Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » September » 27 » ပြည်ပကုမ္ပဏီများ ပါဝင်မည့် အိုင်စီတီပြပွဲ ကျင်းပမည်
ပြည်ပကုမ္ပဏီများ ပါဝင်မည့် အိုင်စီတီပြပွဲ ကျင်းပမည်
5:17 AM
နိုင်ငံတကာမှ နည်းပညာ ကုမ္ပဏီများ ပါဝင်ပြသမည့် Myanmar International ICT Exhibition ကို လာမည့် အောက်တိုဘာလအတွင်း ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း  သိရသည်။
Photo  Myanmar International ICT Exhibition 2011 ကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ပြည်တွင်း၏ အိုင်တီနှင့် မိုဘိုင်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဓိက ရည်ရွယ်ကာ ပြုလုပ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရှိ နည်းပညာ ကုမ္ပဏီများက သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများ အားလုံးကို ရောင်းချပေးသွားမည် ဖြစ်သည်ဟု သိရသည်။ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း လေးဆယ်ခန့်မှ ပြခန်းပေါင်း ၁၀၀ ကျော်ဖြင့် ပါဝင်ပြသမည် ဖြစ်သည်။ ထို့အပြင် ပြပွဲကျင်းပနေစဉ် ကာလအတွင်း နည်းပညာနှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ ထုတ်ကုန်ပြပွဲများကိုပါ ထည့်သွင်း ကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။ ပြပွဲကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် အောက်တိုဘာလ ၂၀ မှ ၂၃ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ကျင်းပမည် ဖြစ်သည်။
Views: 654 | Added by: yetwayhtet | Rating: 5.0/1 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  September 2011  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
252627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz