MGY.EXE အား ဘယ်လိုသတ်ကြမှာလဲ - 25 June 2010 - Personal site
Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 169
Main » 2010 » June » 25 » MGY.EXE အား ဘယ်လိုသတ်ကြမှာလဲ
MGY.EXE အား ဘယ်လိုသတ်ကြမှာလဲ
11:48 AM
သိပြီးသားသူတွေအတွက်တော့မဟုတ်ပါဘူး လောလောဆယ်မိမိစက်မှာ mgy.exe ကိုက်နေတယ်လို့ထင်ရင်
လိုအပ်မယ့်သူတွေအတွက်မျှဝေခြင်းပါ www.myanmaritman.com ကပါ စေတနာနဲ့ကူးပြီးပြန်ဖြန့်ဝေပေးပါတယ်ခင်ဗျာ

Mgy.exe ကို စတွေ့ရတာကတော့ 2009 ဒီဇင်ဘာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် 15.6 MB ရှိပါတယ်။ မကွေးဖက်ဖ်စီကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကနေ ဖြန့်တာလို့ ယူဆရပါတယ်။ မကွေးဖက်ဖ်စီ လိုဂိုနဲ့ taskbar အပေါ်နားမှာ ပေါ်လာတတ်လို့ပါ။

mgy.exe တွေ့ရတဲ့နေရာတွေကတော့ C:\ , C:\Windows\ , C:\Windows\system32 နဲ့ အခြားသော partation တွေမှာ hidden file အနေနဲ့ တွေ့ရပါတယ်။

သူရဲ့ Action ကတော့ Task Manager, Regedit, cmd, Search စတာတွေကို ပိတ်ပါတယ်။ Folder Option ကိုတော့ ဖွင့်ထားပေးပြီး Do not show hidden files and folders နဲ့ Hide protecetd operation system files ကိုတော့ ပြင်လို့မရပါဘူး။

သူ့ကိုရှင်းဖို့အတွက် သုံးမယ့်ဆော့ဖ်ဝဲလ်တွေကတော့ Task Killer, CCleaner, iRepairMan ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်တွေနဲ့ Manual သတ်နည်း ကို ဒီမှာ တင်ပေးထားပါတယ်။

ပထမဆုံး CCleaner နဲ့ task killer တွေကို install လုပ်ပါမယ်။

task killer ကို run လိုက်ပါ။ taskbar မှာ အရိုးခေါင်းပုံနဲ့ ပြထားပါလိမ့်မယ်။ အဲဒီပုံကို Right click ပေးပြီး Settings ကို ၀င်လိုက်ပါ။ Process မှာ Show full path ကို check mark ပေးလိုက်ပါ။

task Killer

Comfirmations မှာ No confrimation ကိုရွေးပါမယ်။

အရိုးခေါင်းကို နှိပ်ကြည့်လိုက်ရင် windows မှာ run နေတဲ့ process တွေကို တွေ့ပါလိမ့်မယ်။

4.jpg

အနီနဲ့ ပြထားတာတွေကတော့ Mgy.exe နဲ့ သူ့ရဲ့ အနွယ်အပွားတွေဖြစ်ပါတယ်။

အဲဒီ process တွေကို လိုက် ကလစ်လိုက်ပါ။ List ထဲမှာ မပြတော့တဲ့အထိ (လိုအပ်ရင်) ထပ်ခါထပ်ခါ လိုက်ပိတ်ပါ။

အနီပြထားတဲ့ .exe တွေမရှိတော့ရင် iRepairman.exe ကို Run လိုက်ပါ။

Repair1.jpg

Repair All Settings ကိုနှိပ်ပေးပါ။ Hidden ဖြစ်နေတဲ့ mgy.exe နဲ့ autorun.inf တွေပေါ်လာပါလိမ့်မယ်။ တကယ်လို့မရရင် foldersettings.reg ကို Run ပေးပါ။ ပြီးသွားရင် mgy.exe နဲ့ autorun.inf တွေကို လိုက်ဖျက်လိုက်ပါ။ C:\ , C:\Windows , C:\Windows\System32 နဲ့ အခြားသော Partation တွေမှာပါ လိုက်ဖျက်ပေးပါ။ ပြီးရင် address bar ကတဆင့် C:\WINDOWS\system32\{271287-000021-100287-705016} ကိုသွားပြီး အဲဒီထဲက ဖိုင်တွေ အားလုံးဖျက်ပစ်ပါ။

သတိထားရမှာကတော့ ဒီနေရာမှာ C:\ , D:\ တို့ကို ၀င်တဲ့အခါ double click မသုံးမိဖို့ပါပဲ။ double click အစား Right click ကနေ Explorer ကို သုံးပေးပါ။


နောက်တဆင့် အနေနဲ့ CCleaner ကိုဖွင့်ပါ။ Tools > Startup ကိုသွားပါ။ cc.jpg

အနီနဲ့ ပြထားတဲ့ program တွေကို Disable လုပ်ပေးပါ။ ပြီးရင် Windows ကို Restart လုပ်ပေးပါ။

နောက်ဆုံးအနေနဲ့ ဆော့ဖ်ဝဲလ် install/uninstall ပိတ်ထားတာကို Group Policy ကနေပြန်ပြောင်းပါမယ်။

Administarator အနေနဲ့ Login ၀င်ပေးပါ။ Control panel ထဲက Administrative Tools ကိုသွားပါ။ Local Security Setting ကိုဖွင့်ပါ။ Software Restriction Policies ကိုရွေးပါ။ အဲဒီပေါ်ကို Right Click နဲ့ Create New Policies ကိုရွေးပေးပါ။

pol1.jpg

Enforcement ကို Double click ပေးပါ။ All users except local administrators ကိုရွေးပေးပါ။ ပြီးရင် Apply လုပ်လိုက်ပါ။ စက်ကို Restart လုပ်ပေးလိုက်ပါဦး။ ဒါဆိုရင် အားလုံးပြီးသွားပါပြီ။

pol2.jpg

အဆင်ပြေမယ်လို့ ယူဆပါတယ်။ ကျွန်တော်လည်း အဲဒီနည်းနဲ့ စက်အတော်များများ ရှင်းပေးခဲ့ရလို့ပါ။

 

MysteryZillion.org မှာလည်း mgy.exe ကို သတ်နည်း အရင် ရေးခဲ့ပါသေးတယ်။ ဒီပိုစ့်ကတော့ ပုံတွေနဲ့ သေချာရှင်းပြထားတာပါ။ အဆင်ပြေကြပါစေ။

Views: 874 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 2
2  
ကျေးဇူးတင်ပါတယ်..ခင်ဗျာ..

1  
MGY.exe ရေးသားသူသို့
မြန်မာပြည်မှာနေပြိး ကိုယ့်လူမျိုးကို ဘယ်လိုအကျိုးပြုမလဲဆိုတာ မစဉ်းစားဘဲ ပျက်စီးရာ ပျက်စီးကြောင်းကို တွေးတဲ့ အဲဒီ လူကို ကျွန်တော်တော်တော်အံ့သြတယ်ဗျာ ဘာလုပ်မှာလဲ ခင်ဗျားအဲဒီလိုရေးတာ ခင်ဗျားဆရာတစ်ဆူပါဘဲ ဒါပေမဲ့ ခင်ဗျားလိုလူက ဘယ်တော့မှ Programmer ကောင်း တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းကိုကြည့်ပြိး နေတက်တဲ့လူဟာ ခွေးတစ်ကောင်လောက်တောင် အသုံးကျမှာမဟုတ်ဘူး

Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  June 2010  »
SuMoTuWeThFrSa
  12345
6789101112
13141516171819
20212223242526
27282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2016Make a free website with uCoz