လပိုင်းအတွင်း အွန်လိုင်းမှ တယ်လီဖုန်းဘီလ် ပေးဆောင်သူ ၄၀၀၀ ခန့်ရှိလာ - 27 September 2011 - Personal site
Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 169
Main » 2011 » September » 27 » လပိုင်းအတွင်း အွန်လိုင်းမှ တယ်လီဖုန်းဘီလ် ပေးဆောင်သူ ၄၀၀၀ ခန့်ရှိလာ
လပိုင်းအတွင်း အွန်လိုင်းမှ တယ်လီဖုန်းဘီလ် ပေးဆောင်သူ ၄၀၀၀ ခန့်ရှိလာ
4:50 AM
မြန်မာ့စီးပွားရေးဘဏ်နှင့် AGD ဘဏ်တို့မှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အွန်လိုင်း တယ်လီဖုန်းဘီလ် ပေးဆောင်ခြင်းသည် လပိုင်းအတွင်း အသုံးပြုသူဦးရေ ၄၀၀၀ ခန့်ရှိလာခဲ့ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး၏ ခွင့်ပြုချက်ဖြင့် အမျိုးသားအဆင့် ရတနာပုံဝက်ဘ်ပေါ်တယ်ပေါ်၌ အွန်လိုင်းမှတစ်ဆင့် တယ်လီဖုန်းဘီလ်များကို ပေးဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူဦးရေမှာ လပိုင်းအတွင်း ၄၀၀၀ ခန့် ရှိလာခဲ့သည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ကွန်ပျူတာအသင်းချုပ်နှင့် အသင်းများ၏ နှစ်ပတ်လည်အခမ်းအနား၌ ပြောကြားခဲ့သည်။ အွန်လိုင်း တယ်လီဖုန်းဘီလ်အတွက် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် မြန်မာစီးပွားရေးဘဏ်တွင် အသုံးပြုသူဦးရေမှာ ရာဂဏန်း ခန့်ရှိပြီး ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သော AGD ဘဏ်၌ အသုံးပြုသူဦးရေ ထောင်ဂဏန်းခန့် ရှိကြောင်း ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Views: 296 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  September 2011  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
252627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2016Make a free website with uCoz