Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » October » 10 » Windows 8 နှင့် မြန်မာစာဂယက်
Windows 8 နှင့် မြန်မာစာဂယက်
11:08 AM

Microsoft ရဲ့ အသစ်ထွက်ရှိလာမယ့် Windows 8 မှာ မြန်မာစာ ပါဝင်လာမယ်လို့ သိရပါတယ်။  အဲဒီကိစ္စဟာ မြန်မာနည်းပညာ လောကကို အတိုင်းအတာ တစ်ခုအထိ ဂယက်ထစေပါတယ်။ အခု လောလောဆယ်မှာတော့ လုပ်ငန်းခွင်ထဲက လူငယ်တွေကို ချဉ်းကပ်ပြီး သူတို့ရဲ့ အမြင် သဘောထားတွေကို စုစည်းတင်ပြ ထားပါတယ်။ အမှန်တကယ် Windows 8 ထွက်လာပြီ ဆိုရင်တော့ ကျွမ်းကျင် နည်းပညာရှင်တွေရဲ့ စကားသံတွေကို ထပ်မံစုစည်း တင်ပြပေးပါဦးမယ်။ Microsoft ကနေ လာမည့် ၂၀၁၂ နှစ်ဆန်းပိုင်းမှာ ထွက်ရှိလာမယ့် Windows 8 OS နဲ့ အကြိုအဖြစ် Developer Preview ကို မကြာခင် ရက်ပိုင်းကပဲ ထုတ်ပေးခဲ့ပြီး တစ်ကမ္ဘာလုံးမှာ သာမကဘဲ ပြည်တွင်းက ပညာရှင်တွေအပြင် လူငယ် နည်းပညာ လေ့လာသူများအဆုံး လက်တွေ့စမ်းသပ်သူက စမ်းသပ်သုံးစွဲ၊ လက်တွေ့ မစမ်းနိုင်သူ တွေကလည်း စမ်းသပ်သုံးစွဲသူတွေ ဆီကနေ ရရှိတဲ့ အချက်အလက် လေးတွေ အွန်လိုင်းမှာ တွေ့နေရတဲ့ အင်တာနက် စာမျက်နှာတွေ၊ ဗီဒီယိုဖိုင်တွေရဲ့ အကူအညီနဲ့ အတော်လေး စိတ်ဝင်စားခဲ့ကြတယ်။ ဒါကတော့ လူငယ်တွေ နည်းပညာ အသစ်အဆန်းကို စမ်းသပ် သုံးစွဲရမှာမို့ စိတ်ဝင်စားခြင်းထက် မြန်မာစာဖောင့် ယူနီကုတ်စနစ်ကို Microsoft ကနေ တိုက်ရိုက် ထောက်ပံ့ပေးတော့မယ်ဆိုတဲ့ စမ်းသပ်သူများရဲ့ အတွေးအမြင်တွေက ပိုပြီး စိတ်ဝင်စားမှုကို ဖြစ်စေခဲ့တယ်။

လွန်ခဲ့တဲ့ လပိုင်းလောက်ကပဲ Apple ကနေ သူ့ရဲ့ MacBook တွေအတွက် Lion OS ကို ထုတ်လုပ်ပေးခဲ့ပြီး Lion OS မှာ မြန်မာစာကို built-in support လုပ်ပေးခဲ့ပြီး နောက်မှာတော့ အခု Microsoft ကလည်း built-in အနေနဲ့ မြန်မာစာ ယူနီကုတ်ဖောင့် ပါဝင်လာတယ်။ နောက်ပိုင်းမှာ Open-Source တွေဖြစ်တဲ့ Ubuntu, SUSE အစရှိတဲ့ OS တွေမှာလည်း ပါဝင် လာလိမ့်မယ် ထင်တယ်လို့ မှတ်ချက်တွေလည်း အင်တာနက် စာမျက်နှာမှာ မျှော်လင့်နေကြတယ်။ မြန်မာယူနီကုတ်ဖောင့် ပါဝင်လာပြီ ဆိုတော့ မြန်မာစာအတွက် အခွင့်အလမ်းကောင်း တစ်ရပ်အဖြစ် သတ်မှတ်နိုင်သလို မြန်မာစာ ယူနီကုတ်စနစ် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လည်း အထောက်အပံ့ ဖြစ်စေနိုင်တယ်။ ဒါကြောင့် ပညာရှင်တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သလို လူငယ်တွေကြားမှာ တက်နေတဲ့ ယူနီကုတ်၊ ဇော်ဂျီအစရှိတဲ့ ဖောင့်ပြဿနာတွေ ပြေလည် လာနိုင်တယ်။ ဒါပေမယ့် Windows 8 Developer Preview မှာတော့ Built-in မြန်မာယူနီကုတ် ဖောင့်အဖြစ် Font Creator John Hudson က တီထွင်ထားတဲ့ Myanmar Text ဆိုပြီး regular Font တစ်မျိုး ပါဝင်တယ်။ နောက်ထပ် မြန်မာဖောင့်အပြင် ရှမ်းတိုင်းရင်းသား အပါအဝင် အခြားတိုင်းရင်းသား ဖောင့်တချို့လည်း ပါဝင်တယ်။ ဒါပေမယ့် အခု OS Preview မှာတော့ မြန်မာစာကို အထောက်အပံ့ပေးတဲ့ keyboard မပါဝင်ပါဘူး။ ဒါကတော့ နောက် Release Version မှာ ပါလာမလား၊ မပါဘူးလား ဆိုတာတော့ မသိနိုင်သေးပါဘူး။ သေချာတာကတော့ Windows 8 စနစ်မှာ ယူနီကုတ်စနစ်ကို အထောက်အပံ့ ဖြစ်စေတာကတော့ အတိအကျပါပဲ။

နိုင်ငံတကာမှာ ကိုယ့်ဘာသာစကားကို ကွန်ပျူတာတိုင်းမှာ သုံးနိုင်နေတဲ့ အချိန်မှာ မြန်မာ ဘာသာစကားဟာ ဘေးရောက် နေခဲ့တယ်။ ဒါပေမယ့် ယူနီကုတ်ဟာ နိုင်ငံတကာ standard ဖြစ်နေတာမို့ အချိန်တန်ရင် ယူနီကုတ်နဲ့သာ စခန်းသွားရမှာမို့ ဇော်ဂျီလိုမျိုး web စနစ်တွေအတိုင်း အတိအကျ လိုက်နာထားတဲ့ ဖောင့်တွေကို စတင် သုံးစွဲသင့်ပြီ ထင်တယ်။ ဒါမှသာ အချိန်တန်လို့ အားလုံး Windows OS မှာပဲဖြစ်ဖြစ် Apple ရဲ့ Mac OS မှာပဲ ဖြစ်ဖြစ်၊ Google ရဲ့ Chrome OS အလယ် Open Source OS တွေဖြစ်ကြတဲ့ Ubuntu, Linux, SUSE အဆုံး အထောက်အပံ့ ပေးလာမယ့် အချိန်မှာ ကိုယ့်ဘက်ကနေ အဆင်သင့် လက်တင်သုံးရုံ ဖြစ်နေပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ ပြည်တွင်းမှာ ဖောင့်ပြဿနာတွေနဲ့သာ အချိန်ကုန်နေကြမယ်၊ ဘယ်ဟာ သုံးရမှန်းမသိ ဖြစ်နေကြမယ် ဆိုရင် နောက်ထပ် အချိန်တွေ အများကြီး ထပ်ပြီး ကြာသွားနိုင်တယ်။ ယခု အသစ်ထွက်လာမယ့် Windows 8 ဟာ touch စနစ်ကို အကောင်းဆုံး အထောက်အပံ့ ပေးထားပြီး tablet တွေနဲ့ မိုဘိုင်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ပါလိမ့်မယ်။ ဒါကြောင့် Microsoft ရဲ့ မြန်မာစာ အထောက်အပံ့ ပေးမှုကို အခွင့်ကောင်းယူပြီး Microsoft ရဲ့ နောက်ထွက်လာမယ့် OS တွေမှာ မြန်မာစာစနစ် တိုက်ရိုက်ပါဝင် ထည့်သွင်း လာနိုင်အောင် စည်းရုံးစွာနဲ့ လှုပ်ရှားသွားသင့်တယ်။

လောလောဆယ် အနေနဲ့ ပြည်တွင်းမှာရော ပြည်ပမှာပါ ပုံစံအမျိုးမျိုးနဲ့ ယူနီကုတ် အမည်ခံကာ ထုတ်လုပ်ထားကြပြီး အားလုံးကို အခမဲ့ ပေးသုံးကြပေမယ့် ပြည်တွင်းမှာ အဓိက ပြဿနာ တက်နေတာက Enduser များ အကြားမှာ ယူနီကုတ်နဲ့ အဆက်အဟပ် မတည့်ဘဲ ဖြစ်နေခြင်းပါပဲ။ ပြည်တွင်းမှာ သာမက ပြည်ပမှာပါ ဇော်ဂျီ ဖြစ်နေခြင်းဖြစ်ကာ အသုံးပြုသူများနှင့် user friendly ဖြစ်နေခြင်းကြောင့် ယူနီကုတ် စနစ်တွေနဲ့ ထုတ်ထားတဲ့ ဖောင့်တွေ၊ ကီးဘုတ်တွေဟာ အခက်အခဲ တစ်ခု ဖြစ်စေတယ်။ သို့အတွက် Enduser တွေပါ ယူနီကုတ်ဖောင့် လုပ်နေကြတဲ့ အဖွဲ့များမှာ တာဝန်ရှိပါတယ်။ စနစ်က ဘယ်လောက် ကောင်းကောင်း သုံးစွဲသူက မကြိုက်ဘူးဆိုရင် အဲဒီစနစ်ဟာ အောင်မြင်မှာ မဟုတ်ပါဘူး။ အခုချိန်မှာ Windows 8 မှာ ပါလာမယ့် မြန်မာစာ ယူနီကုတ်စနစ်ဟာ ၁၀၀ ရာခိုင်နှုန်းနီးပါး ရှိနေပြီဖြစ်လို့ မကြာတော့တဲ့ ကာလမှာ မြန်မာယူနီကုတ် စနစ်နဲ့အတူ Microsoft ရဲ့Operating System တွေမှာ မြန်မာစာနဲ့ OS စနစ်ကို မြင်တွေ့နိုင်တော့မှာ ဖြစ်ပါတယ်။ သို့အတွက် အသစ် ထွက်လာတော့မယ့် Windows 8 ကို ကြိုတင် ခံစားရင်ခုန်ရင်း မဝေးတော့တဲ့ အနာဂတ်မှာ မြန်မာစာ၊ မြန်မာစကားများ ကွန်ပျူတာ စနစ်များဆီမှာ လွှမ်းခြုံနိုင်ပါစေကြောင်း ဆိုတောင်း လိုက်မိပါတယ်။

NetGuide Journal မှ ကူးယူဖော်ပြပါသည်


Views: 1528 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  October 2011  »
SuMoTuWeThFrSa
      1
2345678
9101112131415
16171819202122
23242526272829
3031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz