Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » December » 10 » အင်တာနက် မြန်နှုန်းကောင်းရန် ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်လိုင်း တိုးချဲ့မည်
အင်တာနက် မြန်နှုန်းကောင်းရန် ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်လိုင်း တိုးချဲ့မည်
8:10 PM
အင်တာနက် မြန်နှုန်းများ ကောင်းမွန်စေရန်အတွက် ပင်လယ်ရေအောက် ဖိုင်ဘာ ကေဘယ်လ်လိုင်း တိုးချဲ့သွားမည် ဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ "လက်ရှိ SE-ME-WE 3 ဆက်ကြောင်း တစ်ခုတည်းနဲ့ အင်တာနက် အသုံးပြုရတာဆိုတော့ ကြာရှည်သုံးစွဲလို့ မဖြစ်ဘူး။ ဒီဆက်ကြောင်း ပြတ်တောက်သွားရင် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နောက်ထပ် ဆက်ကြောင်းတစ်ခု ထပ်မံတိုးချဲ့သွားမှာ ဖြစ်ပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ဆက်ကြောင်းအား အာရှ-ဥရောပ ရေအောက်ဆက်သွယ်ရေး ဆက်ကြောင်းမှ သွယ်တန်းသွားမည်ဖြစ်ပြီး လက်ရှိ သွယ်တန်းထားသည့် SE-ME-WE 3 ကဲ့သို့ တိုက်ရိုက်ချိတ်ဆက် သွယ်တန်းသွားမည် ဖြစ်ကြောင်း သိရသည်။ "SE-ME-WE 4 ဖြစ်မလား၊ 5 ဖြစ်မလား ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဆက်သွယ်ရေး ပိုမိုလွယ်ကူစေဖို့ အတွက်တော့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ လက်ရှိ SE-ME-WE 3 ချို့ယွင်းမှုကိုတော့ ပြည်တွင်းမှာ ပြင်ဆင်လို့ ပြီးပါပြီ။ အခြား အာရှတိုက် နေရာတွေမှာလည်း ပြင်ဆင်နေပါပြီ။ အားလုံးပြီးသွားရင်တော့ အင်တာနက် ဆက်သွယ်မှု ပြန်လည် မြင့်တက် လာမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

အဆိုပါ ဖိုင်ဘာဆက်ကြောင်းများသည် နယ်သာလန်၊ ဖင်လန် နိုင်ငံတို့မှ လာ၍ ပြင်သစ်၊ မြေထဲပင်လယ်၊ အာရပ်နိုင်ငံ၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်း ဆက်ကြောင်းများအား မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပြီး ရေအောက်ကေဘယ်လ် ဆက်သွယ်ရေးစနစ်အတွက် စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးကိုလည်း နှစ်စဉ် ၆ လ တစ်ကြိမ် ကျင်းပလျက် ရှိသည်။ ၂၆ ကြိမ်မြောက် အစည်းအဝေးကိုလည်း မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၃၄ နိုင်ငံ ကိုယ်စားလှယ် ၄၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်
Views: 762 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  December 2011  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
25262728293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz