Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » October » 20 » အင်တာနက်ဆိုင် ဝန်ထမ်းအချို့ မိန်းကလေးများ၏ ဂျီမေးလ် ရောင်းစားလာ
အင်တာနက်ဆိုင် ဝန်ထမ်းအချို့ မိန်းကလေးများ၏ ဂျီမေးလ် ရောင်းစားလာ
2:23 PM

အင်တာနက်ဆိုင်များရှိ စက်ထိန်းချုပ် ကိုင်တွယ်သူ ဆိုင်တာဝန်ခံ များသည် အခကြေးငွေဖြင့် ဆိုင်၌ လာရောက် အသုံးပြုသူ မိန်းကလေးများ၏ ဂျီမေးလ်အကောင့်ကို လိုချင်သူရှိလျှင် ငွေဖြင့် ရောင်းစားခြင်းများ ရှိလာကြောင်း  သုံးစွဲသူ အချို့က ပြောသည်။ "ကျွန်မအကောင့်ထဲကို နေ့တိုင်း ယောက်ျားလေး ၅ ယောက်လောက် ဝင်ဝင်လာတယ်။ ပိုသိသာတာက ကျွန်မအကောင့်က လူနည်းတယ်။ ဒါနဲ့ ကျွန်မလည်း ဝင်လာတဲ့ အကောင့်တွေကို မေးလိုက်တော့ ရိုင်းစိုင်းတဲ့ စကားတွေပြောပြီး ကျွန်မအကောင့်ကို ကျွန်မသုံးနေတဲ့ ဆိုင်က ကောင်လေးက ရောင်းတာလို့ ပြောတယ်” ဟု အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက သူမ၏ အတွေ့အကြုံကို ပြောသည်။

 

အင်တာနက် သင်တန်းတက်နေသူ ကျောင်းသားတစ်ဦးက အင်တာနက်ဆိုင် အချို့သည် သုံးစွဲသူများ၏ အကောင့်နာမည်၊ Password များကို ကြည့်ရှုနိုင်ရန် ဆော့ဖ်ဝဲများ ထည့်ထားကာ ရရှိသည့် ဂျီမေးလ်အကောင့်များကို ပြန်လည် ဖြန့်ဝေခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ထို့ပြင် ငွေပေး၍ ဖွင့်ခိုင်းသော ဂျီမေးလ် အကောင့်များတွင် ဗိုင်းရပ်စ်များ ထိန်းချုပ်နိုင်သော လျှို့ဝှက်သင်္ကေတများ ရိုက်ထည့်ထားခြင်းမျိုးလည်း ရှိကြောင်း ဆိုသည်။ မိမိ၏ဂျီမေးလ် လုံခြုံမှု ရှိ မရှိနှင့် ငွေပေးဖွင့်သည့် အကောင့်အချို့အပေါ် အိုင်တီပညာရှင် ဦးကျော်ကျော်က "အကောင့်တစ်ခုကို ငွေပေးပြီး ဖွင့်ခိုင်းလိုက်ပေမယ့် အကောင့်ဖွင့်ပေးတဲ့သူက ရိုးရိုးသားသား ရှိရင်တော့ ကောင်းပါတယ်။ အီးမေးလ်အကောင့် ဖွင့်မယ်ဆိုရင် ထိန်းချုပ်လို့ ရတာတွေ အများကြီးပဲ။ တစ်ဆင့်ခံ ဖွင့်ပေးတဲ့အတွက် ကိုယ့်အကောင့်ကို အချိန်မရွေး ဝင်ကြည့်နိုင်အောင် လုပ်ထားမယ်ဆိုရင် မလုံခြုံနိုင်ဘူး” ဟု သုံးသပ်ပြသည်။ ယခင်က ပြည်တွင်းမှာပင် ဂျီမေးလ်အကောင့် ဖွင့်ရန် လွယ်ကူမှု ရှိခဲ့သော်လည်း ယခုအခါ နိုင်ငံခြား ဖုန်းနံပါတ်အား အကောင့်ဖွင့်ရန် ရိုက်သွင်းရသည့် အတွက်ကြောင့် အလျင်စလို အကောင့်ဖွင့်လိုသူများသည် အင်တာနက်ဆိုင် တချို့အား ငွေပေး၍ ဖွင့်ခိုင်းခြင်းများ ဖြစ်လာခဲ့သည်။

 

ထိုသို့ ငွေပေး၍ ဖွင့်ခိုင်းခဲ့သည့် အကောင့်သည် အဆင်ပြေမှု မရှိခဲ့ကြောင်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဦးမင်းဇော်က "ဂျီတော့ခ်၊ အီးမေးလ် အကောင့်တစ်ခုကို အမြန်လိုချင်လျှင် ၈၀၀၀ တဲ့။ အဲဒါ ကျွန်တော်လည်း အမြန်လိုလို့ ဖွင့်ခိုင်းလိုက်တယ်။ အကောင့်က မသုံးဘဲနဲ့ အမြဲပွင့်နေတယ်။ အဲဒီထဲမှာလည်း အရေးကြီးတဲ့ လူတွေကို မထည့်ရဲတော့လို့ အကောင့်ပြောင်းလိုက်ရတယ်” ဟု သူ၏ အဖြစ်အပျက်ကို ပြောသည်။ ထပ်မံ၍ နိုင်ငံခြားဆက်သွယ်၍ အလုပ်လုပ်ကိုင်နေသူ တစ်ဦးကလည်း "အကောင့်ခိုးဖို့ဆို တော်တော်ခက်တယ်။ အခုနောက်ပိုင်း ဟက်ကာ သင်တန်းတွေ ထိန်းချုပ်နိုင်တဲ့ ဆောဖ့်ဝဲတွေ ရောက်လာတော့ ဂျီမေးလ်တွေ၊ အင်တာနက်တွေက စိတ်ချရမှု မရှိတော့ဘူး။ ဟိုတစ်လောက သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ဆီ A4 လေးခုစာလောက် ရှိတဲ့ မေးလ်တစ်ခု ပို့လိုက်တယ်။ အဲဒီမှာ အကောင့်နာမည် Password တွေ ရေးထားတာ အများကြီးပဲ။ ကျွန်တော်တောင် မယုံလို့ အဲဒီအကောင့် နာမည်တစ်ခုနဲ့ Password ကို ဖွင့်ကြည့်လိုက်တော့ တကယ်ပွင့်သွားတယ်။ အဲဒါကြောင့် တစ်ဆင့်ခံ ငွေပေးပြီး ဖွင့်ခိုင်းတာမပြောနဲ့ ကိုယ်တိုင် ဖွင့်ထားတဲ့ အကောင့်တောင် ခိုးဖို့လွယ်သွားပြီ” ဟု ၎င်းက ရှင်းပြသည်။

မေမြန်မာ

Views: 938 | Added by: yetwayhtet | Rating: 4.0/1 |
Total comments: 3
3 thuya  
0
ဒါဆိုရင်တော.အပေါ်ကမှတ်ချက်ပေးထားတဲ.သူကဒါမျိုးတွေလုပ်စားတောဖြစ်မယ်။အနာပေါ်တုတ်ကျသွား လို.နာနေတာဖြစ်မယ်။

2 myatnoe  
0
ဒီလောက်သီနေကြရင် နင်တို့ ဘာတွေလဲ ငါမေးမယ် နင်တို့ ဆိုက်က လူတွေက ဘယ်လောက်တက်လို့ လဲ အကုန်လုံးဒီလိုတွေကြီးပဲ ဖြစ်မြောက်အောင်တက်လားလို့  ကြည့်တော့လဲ ဘာမှ မတက်ကြဘူး သူများက ဒီလိုလေး နင်တို့ က ဒီလိုပဲ ဆိုပြီး Blog တွေ တင်ကြရော နင်တို့ က အဲ့လိုပဲလား အဲ့ လောက်တောင် နင်တို့ ဆိုက်က လူတွေက အီးရောင်ဝါးတွေကြီးပဲ တက်လဲမတက်ပဲနဲ့  ဟိုလူပြောဒီလူပြောတွေကို လျှောက်တင်နေကြတာ ငါအခုမှ ၀င်ကြည့်မိတာ နင်တို့ ဆိုက်က တော်တော် စိတ်ပျက်ဖို့ ကောင်းတာ

1 myatnoe  
0
ဆောက်ပိုတွေပါကွာ နင်တို့ က သိနေတာ ဆရာကြီးတွေလား မတက်တခေါက်နဲ့  အားယားပြီးလျှောက်လေသံလာကျယ်မနေကြနဲ့  လိုက်ပြီးတော့ လေသံကြားတရာ နာချင်ကြတဲ့ စာတွေ

Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  October 2011  »
SuMoTuWeThFrSa
      1
2345678
9101112131415
16171819202122
23242526272829
3031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz