Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » September » 27 » ဖုန်းအခွန် မဆောင်၍ လိုင်းပြတ်တောက်ခြင်း မရှိရန် ညှိနှိုင်း ဆောင်ရွက်နေ
ဖုန်းအခွန် မဆောင်၍ လိုင်းပြတ်တောက်ခြင်း မရှိရန် ညှိနှိုင်း ဆောင်ရွက်နေ
5:08 AM
Photoမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ Post Paid စနစ်ဖြင့် အသုံးပြုခွင့် ပေးထားသော ဖုန်းများကို အကြောင်းတစ်ခုခုကြောင့်  ဖုန်းအခွန်ငွေ မဆောင်ဖြစ်၍ ယာယီဖုန်းလိုင်း ပြတ်တောက်မှုများ မဖြစ်ပေါ် စေရန်အတွက် ကြိုတင်ငွေ ပေးသွင်း ကတ်စနစ်ဖြင့် ဖုန်း အသုံးပြုနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Post Paid စနစ်သုံး ဖုန်းများမှာ အသုံးပြုသည့် ပြောဆိုခ ကျသင့်ငွေကို ဆက်သွယ်ရေး လုပ်ငန်း၏ တောင်းခံလွှာ ရောက်ရှိမှ သက်ဆိုင်ရာ ဌာနများတွင် သွားရောက် ပေးသွင်းရခြင်း ဖြစ်ရာ ပေးသွင်းရာတွင် အချိန် စောင့်ဆိုင်းရမှုများ ဖြစ်ပေါ်လျက် ရှိသောကြောင့် ယခုကဲ့သို့ Prepaid စနစ်ဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ "ဘေလ်စနစ်နဲ့ အသုံးပြုနေတဲ့ ဖုန်းတွေကို အခွန်ငွေ မဆောင်ဖြစ်လို့ လိုင်းပြတ်တောက်မှု မရှိအောင် ကြိုတင် ငွေပေးကတ်စနစ်နဲ့ အသုံးပြုနိုင်အောင် ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ညှိနှိုင်းမှုတွေ ပြီးရင်တော့ Prepaid စနစ်ကို အလိုလို အသုံးပြုနိုင်အောင် ပြောင်းပေးသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပြည်တွင်း၌ လက်ရှိ  Post-paid စနစ်ဖြင့် အသုံးပြုလျက်ရှိသော ကျပ် (၁၅) သိန်းတန် ဂျီအက်စ်အမ် ဖုန်းများအနေဖြင့် လစဉ်ကြေး တစ်လလျှင် ကျပ်တစ်ထောင်နှင့် ပြည်တွင်း ခေါ်ဆိုခ တစ်မိနစ် (၅၀) ကျပ်၊ ပြည်ပခေါ်ဆိုခ တစ်မိနစ်လျှင် (၁.၄) မှ (၁.၅) ဒေါ်လာအထိ ပေးသွင်းရပြီး SMS စနစ်အသုံးပြုခမှာ တစ်စောင်လျှင် (၂၅) ကျပ် ကျသင့်မည် ဖြစ်သည်။ Postpaid စနစ်သုံး ဖုန်းများ အနေဖြင့်လည်း ၀၉၂၀၊ ၀၉၂၄၊ ၀၉၅၀၊ ၀၉၅၄၊ ၀၉၄၁ နှင့် ၀၉၄၃ အစရှိသော ဖုန်းများမှာ ဘေလ်စနစ်ဖြင့် အသုံးပြုလျက် ရှိကြောင်း သိရသည်။
Views: 611 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  September 2011  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
252627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz