Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » June » 24 » ၂၀၀၉ ခရစ္စမတ်တွင် ကမ္ဘာ့ပထမဆုံး လက်ပတ်မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်မည်
၂၀၀၉ ခရစ္စမတ်တွင် ကမ္ဘာ့ပထမဆုံး လက်ပတ်မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်မည်
2:27 PM


ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ပထမဆုံး လက်ပတ်မိုဘိုင်းလ်ဖုန်းကို စတင်အသုံးပြုနိုင်တော့မည်ဟု သိရှိရသည်။ ယခင်သိပ္ပံကာတွန်းများအတွင်း လက်ပတ်နာရီကို ဆက်သွယ်ရေး ကိရိယာအဖြစ် အသုံးပြုကြသည့် စိတ်ကူးကို အခြေခံကာ LGမှ ဖန်တီးထုတ်လုပ်သည့် ယခုမိုဘိုင်းလ်ဖုန်းသစ်အား (၂၀၀၉)ခုနှစ် ခရစ္စမတ်ကာလတွင် စတင်ပြီး ဈေးကွက်အတွင်း ရောင်းချသွားတော့မည်ဖြစ်သည်။ LG-GD910ဟု အမည်ပေးထားသည့် အဆိုပါ လက်ပတ်မိုဘိုင်းလ်ဖုန်သည် ကင်မရာနှင့် အခြားသော အသုံးဝင်သည့် Toolများ ပါဝင်မည်ဖြစ်ပြီး Emailပေးပို့ခြင်း၊ လက်ခံခြင်းစသည်တို့ကိုပါ ပြုလုပ်နိုင်မည်ဖြစ်သည်။ Touchscreenနည်းပညာကို အသုံးပြုပြီး 3Gကွန်ယက်စနစ်နှင့် ချိတ်ဆက်နိုင်မည့် အဆိုပါဖုန်းသည် ပုံသဏ္ဍန်အရလည်း ဆွဲဆောင်မှုရှိကြောင်း LGက ကြေညာခဲ့သည်။လက်ရှိခေတ်တွင် အီလက်ထရောနစ် ပစ္စည်းများသည် တဖြည်းဖြည်း သေးငယ်လာနေပြီး ဖုန်းများကိုလည်း လက်ထဲတွင် ကိုင်ထားရသည့် သမားရိုးကျ အခြေအနေအား တော်လှန်ပစ်ရန် လိုအပ်နေပြီဟု LGက ကြုံးဝါးခဲ့သည်။ ယခုကဲ့သို့ လက်ပတ်အီလက်ထရောနစ်စနစ်ကို Microsoftတည်ထောင်သူ ဘီလ်ဂိတ်စ်က (၂၀၀၃)ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့သေးပြီး ထိုစဉ်က မိုဘိုင်းလ်ဖုန်းအနေနှင့် မဟုတ်ဘဲ အသေးစား ရေဒီယိုလေးတစ်ခုအဖြစ် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုစိတ်ကူးကို LGက ခြေရာခံခဲ့ပြီး လူအများနှင့် ပိုမိုကိုက်ညီစေရန် မိုဘိုင်းလ်ဖုန်းအဖြစ် အသက်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုဖုန်းများကို (၂၀၀၉)ခုနှစ် ကုန်ဆုံးကာနီးမှ စတင်ပြီး ဗြိတိန်ဈေးကွက်တွင် ရောင်းချသွားမည်ဟု သိရှိရသည်။
Views: 949 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  June 2009  »
SuMoTuWeThFrSa
 123456
78910111213
14151617181920
21222324252627
282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz