Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » September » 27 » ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်၊ Asia Mega Link ကုမ္ပဏီ လီမိတက်နှင့် ZTE တို့ ပူးပေါင်း၍ ရတနာပုံ ဆက်သွယ်ရေး သင်တန်းကျောင်း ဖွင့်လှစ်
ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်၊ Asia Mega Link ကုမ္ပဏီ လီမိတက်နှင့် ZTE တို့ ပူးပေါင်း၍ ရတနာပုံ ဆက်သွယ်ရေး သင်တန်းကျောင်း ဖွင့်လှစ်
5:21 AM

စက်တင်ဘာလ (၂၅) ရက်။    ။ ယနေ့ နံနက် (၉) နာရီက ပြင်ဦးလွင် (ရတနာပုံမြို့သစ်) ရှိ ရတနာပုံ တယ်လီပို့တွင် ရတနာပုံ ဆက်သွယ်ရေး သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပရာ  ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း တက်ရောက်ပြီး သင်တန်းကျောင်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

Photoအဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှ၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်မှ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်း၊ Asia Mega Link ကုမ္ပဏီ လီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်နိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား သင်တန်းသူများ စုံညီစွာ တက်ရောက်ကြသည်။


ရှေးဦး အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှ၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်မှ အမှူဆောင် အရာရှိချုပ် ဦးတင်ဝင်း နှင့်  Asia Mega Link ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်နိုင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက သင်တန်းကျောင်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ယခုဖွင့်လှစ်တဲ့ သင်တန်းဟာ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး လုပ်ငန်းများ နိုင်ငံတကာရှိ ဆက်သွယ်ရေး လုပ်ငန်းများနည်းတူ ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ ပြည်တွင်းရှိ ဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုလျင်မြန် ချောမွှေ့ကောင်းမွန်စေရန် ရည်ရွယ်ပြီး၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီနှင့် Asia Mega Link ၊ ZTE ကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ သိရသည်။  

 

 

ရတနာပုံ သတင်း

Views: 957 | Added by: yetwayhtet | Rating: 4.0/1 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  September 2011  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
252627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz