Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2011 » September » 27 » အင်တာနက်မြန်နှုန်း မြှင့်တင်ရန် ထိုင်းကုမ္ပဏီနှင့် ပူးပေါင်းမည်
အင်တာနက်မြန်နှုန်း မြှင့်တင်ရန် ထိုင်းကုမ္ပဏီနှင့် ပူးပေါင်းမည်
4:47 AM
ပြည်တွင်းရှိ အင်တာနက် အသုံးပြုသူများ ကြုံတွေ့နေရသည့် အင်တာနက် အမြန်နှုန်း နှေးကွေးခြင်း ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ထိုင်းနိုင်ငံမှ နည်းပညာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုင်းနိုင်ငံမှ နည်းပညာကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ကြုံတွေ့နေသည့် အင်တာနက် အမြန်နှုန်း နှေးကွေးခြင်း ပြဿနာကို စစ်ဆေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ပုံမှန်အတိုင်း ဆက်လက်နှေးကွေးနေသည့် ပြည်တွင်းအင်တာနက် အမြန်နှုန်းကို ပြန်လည် မြှင့်တင်နိုင်ရန် ဆောင်ရွက်ရာတွင် ထိုင်းကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အင်တာနက် အမြန်နှုန်း နှေးကွေးနေခြင်းက အင်တာနက်ကွန်ရက်ကို မှီခိုလုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်များအတွက် များစွာ ထိခိုက်နစ်နာစေခဲ့ကြောင်း ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Views: 608 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  September 2011  »
SuMoTuWeThFrSa
    123
45678910
11121314151617
18192021222324
252627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz