Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » June » 3 » Fujitsu က ကုမ္ပဏီက USB မှတ်ဥာဏ်ကိရိယာအား ပိုမိုတိုးတက်ကောင်းမွန်အောင် မွမ်းမံ
Fujitsu က ကုမ္ပဏီက USB မှတ်ဥာဏ်ကိရိယာအား ပိုမိုတိုးတက်ကောင်းမွန်အောင် မွမ်းမံ
8:57 AM

Fujitsu ကုမ္ပဏီကနေ၍ USB မှ မှတ်ဥာဏ်ကိရိယာနှင့်ပတ်သက်၍ နည်းပညာ အသစ်နှစ်ရပ်အား ဖန်တီးကာ ပိုမိုကောင်း မွန်အောင် မွမ်းမံခဲ့သည်ဟုဆိုသည်။ မွမ်းမံ ထားသော USB မှတ်ဥာဏ်ကိရိယာတွင် အချက်အလက်များဖော်ပြရန် လိုလားခြင်း မရှိပါက အကာအကွယ်ပြုပေးမည်ဖြစ်သကဲ့ သို့ မှတ်တမ်းအချက်အလက်များ ခွဲဝေအသုံး ပြုသည့် ကွန်ရက်မှတစ်ဆင့် အချက်အလက် များ ထည့်သွင်းခြင်းကိုလည်း အကာအကွယ် ပြုပေးမည်ဖြစ်သည်။ ထို့ပြင်  USB မှတ်ဥာဏ်ကိရိယာက မလိုလားအပ်သောအချိန်တွင် အချက်အလက်များအား အလိုအလျောက် ဖျက်ပေးမည်ဖြစ်သည်။ ထို့ပြင်  USB မှတ်ဥာဏ်ကိရိယာသည် အချက်အလက်များ အား သတ်မှတ်ထားသော ဆာဗာတွင်သာ သိုလှောင်ထားနိုင်မည်ဖြစ်လေရာ လျှို့ဝှက် သတင်းအချက်အလက်များအား ကာကွယ် တားဆီးပေးနိုင်မည်လည်းဖြစ်သည်။ ကိုယ် ရေးကိုယ်တာသတင်းများနှင့် လျှို့ဝှက်သတင်း အချက်အလက် ပေါက်ကြားမှုများကြီးထွား နေရာ ကုမ္ပဏီအနေဖြင့် ထိုပြဿနာအား ကိုယ်တွယ်ဖြေရှင်းရန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။  USB မှတ်ဥာဏ်ကိရိယာများသည် သယ် ဆောင်ရ ပေါ့ပါးလွယ်ကူလေရာ ရုံးမှအိမ်သို့ သတင်းအချက်အလက်များကို သယ်ယူသွား နိုင်မည်ဖြစ်သော်လည်း ထိုသို့အကူးအပြောင်း တွင် ပျောက်ရှခြင်း သို့မဟုတ် သူခိုးခိုးခံရခြင်း ဖြစ်ပေါ်လာနိုင်လေသည်။ ထို့ပြင် သတင်း အချက်အလက်များမှာ ခွဲဝေသုံးစွဲသောကွန် ရက်မှတစ်ဆင့် ယိုထွက်နိုင်လေရာ ကုမ္ပဏီ အနေဖြင့် ထိုပြဿနာများ အဆောတလျင် ဖြေရှင်းသွားရန် လိုအပ်သည်ဟုဆိုသည်။
Views: 752 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  June 2009  »
SuMoTuWeThFrSa
 123456
78910111213
14151617181920
21222324252627
282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz