Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » October » 4 » Windows 8 နဲ့ ထူးခြားချက် ဝိသေသများ
Windows 8 နဲ့ ထူးခြားချက် ဝိသေသများ
1:09 PM
Photo

ကမကျော် ဆော့ဖ်ဝဲကုမ္ပဏီ Microsoft ဟာ လက်ရှိ Operating System လောကမှာ လူကြိုက်အများဆုံး ဖြစ်နေတဲ့ Windows 7 OS ကို အကောင်းဆုံး ဖြစ်စေဖို့အတွက်  အချိန်အတော်ကြာ နစ်မြှုပ်ပြီး ဖန်တီးခဲ့တယ်ဆိုတာ နည်းပညာနဲ့ မစိမ်းသူတွေ အားလုံး သိကြပါတယ်။ ဒါပေမဲ့ Windows 7 ကို စောင့်စားရတဲ့ အချိန်ထက် Windows 8 ကို စောင့်ရတဲ့အချိန်က ပိုရှည်ကြာလွန်းနေပါတယ်။ ဟိုနေ့ထွက်မယ် ဒီနေ့ထွက်မယ်ရယ်လို့ သတင်းအမျိုးမျိုး ကြားနေရပေမယ့် အခုထိ အပြီးသတ် အသုံးပြုနိုင်တဲ့အဆင့်ကို မရောက်သေးပါဘူး။ Windows 8 မှာ ပါဝင်တဲ့ Feature တွေကိုတော့ Microsoft က စမ်းသပ် အသုံးပြုခွင့် ပေးထားပါတယ်။ ဒါကြောင့် အချို့ အသုံးပြုသူတွေဟာ အဲဒီ Feature တွေကို အွန်လိုင်းပေါ်က တစ်ဆင့် Download ရယူပြီး Windows 7 OS ပေါ်မှာ တင်သုံးနေကြတာလည်း တွေ့ရပါတယ်။ အခုလို Windows 8 ထွက်ရှိမယ့် ရက်ဟာ ကြန့်ကြာနေပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်က Windows 8 ကို အသုံးပြုထားတဲ့ Tablet အသစ်တစ်မျိုးကို Samsung က မိတ်ဆက်ပေးတော့မယ်လို့ သတင်း ထွက်လာခဲ့ပါတယ်။ အခု ဖော်ပြပေးမှာကတော့ အသုံးပြုသူတွေရဲ့ မျှော်လင့်ခြင်းများစွာကို သိမ်းဆည်းခွင့် ရနေတဲ့ Windows OS မှာ ပါဝင်မယ့် Feature သစ်တွေနဲ့ သတိပြုစရာ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် Windows 8 OS ရဲ့ ထူးခြားချက်တွေကို လေ့လာကြည့်ပါဦး။

 

ARM ကို ထောက်ပံ့မယ်

ဒါကတော့ Windows 8 နဲ့ ပတ်သက်ပြီး အထူးခြားဆုံးအချက်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Microsoft ဟာ သူတို့ ထုတ်လုပ်ခဲ့ပြီးသမျှ OS အမျိုးအစားတွေကို Intel ရဲ့ Processor တွေနဲ့ပဲ အဆင်ပြေအောင် ဖန်တီးခဲ့ကြတာဖြစ်လို့ အခုလို ARM ရဲ့ Architecture နဲ့ အဆင်ပြေအောင် ဖန်တီး ထုတ်လုပ်ထားတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိုဘိုင်း OS နယ်ပယ်မှာ လူကြိုက်အများဆုံး ဖြစ်နေတဲ့ ARM Processor ကို အထောက်အပံ့ပေးခြင်းဟာ Windows 8 ရဲ့ ဈေးကွက်ကို မြှင့်တင်ခြင်းလည်း ဖြစ်ပါတယ်။ သဘောကတော့ Windows 8 OS ကို Tablet တွေကနေ Desktop တွေအထိ ကြိုက်တဲ့ Platform မှာ အသုံးပြုနိုင်ပါပြီ။

 

Interface အသစ် ပြင်ဆင်ထားတယ်

Windows 8  နဲ့ ပတ်သက်ပြီး နောက်ထပ် ထူးခြားချက် တစ်ခုကတော့ Interface ပိုင်း ဒီဇိုင်းအပြောင်းအလဲ အများကြီး ပြုလုပ်ထားတာပါပဲ။ Windows 7 မှာတည်းက Interface ပိုင်း ကောင်းမွန်လွန်းတဲ့အတွက် အသုံးပြုသူတွေ သဘောကျ နှစ်ခြိုက်ခဲ့တာပါ။ Microsoft ရဲ့ အဆိုအရ မကြာသေးမီက ထွက်ရှိခဲ့တဲ့ ပြိုင်ဘက် OS အမျိုးအစား Mac OSX Lion ရဲ့ Interface ပိုင်း ကောင်းမွန်မှုကို အဓိက ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။ Windows Phone 7 OS မှာ အသုံးပြုထားတဲ့ Feature တွေကို Windows 8 မှာ ဖြည့်ဆည်းပေးထားတာ ဖြစ်ပါတယ်။

 

 

 

Tablet တွေမှာ Multitouch ရတယ်

Touch Screen တွေ ခေတ်စားလာတဲ့ လက်ရှိအချိန်မှာတော့ Tablet တွေအတွက် Touch gestures ထောက်ပံ့မှုဟာ အရေးပါလွန်းပါတယ်။ Tablet တွေအတွက်သာ မကပါဘူး။ All in One ကွန်ပျူတာတွေလို Screen အကြီးစားနဲ့ Monitor တွေကိုလည်း Touch gestures ထောက်ပံ့မှုတွေကို ပြုလုပ်နေကြပါတယ်။ Windows 7 မှာ Tablet-Centric Multitouch Interface ဆိုတာ မရှိပေမယ့် Windows 8 မှာတော့ ဒီ Feature ကို စပါယ်ရှယ် ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့်မို့ Windows 8 OS ကို Run ထားတဲ့ Tablet အသုံးပြုသူတွေ အဖို့တော့ အသုံးပြုရာမှာ အားသာမှုတစ်ခုပဲ ဖြစ်ပါတယ်။

 

 

Developer Preview ကို မိတ်ဆက်ထားပြီ

ပြီးခဲ့တဲ့ စက်တင်ဘာ(၁၄)ရက်က Microsoft ဟာ Windows 8 OS နဲ့ ပတ်သက်တဲ့ Developer Preview ကို မိတ်ဆက်ထားပေးပါပြီ။ အဲဒါကို Download ချယူပြီး Application ရေးဆွဲမယ့် Developer တွေအတွက် ပြုလုပ်ရမယ့် အချက်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို Preview ကို မိတ်ဆက်ထားခြင်းနဲ့အတူ Windows 8 အမှန်အကန် အသုံးပြုနိုင်မယ့် နေ့ရက်ကလည်း မဝေးတော့ဘူးဆိုတာကို ဖော်ပြပေးတာပဲ ဖြစ်ပါတယ်။ Develpoment Tools များစွာကို Preview မှာ ထည့်သွင်းပေးထားပြီး 32bit နဲ့ 64bit ဖန်တီးမှုတွေကို လေ့လာခွင့်ရမှာပါ။

 

 

 

Xbox Live ကို ထောက်ပံ့မယ်

Microsoft ရဲ့ နာမည်ကြီးတဲ့ Console ဂိမ်းဖြစ်တဲ့ Xbox Live ကို Windows 8 OS က ထောက်ပံ့ပေးထားတာ ဖြစ်တဲ့အတွက် ဂိမ်းနဲ့ပတ်သက်တဲ့ စွမ်းဆောင်မှုကလည်း ကျေနပ်စရာလို့ ပြောနိုင်ပါတယ်။ လူကြိုက်များတဲ့ Xbox Live လို ဂိမ်းစက်တစ်ခု ဝယ်စရာ မလိုဘဲ အလွယ်တကူ ကစားနိုင်အောင် Windows 8 က ကူညီပေးမှာဖြစ်ပြီး ဒါဟာ ကွန်ပျူတာ အသုံးပြုသူတွေအတွက် စိတ်ကျေနပ်စရာ ထောက်ပံ့မှုတစ်ခုလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Xbox Live နဲ့ ပတ်သက်ပြီး အပိုငွေကုန်စရာ မလိုတော့လို့ပါ။

 

 

 

Cloud Feature တွေ ပါဝင်တယ်

လက်ရှိအချိန်မှာ နည်းပညာ လောကသားတွေဟာ Cloud ဝန်ဆောင်မှုတွေကိုပဲ အဓိက စိတ်ဝင်စားနေကြသလို နည်းပညာ အဖွဲ့အစည်းတွေက အဲဒီထောက်ပံ့မှုတွေကို တစ်နည်းနည်းနဲ့ ပေးနိုင်အောင် ကြိုးစားနေကြပါပြီ။ Microsoft ဟာ Cloud ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ Office 365 ကို ပံ့ပိုးပေးထားနိုင်ခဲ့ပြီးပါပြီ။ အခု Windows 8 မှာတော့ Sky Drive Account ကို အသုံးပြုနိုင်ဖို့ ပံ့ပိုးပေးထားပြီး ဒါဟာ Built-in ပါဝင်တဲ့ Cloud Feature ဖြစ်တာမို့ အခြား OS တွေထက် အားသာမှု တစ်ခုလည်း ဖြစ်ပါတယ်။

 

 

 

App Store ကို ဖွင့်ပေးမယ်

ဒီအချက်တော့ အခြား OS အမျိုးအစားတွေမှာဆို သိပ်မထူးဆန်းပါဘူး။ Apple ဟာ Mac App Store ကို ဖွင့်ထားသလိုပဲ Android စတဲ့ မိုဘိုင်း OS တွေတောင် သူတို့ရဲ့ သီးသန့် App စတိုးတွေ ဖွင့်ထားကြပြီ ဖြစ်ပါတယ်။ Windows 8 OS အသုံးပြုသူတွေလည်း သူတို့ ကြိုက်နှစ်သက်တဲ့ Application အမျိုးအစားကို တစ်နေရာတည်းမှာ လွယ်လင့်တကူ ရယူ အသုံးပြုစေနိုင်ဖို့ သီးသန့် App Store ဖွင့်ပေးမှာ ဖြစ်ပါတယ်။

 

 

 


လုံခြုံရေးစနစ် မြှင့်မယ်

ဒီအချက်ကတော့ အားလုံးသိပြီးပြီလို့ ထင်ပါတယ်။ Microsoft ဟာ Windows 8 OS မှာ လုံခြုံရေးစနစ်တွေကို အဆင့်မြှင့်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Malware ကာကွယ်မှုစနစ်တွေ၊ ဗိုင်းရပ်စ် ကာကွယ်မှုစနစ်တွေအတွက် သီးသန့် ဆော့ဖ်ဝဲ အသုံးပြုစရာမလိုဘဲ သူ့မှာပါတဲ့ Feature တွေကို အသုံးချလိုက်ရုံပါ။ နောက်ပြီး Account Permission, File Folder Permission ပိုင်းမှာလည်း Windows 7 ထက် ပိုပြီး တင်းကြပ်မှုတွေ ပြုလုပ်နိုင်အောင် ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။

Views: 839 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  October 2011  »
SuMoTuWeThFrSa
      1
2345678
9101112131415
16171819202122
23242526272829
3031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz