အများအပြားကိုပါ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ အခြေခံအားဖြင့် ဆိုရရင် Siri ဟာ အချက်အလက် လွှဲပြောင်းခြင်းနဲ့ အမိန့် ပေးခိုင်းစေခြင်း တို့ကို လိုက်လံ ပြုလုပ်ပေးနိုင်ပြီး ဥပမာ အနေနဲ့ ရာသီဥတု အခြေအနေ စစ်ဆေးခြင်း၊ ဖုန်းအဆက်အသွယ် တစ်ဦးရဲ့ လိပ်စာ မေးမြန်းခြင်း၊ သတိပေးချက်များ ပြုလုပ်ခြင်း၊ လမ်းညွှန်မှု ပြုလုပ်ခြင်း၊ ဧဝရက်တောင်၏ အမြင့်ပေ ကဲ့သို့သော သိလိုသည့် အရာများ မေးမြန်းခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီ feature ကို အသုံးပြုလိုတဲ့ အခါမှာ Home ခလုတ်ကို ဖိထားခြင်းဖြင့် ပြုလုပ်နိုင်ပြီး အမိန့် ပေးခိုင်း စေမှုများအတွက် တုံ့ပြန်မှုများကို အမျိုးသမီးအသံဖြင့် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ နောက်ထပ် အလွန်ကောင်းတဲ့ feature တစ်ခုကတော့ 8-mega-pixel ကင်မရာ ဖြစ်ပါတယ်။ ဒီကင်မရာမှာ autofocus, flash, f/2.4 aperture မှန်ဘီလူး၊ ယခင် sensor ထက် အလင်း ၇၃ ရာခိုင်နှုန်း ပိုမို ထောက်ပံ့ပေးနိုင်ပြီး အလင်းနည်းတဲ့ နေရာတွေမှာ စွမ်းဆောင်ရည် အကောင်းဆုံး ရှိစေမယ့် backside-alluminated CMOS sensor တို့ပါဝင်လာပြီး ယခင် iPhone 4 ရဲ့ကင်မရာထက် ၃၃ ရာခိုင်နှုန်း ပိုမိုလျင်မြန်စွာ လုပ်ဆောင် ပေးနိုင်တယ်လို့ Apple ကဆိုထားပါတယ်။ ဒါ့အပြင် A5 ပရိုဆက်ဆာမှာ face detection နဲ့ auto white balance ကို ၂၆ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေမယ့် built-in image ပရိုဆက်ဆာ တစ်ခုလည်း ပါဝင်ပါတယ်။ ဗီဒီယို ရိုက်ကူးတဲ့အခါမှာလည်း 1080p HD ဗီဒီယိုများကို ရိုက်ကူးနိုင်ပါတယ်။

Performance iPhone 4S ဟာ ဖုန်းဖြစ်တဲ့အတွက် GSM နဲ့ CDMA နှစ်ခုစလုံးကို အထောက်အပံ့ ပေးနိုင်ပါတယ်။ ပရိုဆက်ဆာအနေနဲ့ dual-core GPU တွဲဖက်ပါဝင်တဲ့ Apple ရဲ့ A5 dual-core 1GHz ကို အသုံးပြုထားပါတယ်။ Apple ရဲ့အဆိုအရ iPhone 4S မှာ အသုံးပြုထားတဲ့ chipset ဟာ iPhone 4 ထက် (၂) ဆပိုမြန်ပြီး ဂရပ်ဖစ် စွမ်းဆောင်ရည်ကိုလည်း (၇) ဆ ပိုမို ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်မြင့်တဲ့ ပရိုဆက်ဆာ အသုံးပြုထားပေမယ့်လည်း ဘက်ထရီရဲ့ စွမ်းဆောင်ရည်ဟာ နိမ့်ကျခြင်းမရှိဘဲ 3G ဖြင့် ဖုန်းပြောရာတွင် (၈)နာရီ၊ 2G ဖြင့် ဖုန်းပြောရာတွင် (၁၄)နာရီ၊ 3G ဖြင့် အင်တာနက် သုံးရာတွင် (၆) နာရီ၊ Wi-Fi ဖြင့် အင်တာနက် သုံးရာတွင် (၉)နာရီ၊ ဗီဒီယို ကြည့်ရှုခြင်းအတွက် (၁၀) နာရီနဲ့ သီချင်း နားထောင်ခြင်းအတွက် (၄၀)နာရီ အကြာ အသုံးပြုနိုင်ပါတယ်။ iPhone 4S ကို အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ကြိုတင် မှာယူနိုင်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်ကာ AT&T, Verizon  နဲ့ Sprint တို့ကနေ ရောင်းချမှာ ဖြစ် ပါတယ်။ နိုင်ငံတကာကိုတော့ နိုဝင်ဘာလမှာ စတင် ရောင်းချမယ်လို့ ဆိုထားပါတယ်။


အင်တာနက်ဂျာနယ်မှ ကူယူဖော်ပြပါသည်

Views: 840 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  October 2011  »
SuMoTuWeThFrSa
      1
2345678
9101112131415
16171819202122
23242526272829
3031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz