Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » June » 11 » မိုဘိုင်းဖုန်းဆိုင်ရာ မြန်မာဝက်ဘ်ဆိုက်လွှင့်တင်
မိုဘိုင်းဖုန်းဆိုင်ရာ မြန်မာဝက်ဘ်ဆိုက်လွှင့်တင်
6:33 AM

မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် ဖုန်းနှင့်ပတ်သက်သောအကြောင်းအရာများ၊ အသစ်ထွက်ဖုန်းများ၊ ပြည်တွင်းသို့အသစ်ဝင်ရောက်လာသော မော်ဒယ်အသစ်ဖုန်းများနှင့် ဂိမ်းများ ဆော့ဖ်ဝဲများအားသိရှိနိုင်ပြီး အဆင်ပြေလွယ်ကူ စွာအသုံးပြုနိုင်ရန်အတွက်ရည်ရွယ်၍ လူကြီးမင်းမိုဘိုင်းဖုန်းအရောင်းဆိုင်မှ ဖုန်း website တစ်ခုအားပြုလုပ်ပေးထားကြောင်း သိရသည်။

ယင်း website တွင် အသုံးပြုသူများအနေဖြင့် မိမိတို့သိရှိလိုသော အကြောင်းအရာများနှင့် ဓါတ်ပုံများအား အလွယ်တကူရှာဖွေကြည့်ရှုနိုင်ရန်အတွက် website အား အလွယ်ကူဆုံးနှင့် ရှင်းရှင်းလင်းလင်း ပြုလုပ်ပေးထားကြောင်းသိရသည်။ website အတွင်းတွင် မိုဘိုင်းနှင့်ပတ်သက်သော ဖြစ်ပျက်တတ်သည့်ပြဿနာများအတွက် မိုဘိုင်းအမေးအဖြေကဏ္ဍ၊ မိုဘိုင်း service ၊ မိုဘိုင်း Technical အသစ်ထွက်ဖုန်းများ၊ ပြည်တွင်းရောက်ရှိဖုန်းများ၊ မိုဘိုင်း review ၊ လူကြိုက်များသော အကောင်းဆုံးဖုန်းများ၊ ဂိမ်းများနှင့် Application ဆော့ဖ်ဝဲများအား စုံစုံလင်လင်ပြုလုပ်ပေးထားကြောင်း သိရသည်။

ထို့အပြင်ယင်း website အတွင်း၌ မိုဘိုင်းဂိမ်းများနှင့် ဆော့ဖ်ဝဲများအား free download ပြုလုပ်နိုင်ရန်အတွက် စီစဉ်ပေးထားပြီး မိမိတို့ကိုယ်တိုင် download ပြုလုပ်၍ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Website  လိပ်စာမှာ www.lugyimin.com ဖြစ်ပြီး နောက်ပိုင်းတွင်လည်း website လေ့လာသူများအတွက် အဆင်ပြေစေရန် အသစ်ထွက်ဖုန်းများနှင့် ဆော့ဖ်ဝဲများ၊ ဂိမ်းများ၊ မိုဘိုင်းနည်းပညာများအား ထပ်မံတိုး၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(Planet.comမှ ကူးယူဖော်ပြသည်။)
Views: 1488 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 1
1 kyawthura  
0
kyawthura08@gmail.com

Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  June 2009  »
SuMoTuWeThFrSa
 123456
78910111213
14151617181920
21222324252627
282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz