Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » April » 23 » Google, Yahooတို့နှင့်အပြိုင် Wolfram Alpha အင်တာနက်ရှာဖွေရေးဝက်ဘ်ဆိုက်
Google, Yahooတို့နှင့်အပြိုင် Wolfram Alpha အင်တာနက်ရှာဖွေရေးဝက်ဘ်ဆိုက်
8:53 AM
Googleနှင့် Yahooတို့ကို ယှဉ်ပြိုင်သွားမည့် Search Engineတစ်ခုကို ဗြိတိန်မှ ပညာရှင်များက အကောင်အထည် ဖော်နေကြပြီဖြစ်ရာ ၂၀၀၉ ခုနှစ် မေလအတွင်း စတင်အသုံးပြုသွားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။ Wolfram Alphaဟု အမည်ပေးထားသော အဆိုပါ Search Engineအား Wolfram Researchအမည်ရှိ Softwareကုမ္ပဏီတစ်ခုက ဖန်တီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီအား စတင်တည်ထောင်သူ ပါမောက္ခစတီဖင် ၀ူလ်ဖရမ်က ယခုSearch Engineသည် ITလောကအတွက် Googleနည်းတူ အရေးပါလာမည်ဟု ယုံကြည်လျက်ရှိပြီး ၎င်း၏ Search Engineကို ကွန်ပျူတာဆိုင်ရာ ဗဟုသုတ ဖော်ထုတ်ရေး စက်တစ်ခု “Computational Knowledge Engine”အဖြစ် တင်စားညွှန်းဆိုခဲ့သည်။ ယခုSearch Engineကို အသုံးပြုသူများသည် မေးခွန်းများမေးမြန်းပါက Search Engineက အလိုအလျောက် ဖြေကြားသွားရန် မိမိတို့ ကြိုးပမ်းနေကြောင်း ၀ူလ်ဖရမ်ကဆိုသည်။

wolfram alpha

Googleနှင့် Yahooတို့ကဲ့သို့ Search Engineများသည် Webစာမျက်နှာ သန်းပေါင်းများစွာကို ချိတ်ဆက်ပြီး Keywordများကို မှတ်သားကာ ရှာဖွေမှုများ ဆောင်ရွက်ပေးနေသော်လည်း Wolfram Alphaကမူ စာသားဖြင့် မေးမြန်းမှုများအတွက် အသင့်တော်ဆုံး အဖြေများကိုပါ ထုတ်ပေးမည်ဟု သိရသည်။ သိလိုသည့် အချက်များအလိုက် 'What is the location of Timbuktu?၊ How many protons are in the hydrogen atom?၊ Where is the International Space Station?စသဖြင့် သိလိုသည့် အချက်များကို စာသားဖြင့် ရိုက်ထည့်လိုက်ပါက Wolfram Alphaက နားလည်ကာ အသင့်တော်ဆုံး ဖြေကြားချက်များကို ချက်ချင်းထုတ်ပေးမည်ဟု ပါမောက္ခကြီးက ရှင်းပြခဲ့သည်။ ယခုတီထွင်မှုသည် စက်ဦးနှောက်တစ်ခုအဖြစ်ပင် တင်စားနိုင်သည်ဟုလည်း ၎င်းကဆိုသည်။ အဆိုပါ Search Engineမှတဆင့် နည်းပညာ၊ ဘူမိဗေဒ၊ မိုးလေ၀သ၊ အချက်အပြုတ်၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ လူမှုရေးနှင့် အနုပညာနယ်ပယ်စုံမှ မေးခွန်းများကို မေးမြန်းနိုင်မည်ဟု သိရသည်။ ယခုSearch Engineသစ်ကြောင့် ကွန်ပျူတာနယ်ပယ်တွင် ပိုမိုစိတ်လှုပ်ရှားဖွယ် အခြေအနေမျိုး ဖြစ်လာနိုင်မည်ဟု ပါမောက္ခကြီးက သုံးသပ်ပြောကြားသွားသည်။
Views: 913 | Added by: yetwayhtet | Rating: 0.0/0 |
Total comments: 1
1 zawkolatt  
0
send replay a my email
zkl

Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  April 2009  »
SuMoTuWeThFrSa
   1234
567891011
12131415161718
19202122232425
2627282930
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz