Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » September » 27 » ကွန်ပျူတာသိပ္ပံ ကျောင်းသားများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးပွားလာ
ကွန်ပျူတာသိပ္ပံ ကျောင်းသားများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးပွားလာ
5:27 AM
ကမာတစ်လွှားရှိ စီးပွားရေး ကော်ပိုရေးရှင်းများသည် ကွန်ပျူတာသိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရသော ကျောင်းသားများအား ဦးစားပေးကာ အလုပ်ခေါ်ယူလျက် ရှိသောကြောင့် ယခင်ကထက် ပို၍ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာပြီ ဖြစ်ကြောင်း  သိရသည်။
Photo


ဗြိတိန်တက္ကသိုလ် ပညာရေးကိန်းဂဏန်း ထုတ်ပြန်ရေး အေဂျင်စီ HESA က ထုတ်ပြန်ခဲ့သော စာတမ်းတစ်ရပ်တွင် ကွန်ပျူတာသိပ္ပံ ဘာသာရပ်ကို အလုပ်ရရန် ခက်ခဲသော အထူးပြု ဘာသာရပ်တစ်ခုအဖြစ် ဖော်ပြခဲ့ခြင်းအား ဗြိတိန် ထိပ်တန်း တက္ကသိုလ်ဖြစ်သည့် Cambridge တက္ကသိုလ်၏ ကွန်ပျူတာ လက်တွေ့ခန်း အကြီးအကဲ ပါမောက္ခ AndyHopper က အထက်ပါအတိုင်း တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဗြိတိန်အစိုးရ၏ ကိန်းဂဏန်းများမှာ အထင်အမြင် လွှဲမှားစေသော ကိန်းဂဏန်းများသာ ဖြစ်ကြောင်း၊ ကျောင်းသားများ အနေဖြင့် ကွန်ပျူတာသိပ္ပံ ဘာသာရပ်ကို ရဲရဲဝံ့ဝံ့ ရွေးချယ်ကြစေလိုကြောင်း ပါမောက္ခ Andy Hopper က ဖွင့်ဟခဲ့သည်။ HESA ၏ အစီရင်ခံစာသည် အနာဂတ် လူသားမျိုးဆက်တို့၏ အဓိကနည်းပညာ ဖြစ်လာမည် ဖြစ်သော ကွန်ပျူတာသိပ္ပံ ဘာသာရပ်အား ချိုးချိုးဖဲ့ဖဲ့ အကဲဖြတ်ထားရာ ရောက်ကြောင်း ကွန်ပျူတာသိပ္ပံ အထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရသော ကျောင်းသားများကိုသာမက ပြင်ပသင်တန်းများကို တက်၍ အလုပ်လျှောက်သူများ၏ အချက်အလက်များကိုပါ ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း Andy Hopper က ထောက်ပြခဲ့ခြင်း ဖြစ်သည်။

"ကွန်ပျူတာသိပ္ပံနဲ့ ဘွဲ့ရထားတဲ့ ကျောင်းသားတွေအတွက် အလုပ်လျှောက်တဲ့အခါ အားသာချက်တွေ အများကြီး ရှိပါတယ်။ ပြောရရင် အရင်ကထက်ပိုပြီး အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာတယ်လို့တောင် ဆိုနိုင်ပါတယ်။ Facebook, Google အစရှိတဲ့ ကုမ္ပဏီကြီးတွေကလည်း လုပ်ငန်းချဲ့ရင်း အလုပ်ထပ်ခေါ်ကြသလို ထွန်းသစ်စ အိုင်တီကုမ္ပဏီလေးတွေကလည်း လူစုနေကြတယ်ဗျ” ဟု Andy Hopper က ဆိုသည်။ Cambridge တက္ကသိုလ် ကွန်ပျူတာ လက်တွေ့ခန်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး လက်တွေ့ခန်းများ အနက်မှ တစ်ခုဖြစ်ပြီး Cambridge တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ ဘွဲ့ရများသည်လည်း အလုပ်အကိုင် ရရှိမှုနှုန်း တစ်ရာ ရာခိုင်နှုန်းအပြည့် ရှိကြောင်း သိရသည်။

Views: 790 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  September 2011  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
252627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz