Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » March » 19 » Microsoft က ကွန်ပျူတာဗိုင်းရပ်စ် ဖန်တီးသူအား ဖမ်းဆီးရန် ရှာဖွေပေးနိုင်သူအား ဆုငွေဒေါ်လာ ၂၅၀၀၀၀ ချီးမြှင့်မည်
Microsoft က ကွန်ပျူတာဗိုင်းရပ်စ် ဖန်တီးသူအား ဖမ်းဆီးရန် ရှာဖွေပေးနိုင်သူအား ဆုငွေဒေါ်လာ ၂၅၀၀၀၀ ချီးမြှင့်မည်
2:55 PM
နည်းပညာဘီလူးကြီး Microsoft က Conticker ဗိုင်းရပ်စ်ဖန်တီးသူအား  ဖမ်းဆီးရန် သတင်းပေးသူအား ဆုငွေဒေါ်လာ ၂၅၀၀၀၀ချီးမြှင့်မည်ဟု ထုတ်ဖော်ကြေ ညာခဲ့သည်။  Gonficker ဗိုင်းရပ်စ်သည် ဥပဒေချိုးဖောက်သောတိုက်ခိုက်မှုဖြစ်ပြီး မည် သည့်နိုင်ငံသားမဆို အရည်အချင်းပြည့်မီပါက ထိုဆုကို ချီးမြှင့်ခံရမည်ဖြစ်ကြောင်း၊ အကြောင်းမှာ Gonficker  ဗိုင်းရပ်စ်သည် တစ်ကမ္ဘာလုံးအား ပြဿနာဖန်တီးစေသော ဗိုင်းရပ်စ်ဖြစ်သောကြောင့်ဖြစ်သည်။ ထိုဗိုင်းရပ်စ်ကြောင့် ကွန်ပျူတာထဲရှိ နောက်ဆုံး အချက်အလက်များနှင့် လုံခြုံရေးစစ်ဆေးမှုများကို  ရပ်တန့်စေခဲ့သည်ဟုဆိုသည်။ ထိုဗိုင်း ရပ်စ်သည် ၂၀၀၈ခုနှစ် အောက်တိုဘာလကပင် စတင်ပျံ့နှံ့နေပြီး ကွန်ပျူတာသန်းပေါင်း များစွာတွင် ဗိုင်းရပ်စ်ပိုးကူးစက်လျက်ရှိနေခြင်းဖြစ်သည်။  ၂၀၀၄ခုနှစ်ကလည်း Microsoft သည် Sasser ဗိုင်းရပ်စ်ပိုးအား ဖမ်းဆီးပေးနိုင်သူအား ဒေါ်လာ ၂၅၀၀၀၀ ဆုပေးမည် ဟု ကြေညာခဲ့ပြီး ၂၀၀၅ခုနှစ် ဇူလိုင်လတွင် ထိုဆုငွေအား ထုတ်ပေးခဲ့ဖူးသည်။  Microsoft အနေဖြင့် Conficker ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား တားဆီးကာကွယ်ရန်အတွက် AOL ကဲ့သို့သော အင်တာနက်ကုမ္ပဏီများနှင့်ပါပူးပေါင်း၍ လုံခြုံရေးကို တိုးချဲ့ဆောင်  ရွက်သွားမည်ဟု ဆိုသည်။
Views: 1014 | Added by: myanmarcomputer | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  March 2009  »
SuMoTuWeThFrSa
1234567
891011121314
15161718192021
22232425262728
293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz