Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » October » 10 » အွန်လိုင်းမှ ဖုန်းခေါ်နိုင်သည့် Y-talk စနစ် ယခုနှစ်အတွင်း လာမည်
အွန်လိုင်းမှ ဖုန်းခေါ်နိုင်သည့် Y-talk စနစ် ယခုနှစ်အတွင်း လာမည်
10:57 AM
Photo
အွန်လိုင်းမှတစ်ဆင့် ပြည်တွင်းပြည်ပသို့ Y-talk စနစ်ဖြင့် ဖုန်းပြောနိုင်မည့် ဝန်ဆောင်မှုတစ်ရပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ဝန်ဆောင်မှုပေးသည့် ရတနာပုံကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ စနစ်မှာ G-talk ဖြင့် ဖုန်းပြောနိုင်သည့် စနစ်ကဲ့သို့ ဖုန်းအလွယ်တကူ ခေါ်ဆိုနိုင်မည့် VOIP နည်းစနစ်ဖြစ်ပြီး ကြိုတင် ငွေဖြည့်ကတ်စနစ် အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။ "ဒီနှစ်အတွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာပါ။ အွန်လိုင်းကနေ တရားမဝင် ဖုန်းခေါ်ဆိုတာတွေ ပပျောက်အောင် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ၎င်းစနစ်အား အသုံးပြုမည်ဆိုပါက ရတနာပုံဝက်ဘ်ပေါ်တယ်၌ Y-talk calling အကောင့်တစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပြီး ၎င်းအကောင့်၌ ကြိုတင် ငွေဖြည့်သွင်းရန် လိုအပ်ပြီး ပြည်တွင်း ဖုန်းခေါ်ဆိုမှု အတွက် မြန်မာကျပ်ငွေ၊ ပြည်ပဖုန်း ခေါ်ဆိုမှုအတွက် FEC ဖြည့်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

"အကောင့်ကိုတော့ voip.yatanarpon.com.mm မှာ ဖွင့်လှစ်ရမှာပါ။ ဖုန်းပြောဆိုမှုကိုတော့ http://ytalk.yatanarpon.com.mm မှာ အသုံးပြုရမှာပါ။ ငွေဘယ်လောက် သွင်းထားတယ်။ လက်ကျန်ငွေ ဘယ်လောက်ရှိတယ် ဆိုတာတွေ၊ ကတ်သက်တမ်း ကုန်ဆုံးရက် စတဲ့ အချက်တွေကို ဝက်ဘ်ဆိုက်မှာ ကြည့်ရှုနိုင်ပါတယ်” ဟု၎င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ အွန်လိုင်းမှ ဖုန်းပြောဆိုနိုင်သည့် စနစ်များမှာ G-talk, Skype, Pfingo စသည့် စနစ်များ ရှိသော်လည်း ၎င်းတို့မှာ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း၊ Y-talk စနစ်မှာ အွန်လိုင်းမှ ပထမဆုံး တရားဝင် ခွင့်ပြုပေးသော စနစ်ဖြစ်ကြောင်း သိရသည်။ "နိုင်ငံခြားဖုန်း ခေါ်မယ်ဆိုရင် အင်တာနက်ဆိုင်မှာ Pfingo နဲ့ပြောတာ များပါတယ်။ ဆိုင်တွေအနေနဲ့ တရားဝင် ခွင့်ပြုထားတာ မဟုတ်ပေမယ့် ဝင်ငွေကို အဲဒီက ရှာကြတာဆိုတော့ ဒါကို ပိတ်လိုက်တဲ့အခါမှာ တချို့ဆိုင်တွေ လုပ်ငန်း ရပ်သွားကြတယ်။ အခုစနစ်ကိုတော့ ဘယ်လိုလုပ်ရင် အဆင်ပြေမယ်ဆိုတာ ကြည့်ရဦးမှာပါ” ဟု အင်တာနက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
Views: 978 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 1
1 ရွှေခြံကံကောင်း  
0
Y talk က အခုသုံးလို့ရပီလားခင်ဗျာ...

Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  October 2011  »
SuMoTuWeThFrSa
      1
2345678
9101112131415
16171819202122
23242526272829
3031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz