Myanmar Computer Org
Site menu
Our poll
Rate my site
Total of answers: 170
Main » 2009 » March » 18 » မြန်မာနိုင်ငံမှ အွန်လိုင်းစင်တာ ဒေသအတွင်းအကောင်းဆုံးစွမ်းဆောင်မှုရရှိ
မြန်မာနိုင်ငံမှ အွန်လိုင်းစင်တာ ဒေသအတွင်းအကောင်းဆုံးစွမ်းဆောင်မှုရရှိ
11:50 AM
အိုင်စီတီနည်းပညာနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အွန်လိုင်းမှတစ်ဆင့် နိုင်ငံတကာ အသိအမှတ်ပြုကျွမ်းကျင်လက်မှတ် ရစာမေးပွဲများစစ်ဆေးပေးလျက်ရှိသော Prometric  ၏အာရှနှင့် အာဆီယံဆိုင်ရာစာမေးပွဲများ စစ်ဆေးပေးလျက်ရှိသော Prometric  ၏အာရှနှင့်အာဆီယံဆိုင်ရာဌာနမှ ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်သောဒေသတွင်းအကောင်းဆုံးစွမ်းဆောင်နိုင်မှုဆုအား မြန်မာနိုင်ငံမှရရှိခဲ့ ကြောင်းသိရသည်။ “၂၀၀၈ ခုနှစ်အတွင်း စစ်ဆေးပေးခဲ့တဲ့စာမေးပွဲအရေအတွက်တွေ၊ စာမေးပွဲခန်းစောင့်ကြပ်သူများရဲ့ စည်းကမ်းတိကျမှုနဲ့လုံခြုံရေးဆိုင် ရာကြိုးပမ်းဆောင်ရွက်မှုတွေ၊ စာမေးပွဲဖြေဆိုသူတစ်ဦးချင်းစီရဲ့ လျှို့ဝှက်အမှတ်ပေးမှုတွေ၊ တစ်နှစ်တာ ပတ်လုံးတစ်လချင်းစီအလိုက်စာမေး ပွဲစစ်ဆေးနိုင်မှုအရေအတွက် ဟန်ချက်ညီညီတိုးတက်လာမှုအပေါ်ဆုံး ဖြတ်ပြီး အမြင့်ဆုံးဆုဖြစ်တဲ့ Platinum Award  ကိုပေးအပ်ချီးမြှင့် ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဒေသအတွင်း အကောင်းဆုံးစွမ်းဆောင်မှု ဆုရရှိခဲ့သည့် Myanmar Inspiration  မှတာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ “၂၀၀၇ ခုနှစ်တုန်းက ဒုတိယဆုဖြစ်တဲ့ Emerald  ဆုကိုချီးမြှင့် ခြင်းခံခဲ့ရပါတယ်။ ယခုလိုခက်ခဲ ကြမ်းတမ်းတဲ့ ၂၀၀၈ ခုနှစ်အတွက် အမြင့်ဆုံးဆုကိုထပ်မံချီးမြှင့်ခြင်းခံ ခဲ့ရတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတုန်းက မန္တလေးအိုင်စီတီပါတ် မီးလောင်ကျွမ်းခဲ့ပြီး အထက်မြန်မာပြည်စာမေးပွဲစင်တာဆုံးရှုံးခဲ့ရပြီး မေလနာဂစ်မုန်တိုင်းမှာလည်း အင် တာနက်ပြတ်တောက်မှုဒဏ်ကို ရက်သတ္တပတ်အတော်ကြာခံစား ခဲ့ရတဲ့အတွက်နစ်နာဆုံးရှုံးမှုများ စွာရှိခဲ့ပါတယ်။ စင်တာရဲ့အရည် အသွေးကျဆင်းမှုမရှိစေရန်အစဉ် တစိုက်ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ၂၀၀၉ ခုနှစ်မှာလည်း နိုင်ငံ တကာစီးပွားရေးအကျပ်အတည်းတွေရှိလင့်နေကစား အိုင်တီပညာ ရှင်များနိုင်ငံတကာအလုပ်အကိုင် အခွင့်အလမ်းပိုမိုတိုးတက်ရရှိရေးအတွက် အထောက်အကူတစ်ခု ဖြစ်စေသည့် စာမေးပွဲစစ်ဆေးခြင်း လုပ်ငန်းကို အရှိန်အဟုန်တိုးမြှင့် လုပ်ကိုင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းမှဆက်လက်ပြောကြားခဲ့သည်။ ဆုံးရှုံးသွားခဲ့သည့် မန္တလေးအိုင် စီတီပတ်ရှိ စင်တာအတွက် ၅လအ တွင်း ဈေးချိုပလာဇာတွင် အသစ်တဖန်ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ ကြောင်းသိရသည်။ ရန်ကုန်မြို့ တွင်းမှ စာမေးပွဲဖြေဆိုသူများအတွက် သိမ်ကြီးဈေး (စီ) ရုံတွင် စင်တာသစ်တစ်ခု အမြန်ဆုံးဖွင့် လှစ်နိုင်ရန်ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။ ၂၀၀၇ ခုနှစ်တွင် စာမေးပွဲပေါင်း ၁၅၀၀ကျော်စစ်ဆေးခဲ့ပြီး ၂၀၀၈ခုနှစ်အတွက် စာမေးပွဲပေါင်း ၃၂၀၀ကျော်စစ်ဆေးပေးခဲ့ကြောင်းသိရသည်။
Views: 933 | Added by: myanmarcomputer | Rating: 0.0/0 |
Total comments: 0
Only registered users can add comments.
[ Registration | Login ]
Login form
News calendar
«  March 2009  »
SuMoTuWeThFrSa
1234567
891011121314
15161718192021
22232425262728
293031
Search
Site friends
Statistics

Total online: 1
Guests: 1
Users: 0
Copyright MyCorp © 2024Make a free website with uCoz