Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » May » 5 » GTalk Boomber နဲ့ grouping message တွေ ပို့ရအောင်
GTalk Boomber နဲ့ grouping message တွေ ပို့ရအောင်
12:52 PM

အိုင်တီလောက စိတ်ဝင်စားစရာအဖြစ် ဘာရေးရမလဲ စဉ်းစားရခက်လို့ ကိုယ်ဟာကိုယ်ပဲ ဆော့ဖ်ဝဲလေးတစ်ခု ရေးပြီး သတင်းလုပ်လိုက်တော့တယ်။ နာမည်လေးကတော့ GTalk Boomber ပေါ့။ အဓိကက ကိုယ်မိတ်ဆွေ GTalk Friend တွေအားလုံးကို Message ပို့ချင်တဲ့အခါ အဆင်ပြေအောင်လို့ပါ။ သူငယ်ချင်း နည်းတဲ့သူ အတွက် သိပ်မလိုအပ်ပေမယ့် သူငယ်ချင်းတွေ ရာထောင်ချီနေရင်တော့ အတော် ဒုက္ခရောက်ပါတယ်။ အိုင်တီမောင်မောင်ဆို ဖိတ်ထားတဲ မိတ်ဆွေပေါင်း ၁၀၀၀ နီးပါးရှိတာဆိုတော့….။

ကဲ အဲဒီမိတ်ဆွေတွေ အများကြီးကို Gtalk နဲ့ message ပို့ချင်ရင် တော်တော် ဒုက္ခရောက်တယ်။ ကိုယ့်ရဲ့ Gtalk မှာ Caption Message ရေးထားတော့လည်း ကိုယ်လည်း Online, သူလည်း Online ဖြစ်မှ ဖတ်လို့ရမှာ။ နောက် Gmail နဲ့ Group ဖွဲ့ပို့မယ်ဆိုတော့လည်း မေးလ်ဆိုတာ သိတဲ့အတိုင်း Click တစ်ချက်နှိပ်ပြီး ဖွင့်ဖတ်မှ ဖတ်ဖြစ်တာလေ။ Gtalk message ကတော့ သူ online ဖြစ်မနေလည်း offline message အဖြစ် ပို့ထားနိုင်တော့ အချိန်မရွေး သူ Online ဖြစ်လာတဲ့အခါမှာ “တုံ” ဆိုပြီး မဖြစ်မနေ ဖတ်မိစေတာပေါ့။

သတင်းတွေ အလျင်အမြန် ဖြန့်ဖို့ တောင်းဆိုနေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ GTalk မိတ်ဆွေတွေအားလုံးကို အချိန်နဲ့ တပြေးညီ သတင်းတွေ ဖြန်ဖို့ GTalk Boomber ဆိုတဲ့ ဆော့ဖ်ဝဲလေးကို ရေးဖို့ စိတ်ကူးရခဲ့တာပါ။ တကယ်ရေးမယ်စဉ်းစားတော့ Google ကြီးရဲ့ Gtalk ကို ဘယ်လို ဆက်သွယ်ပြီး ရေးရမှန်းမသိဘူး။ တစ်ရက် Alpha က ကိုရဲမြတ်သူ၊ MIT က ကိုဇော်မိုးတို့နဲ့ မန္တလေးကျုံးရှေ့ Café City မှာ ထိုင်လို့ စကားပြောဖြစ်တော့ ကိုရဲမြတ်သူကြီးက အဲဒါ ဟိုလိုလုပ်လေ၊ ဒီလိုလုပ်လေနဲ့ စဖွတယ်။ သူက အဲလိုပဲ အမြဲတမ်း စစ ဖွလေ့ရှိတယ်။ ကိုဇော်မိုးကြီးကတော့ Google က Jabber ကို သုံးတာ Jabber IM ရေးတာတွေ လေ့လာကြည့်ဖို့ အကြံဥာဏ်ပေးတယ်။

အိုင်တီမောင်မောင်ကလည်း ပရိုဂရမ်မင်းမှာ တစ်ဘက်ကမ်းခတ်တော့ Jabber ဆိုတာ ဘာမှန်းကိုမသိတာ။ ကိုဇော်မိုး ပြောမှ ကြားဖူးတာပဲ။ ဒါပေမယ့် သိတဲ့အတိုင်း Google ကြီးရှိတော့ သူကိုပဲ မေးဖြစ် လေ့လာဖြစ်တော့တာပေါ့။ အဲဒါရဲ့ အကျိုးဆက်က အခု Gtalk Boomber ကို ဖွဖြစ်တော့တာပေါ့။ ကျွန်တော် ဘယ်လိုစဉ်းစားတယ် ရေးဖြစ်တယ်၊ ဆိုတာလေးလည်း အသေးစိတ် source code နဲ့တကွ ရေးဖို့တော့ စီစဉ်နေတယ်။ ဘာမှတော့ သိပ်မစမ်းပါဘူး။ သုံးထားတာက Microsoft visual studio 2005 IDE, .NET frame work က 2.0, နည်းပညာက TCPClient ကို သုံးပြီး Google ကို သူ သတ်မှတ်ပေးထားတဲ့ HostName နဲ့ Port ကနေ XMPP Jabber code xml တွေ လှမ်းပို့ Google ကလည်း ပြန်ပို့နဲ့ Gtalk server ကို လှမ်းသုံးခွင့်ပြုလိုတဲ့ သဘောပါပဲ။

ဒါပေမယ့် ကျွန်တော့်ဆော့ဖ်ဝဲက ပြည့်ပြည့်စုံစုံတော့ မပြီးသေးဘူး။ ဒီဇိုင်းလှလှလေး လုပ်ချင်သေးတယ်။ အဲဒါကြောင့် ဒီဇိုင်းပညာရှင် ညီလေး ညီလင်းဆက်ကို (http://nyilynnseck.blogspot.com/ ) လည်း အကူအညီ တောင်းထားတယ်။ နောက်ပြီး ကိုယ့်ကို နည်းပညာအရရော ခင်မင်မှုအရပါ ဘက်စုံ အကူအညီ ပေးကြတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ AAT Business centre (ကျွန်တော် programming သင်တန်းတွေနဲ့ software house လုပ်ခဲ့တဲ့ကုမ္ပဏီပါ)၊ ALPHA, iNET, MIT ကုမ္ပဏီ ကြော်ငြာတွေလည်း RSS Feeder နဲ့ ထည့်ဖို့ စဉ်စားထားတာ အခုထိတော့ မလုပ်ရသေးဘူး။ စကားတော့ ကျွံပြီးသွားပြီ။ ဒါပေမယ့်လည်း ဖြန့်ချင်နေတာမို့ Gtalk Boomber Beta Version အဖြစ် ဖြန်လိုက်ရတာ။ မွေးနေ့ အထိမ်းအမှတ်ပေါ့ ဒီ ဇူလိုင် ၂ ရက်နေ့ဆို ကျွန်တော် အသက် ၃၄ နှစ်ပြည့်သွားပြီလေ။

Gtalk Boomber beta version ကို www.itmgmg.com/zmdata/gtalkboomber.exe ကနေ ဆွဲချပြီး သုံးလို့ရပါတယ်။ သူကို သုံးဖို့ .NET Frame Work 2.0 ရှိဖို့တော့ လိုတယ်။ Vista သုံးတဲ့သူတွေကတော့ စက်ထဲမှာ ရှိပြီးဖြစ်နေလိမ့်မယ် XP သမားတွေကတော့ run လို့မရရင် Internet ကနေ ဆွဲချပြီး install လုပ်ဖို့ လိုပါလိမ့်မယ်။

ဒီနေရာမှ တစ်ခု ပြောချင်တာက GTalk Boomber ဟာ Beta testing အဆင့်မှာပဲ ရှိပါသေးတယ်။ GTalk Boomber ကို version အသစ်အသစ်နဲ့ ဆက်ပြီး ကောင်းအောင်လုပ်သွားဖို့ အစီအစဉ်ရှိတာမို့ အမြဲတမ်း အဟောင်းဆွဲထားတဲ့သူတွေက အသစ်ကို ထပ်ထပ်ဆွဲဖို့တော့ လိုနေပါလိမ့်မယ်။ အခုတော့ စင်္ကာပူနဲ့ ပြည်ပနိုင်ငံတွေမှာတော့ သုံးလို့ရပြီး မြန်မာပြည်ထဲမှာ စမ်းတော့ Proxy Address ထည့်ရတဲ့ internet user တွေ သုံးလို့မရဘူးဖြစ်နေတယ်။ Proxy Address ထည့်စရာမလိုတော့တဲ့ Bagan Server User တွေကတော့ အလွယ်တကူ သုံးလို့ရမယ်။ ဒါပေမယ့် အမြန်ဆုံး ပြင်ဆင်ရေးသွားဖို့ စီစဉ်နေတယ်။ သိတဲ့ တတ်တဲ့သူတွေလည်း လှမ်းပြီး အကြံဥာဏ်ပေးနိုင်ပါတယ်။ အိုင်တီမောင်မောင်က လုပ်ချင်တာပဲသိတာ၊ ကောင်းကောင်း ကန်းကန်း သိပ်တတ်တာတော့ မဟုတ်ဘူး။

သုံးတာကတော့ လွယ်ပါတယ်။ ကိုယ်ရဲ့ Gmail user name, Gmail password နဲ့ SignIn လုပ်။ ပြီးရင် ပေါ်လာတဲ့ သူငယ်ချင်းအမည်တွေထဲက ပို့ချင်တဲ့သူတွေကို Select လိုက်လုပ်။ တကယ်လို့ အားလုံးကို ပို့ချင်တာဆိုရင် Select All ဆိုတာလေးကို ရွေး။ ပြီးရင် Next နှိတ်။ နောက်တစ်မျက်နှာမှာ ကိုယ် ရေးချင်တာတွေ ထည့်ရေး ပြီးရင် Send ဆိုတာ နှိတ်လိုက်ရုံပါပဲ။ လွယ်မှ သိပ်လွယ်။ ကဲ ဒီလောက်ဆို Gtalk Boomber လေးနဲ့ group message ပို့လို့ စမ်းလို့ ရမယ်ထင်ပါတယ်။ သုံးပြီးရင် အိုင်တီမောင်မောင်ကိုလည်း အကြံဥာဏ်လေးတွေ လှမ်းပေးကြပါဦးလို့ ပြောရင်း….။


(အစ်ကို အိုင်တီမောင်မောင်ရေ အများသူငါ နည်းပညာရအောင် မြန်မာကွန်ပျူတာက ပြန်ဖြန့်ဝေပေးလိုက်တာပါ ကျေးဇူးတင်ပါတယ်နော်)

Views: 999 | Added by: yetwayhtet | Rating: 4.5/2 |
Total comments: 1
1 bayluwa88  
0
ရဘူး ဘယ်လိုဖြစ်တာလဲမသိဘူး ဗျ..။ ထောင်းလို့ကိုးမရဖြစ်နေတယ် လုပ်ပါဦး..

Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  May 2009  »
SuMoTuWeThFrSa
     12
3456789
10111213141516
17181920212223
24252627282930
31
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz